ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဇလွန်ပြည်တော်ပြန်ဘုရားဖူးမျှော်

အောက်တိုဘာ ၂၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် ဇလွန်မြို့သို့ရောက်ရှိကာ ဇလွန်ပြည်တော်ပြန်ဘုရားဖူးမျှော်၍ ရွှေသင်္ကန်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခဲ့ပါသည်။

ဆက်လက်၍ ပြည်တော်ပြန်ဘုရားကြီး ဂေါပကအဖွဲ့အား ဘုရားကြီးဝေယာဝစ္စအတွက် အလှူတော်ငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး ဂေါပကအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

 

#ပသဆ

Read more

လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့်ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

(27.10.2017) သောကြာနေ့

ပဲခူးတိုက်းဒေသကြီး(အနောက်ပိုင်း)  ပြည်မြို့ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ၂၆၀၆ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် တိုင်းပါတီကော်မတီဝင်များ ၊ ခရိုင် ပါတီကော်မတီဝင်များ ၊ မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် လှူဖွယ် ပစ္စည်းများနှင့် ဆရာတော်သံဃာတော်များအား လောင်းလှူပူဇော်ခဲ့ပါသည်။

DuWonKyal

Read more

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၈) မြို့နယ်ပါတီတွေ့ဆုံပွဲကျင်းပ

27.10.2017 – သောကြာနေ့

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပပြုလုပ်သော ပဲခူးခရိုင် (၈) မြို့နယ် ပါတီတွေ့ဆုံပွဲအား ယနေ့ 27-10-2017 ရက်နေ့ သောကြာနေ့ နံနက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
၎င်းအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေး ၊ ဗဟိုအလုပ် အမှုဆောင် ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးစောမော်ထွန်းတို့ တက်ရောက်ပြီး ပဲခူးခရိုင် ၈ မြို့နယ် မှ မြို့နယ်ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ မီဒီယာတာဝန်ခံများနှင့် မြို့နယ်ကော်မတီဝင်များအား ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ၊ ပါတီမူဝါဒများနှင့် မီဒီယာလုပ်ငန်းဆိုင်ရာများကို အပြန်အလှန် တိုင်ပင်ဆွေးနွေးခဲ့ကြပါ သည်။

Read more

လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လူငယ်တွေ့ဆုံပွဲ မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကျင်းပ

မကွေး အောက်တိုဘာ ၂၆

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းပါတီကော်မတီဝင်များ၊ အရန် ပါတီ ကော်မတီဝင်များ လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် လူငယ်ရေးရာတွေ့ဆုံပွဲ ဖိုရမ်ကို ယမန်နေ့ နံနက် ၉ နာရီတွင် တိုင်းပါတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

Read more

ပြည်သူအကျိုးပြုဆောင်ရွက်ခြင်း

(၂၇-၁၀-၂၀၁၇) ရက်နေ့၊ နံနက် (၈) နာရီအချိန်တွင် ခရိုင်မီးသတ်ဦးစီးဌာန၊ ဦးစီမှူး ဦးထွန်းနိုင်ဦး ဦးဆောင်၍ မီးသတ်ယာဉ် (၁) စီး ၊ တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်ဥက္ကဋ္ဌ ဦးဘိုစံ ဦးဆောင်၍ မြို့နယ်ကော်မတီဝင်များ၊ ပါတီလူငယ်(၁၀) ဦး၊ ရွှေတာချီ လူမှုကူညီရေးအသင်း ကော်မတီဝင် ဦးကျော်ဇင်ဟိန်း ဦးဆောင်သည့် ရွှေတာချီအသင်းသား (၅) ဦးတို့သည့် (အလက) ခွဲ တာလော့ကျောင်း အောက်ထပ်ဆောင်များတွင် ရေကြီးစဉ် တင်ကျန်နေသော ရွှံနွံများ ရေးဆေးခြင်း၊ ကျောင်းဝင်းတွင်း ရွှံနွံများကို မီးသတ်ယာဉ်ဖြင့် ဆေးကြော ခြင်းများကို နေ့လည် (၁၁) နာရီအထိ လုပ်အားဒါနပြုခဲ့ကြပါသည်။

