ပျိုပျိုမေတို့လှပစေဖို့ အသုံးဝင်လှတဲ့ မန်ကျီးသီး

အသားအရေ ဝင်းလက်စေရန်

မန်ကျည်းသီးအနှစ်လက် (၁)ဆုပ်ကို ယူပြီး ရေ (၁၀၀) မီလီနှင့် ပျစ်လာသည်အထိ ရောနယ်ပါ။ အမာရွတ်များ၊ အမှတ်များရှိသည့်နေရာကို ပွတ်ပါ။ ခြောက်အောင်ထားပြီး ရေနှင့်ဆေးပါ (သို့) မန်ကျည်းနှစ်နှင့် နနွင်း အနည်းငယ်ကို ရေနှင့်ရော၍ မျက်နှာတွင် မိနစ် (၂၀) ထားပြီးမှ ရေနွေးနှင့်ဆေးပါ။

ဆားဝက်ခြံများကို ဆေးကြောရန်

Read more

ညအိပ်ယာဝင်ခါနီးချိန် မျက်နှာကျန်းမာရေး ဂရုစိုက်နည်း

မျက်နှာအရေပြား လှပကျန်းမာစေဖို့အတွက် ညအိပ်ရာဝင်ခါနီး ဂရုစိုက်ရမယ့် နည်းလမ်းကတော့ သန့်ရှင်းအောင် ဆေးကြောပြီးတော့ ဘာမှမလိမ်းပဲ အိပ်စက်ခြင်းဖြစ်ပါတယ်။ ယင်းသို့ ဘာမှမလိမ်းပဲ အိပ်စက်ခြင်းက အဆီပြန်ခြင်းကို ခွင့်ပြုထားပေးပြီး မျက်နှာက ပျက်ဆီးသွားတဲ့ ဆဲလ်တွေကို အလိုအလျောက် ပြန်လည်ပြု ပြင်ပေးပါတယ်။

Read more

Windows 10 on ARM အသုံးပြုထားပြီး ခေါက်နိုင်တဲ့ tablet တစ်မျိုးကို Microsoft ဖန်တီးနေ

၂၀၀၉ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်တုန်းက Courier လို့ခေါ်တဲ့ ခေါက်နိုင်တဲ့ tablet တစ်မျိုးကို Microsoft ဖန်တီးနေတယ်ဆိုတဲ့ ကောလာဟလသတင်းတွေ အများကြီးထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီထုတ်ကုန်ဟာ တကယ်တမ်း ထွက်ပေါ်လာခြင်းမရှိဘဲ Apple iPad တွေက tablet ဈေးကွက်ကို ကြီးစိုးခဲ့ပါတယ်။

Read more

20MP အရှေ့ကင်မရာနဲ့ AI ပါဝင်တဲ့ Oppo F5

ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းမှာ ကြော်ငြာနဲ့ အရောင်းမြှင့်တင်ရေး အစီအစဉ်များစွာ ပြုလုပ်ပြီး တစ်လကျော် အကြာမှာ Oppo F5 ကို တရားဝင် မိတ်ဆက်ခဲ့ပါတယ်။

Read more

တင်းနစ်ပြိုင်ပွဲတွေမှာ ဖက်ဒါရာ နဲ့ ၀ါဇနီယားစကီး ဗိုလ်စွဲ

တနင်္ဂနွေနေ့မှာ ကျင်းပခဲ့တဲ့ တင်းနစ်ပြိုင်ပွဲတွေမှာတော့ နာမည်ကြီး ရော်ဂျာ်ဖက်ဒါရာနဲ့ ဒိန်းမတ်သူ ၀ါဇနီယား စကီးတို့ ဗိုလ်စွဲခဲ့ကြပါတယ်။

ဖက်ဒါရာဟာ ဘာဆယ်မှာ ကျင်းပတဲ့ ဆွစ် တင်းနစ်ပြိုင်ပွဲမှာ အာဂျင်တီးနားက ဒယ်ပေါ်ထရိုကို ၂-၁ပွဲနဲ့ နိုင်ခဲ့တာပါ။ ပထမပွဲမှာ ဒယ်ပေါ်ထရို ၇-၆နဲ့ ရှုံးပြီးမှ ၆-၄၊ ၆-၃နဲ့ နှစ်ပွဲဆက်ပြန်နိုင်ခဲ့လို့ ၂-၁ပွဲနဲ့နိုင်ပြီး ချန်ပီယံ ဖြစ်ခဲ့တာပါ။ ဒါဟာ ဖက်ဒါရာအတွက် ဒီပြိုင်ပွဲမှာ ၈ကြိမ်မြောက် အနိုင်ရခဲ့တာဖြစ်ပြီး ဒီနှစ် အတွင်း ဂရင်းစလင်း ၂ခု အပါအ၀င် ပြိုင်ပွဲ ၇ရပ်မှာ ဗိုလ်စွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။