Read more

ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

အောက်တိုဘာလ (၂၆) ရက်နေ့ (၁၆း၀၀) နာရီအချိန်၌ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီက ကြီးမှူး ဖွင့်လှစ်သည့် ” နိုင်ငံရေးစီမံ ခန့် ခွဲမှုနည်းပြသင်တန်း ” ဆင်းပွဲအခမ်းအနား ကို အဆိုပါရုံးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည် ။

Read more

ဖိလစ်ပိုင်တွင် IS တို့ကို နှိမ်နင်းနိုင်ခဲ့မှု၌ အမေရိကန်၏ အခန်းကဏ္ဍက အလွန်အရေးပါခဲ့

အောက်တိုဘာ ၂၅ ရက်က မာရာဝီရှိ စစ်စခန်းတစ်ခုသို့ ပြန်ရောက်လာသည့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များ (Photo: AFP)

ဖိလစ်ပိုင်တောင်ပိုင်းတွင် မာရာဝီမြို့ကို ငါးလကြာ သိမ်းပိုက်ခဲ့သော IS ထောက်ခံသူ များအား နှိမ်နင်းနိုင်ခဲ့မှု တွင် အမေရိကန်က အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း မနီလာရှိ အမေရိကန် သံအမတ်ကြီးက အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

Read more

ထိုင်းပြည်သူတွေ ကြိမ်မီးအုံးပမာ ခံစားရတဲ့ ဘုရင်ကြီး ရုပ်ကလာပ်တော် မီးသဂြိုလ်မှုအပြီး အရိုးပြာကောက် အခမ်းအနား

ထိုင်းဘုရင်ကြီး ဘူမဘောရဲ့ ငါးရက်တာ ဈာပနတော်အခမ်းအနားရဲ့ အောက်တိုဘာ ၂၇ ရက်မှာ ဘုရင်ကြီးရဲ့ အရိုးပြာ ကောက်ယူမှု အခမ်းအနား စပါတယ်။

ဘုရင်ကြီးကို အောက်တိုဘာ ၂၆ ရက် ည ဆယ်နာရီမှာ မီးသဂြိုလ်ခဲ့တာဖြစ်ပြီး အနက်ရောင်များ ဝတ်ဆင် ထားကြတဲ့ ဝမ်းနည်းပူဆွေးနေကြတဲ့ ထိုင်းပြည်သူ သုံးသိန်းကျော် ဘုရင်ကြီးရဲ့ ဈာပနကို တက်ရောက်ခဲ့ကြ တာ ဖြစ်ပါတယ်။

Read more

ကင်ညာရဲတပ်ဖွဲ့၏ဖြိုခွင်းမှုကြောင့် ရွေးကောက်ပွဲနေ့၌ဆန္ဒပြသူများထဲမှ ၆ဦးသေဆုံး

ကင်ညာနိုင်ငံ၌ အတိုက်အခံများက သပိတ်မှောက်ထားသော သမ္မတရွေးကောက်ပွဲကို ကြာသာပတေးနေ့၌ ပြန်လည်ကျင်းပသည့်အခါတွင် ဆန္ဒပြပွဲများပေါ်ပေါက်ခဲ့ပြီး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ အချင်းများကြရာမှ  ရဲတပ်ဖွဲ့၏ဖြိုခွင်းမှုကြောင့် လူ ၆ ဦးခန့် သေဆုံးခဲ့ရသည်။

အတိုက်အခံအဖွဲ့၏ခေါင်းဆောင်ဖြစ်သူ ရိုင်လာအိုဒင်ဂါက သူ့ကိုထောက်ခံသူများအား ရွေးကောက်ပွဲနေ့၌ နေအိမ်အတွင်း၌သာ နေထိုင်ကြရန်မှာကြားထားသော်လည်း ထောက်ခံသူအချို့သည် မဲပုံးများ မဲရုံများသို့ မရောက်ရှိအောင် တားဆီးပိတ်ဆို့ရန် ကြိုးပမ်းခဲ့ရာမှ ယခုလိုအချင်းများခဲ့ခြင်းဖြစ်သည်။

Read more