Read more

စပိန်ကို အနိုင်ယူပြီး ယူ-၁၇ ကမ္ဘာ့ဖလား အင်္ဂလန်ဆွတ်ခူး

အိန္ဒိယနိုင်ငံတွင် ကျင်းပနေသော ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲ၌ အင်္ဂလန်အသင်းက စပိန်ကို နှစ် ဂိုး ရှုံးနေရာ မှ ၅-၂ ဂိုးဖြင့် အနိုင်ရရှိပြီး   ကမ္ဘာ့ဖလားဆွတ်ခူးခဲ့သည်။

ပထမပိုင်းတွင် လက်ရှိဥရော ပယူ-၁၇ ချန်ပီယံ စပိန်က နှစ်ဂိုး သွင်းယူသော်လည်း ပထမပိုင်း ပြီးခါနီး၌  အင်္ဂလန်က တစ်ဂိုး ချေပခဲ့ပြီး ဒုတိယပိုင်းတွင် လေးဂိုး ဆက်လက်သွင်းယူကာ ချန်ပီယံ ဆုရယူခဲ့သည်။ အင်္ဂလန်အသင်းသည် တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပသော ယူ-၂၀ ကမ္ဘာ့ဖလား၌လည်း ဗိုလ်စွဲခဲ့သည်။

Read more

ကင်မရွန်းနိုင်ငံသား တာကမ်ကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူပြီး ဂျိုရွှာ ဟဲဗီးဝိတ်သရဖူ ထိန်းသိမ်း

ရှုံးပွဲမရှိ ဗြိတိန်လက်ဝှေ့ ချန်ပီယံအန်တိုနီဂျိုရွှာက ပြင်သစ် အခြေစိုက်ကင်မရွန်းနိုင်ငံသား တာကမ်ကို ၁၀ ချီ မြောက်တွင် ဒိုင်ပွဲရပ်ဖြင့် နိုင်ပြီး ၎င်း၏ IBF, WBA နှင့် IBO ကမ္ဘာ့ဟဲဗီးဝိတ်သရဖူများ ဆက်လက် ရယူထားသည်။

Read more

ငွေကြေးအခက်ခဲကြောင့် မြန်မာလိဂ် ၂ ချန်ပီယံအသင်း ဖျက်သိမ်း

မြန်မာ လိဂ် ၂ ချန်ပီယံ စီးတီးရန်ကုန်ဘောလုံးအသင်းကို ဖျက်သိမ်းလိုက်ပြီလို့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

အသင်းဥက္ကဋ္ဌနဲ့ ဒါရိုက်တာတွေကို ဗီဇာထပ်တိုးမပေးတော့တဲ့အတွက် အသင်းစီမံခန့်ခွဲဖို့နဲ့ ငွေကြေး အခက်အခဲတွေ ဖြစ်လာတာကြောင့် ဖျက်သိမ်းလိုက်တာလို့ အသင်းအုပ်ချုပ်သူ ဦးကျော်ကျော်ဦးက ပြောပါတယ်။

Read more

ထိုင်းဘုရင် ဘူမိဘော၏ အရိုးပြာများကို ဘန်ကောက်ရှိ နတ်ကွန်းနှစ်ခုတွင် ခွဲဝေထားရှိ

နတ်ရွာစံ ထိုင်းဘုရင် ဘူမိဘော အဒူလိုင်ဒက်ဂျက်၏ ဈာပန အခမ်းအနား နောက်ဆုံးနေ့တွင် ၎င်း၏ အရိုးပြာ များကို နတ်ကွန်းနှစ်ခုသို့ ဖြန့်ဝေ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဘန်ကောက်တွင် ကြီးကြီးကျယ်ကျယ် စီစဉ်ကျင်းပခဲ့သည့် ငါးရက်ကြာ ဈာပန အခမ်းအနားမှာ အောက်တိုဘာ ၂၉ ရက်နေ့က ပြီးဆုံးခဲ့သည်။ ထိုနေ့တွင် ဘူမိဘော၏ အရိုးပြာများကို ဘန်ကောက်ရှိ တော်ဝင် မိသားစုဝင်များ ဝတ်ပြုရာ ဘုရားကျောင်း နှစ်ကျောင်းမှ နတ်ကွန်းများထဲသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

Read more

ငါးခိုးဖမ်းတဲ့ ထိုင်းရေယာဉ်အမှု အင်ဒိုနီးရှား အနိုင်ရ

အင်ဒိုနီးရှား ရေပိုင်နက်ထဲ ငါးခိုးဖမ်းတာနဲ့ လူကုန်ကူးတာတွေနဲ့ ဆက်စပ်ပြီး ထိုင်းရေယာဉ်တစင်းကို ဖမ်းဆီးထားတဲ့ကိစ္စ နှစ်နှစ်ကြာ တရားရင်ဆိုင်ရပြီးတဲ့နောက် အမှုနိုင်သွားပြီလို့ အင်ဒိုနီးရှား ငါးလုပ်ငန်းနဲ့ ရေကြောင်းရေးရာဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ငါးခိုးဖမ်းတဲ့ကိစ္စ အများပြည်သူကို ပညာပေးနိုင်အောင် အအေးခန်းပါပါတဲ့ Silver Sea 2 ငွေပင်လယ် ရေယာဉ်အမှတ်-၂ ကို ပြတိုက်မှာပြသထားဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။

Read more