က လော မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ရေ ဘေး ကြောင့် ရွှံ့နွံများအား ဖယ်ရှားရာတွင် လုပ်အားပေးဆောင် ရွက်

က လော မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ရေ ဘေး ကြောင့် ရွှံ့နွံများအား ဖယ်ရှားရာတွင် လုပ်အားပေးဆောင် ရွက်
==================
ဩဂုတ် ၁၁၊ ကလော

ကလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးသန့်ဇော်ဦး ဦးဆောင်၍ လူငယ်ပါတီဝင်များသည် ကလောမြို့၊ အမှတ်(၄)ရပ်ကွက်အတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ရေကျချိန် နေအိမ်များအတွင်း တင်ကျန်ခဲ့သော ရွှံ့နွံများအား ဖယ်ရှားရာတွင် ပြည်သူလူထုနှင့် ကူညီလုပ်အားပေးဆောင်ရွက်ခဲ့ပြီး နောက်ရက်များတွင်လည်း ရေဘေးသင့်ပြည်သူများအား ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Read more

အွ န် လိုင်း လိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံသား အမျိုးသား ၆ဝ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံသား အမျိုးသား ၆ဝ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
====================
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံသား အမျိုးသား ၆ဝ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

Read more

သေနတ်ဝယ် ယူ ခွင့် လိုင်စင်များဆိုင်းငံ့ရန် ထိုင်းဝန်ကြီးချုပ်ပြော

သေနတ်ဝယ်ယူခွင့်လိုင်စင်များဆိုင်းငံ့ရန် ထိုင်းဝန်ကြီးချုပ်ပြော
========================
ထိုင်းဝန်ကြီးချုပ် က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်ထိန်းချုပ်ရေးစနစ်ကို တင်းကျပ်လိုက်ပြီး သေနတ်ဝယ်ယူခွင့် လိုင်စင်ထုတ်ပေးတာတွေကို ဆိုင်းငံ့ကာ တရားမဝင်လက်နက်တွေနဲ့ မှောင်ခိုလက်နက်တွေကို အရေးပေါ်နဲ့ရေရှည်စီမံကိန်းချမှတ်ပြီး နှိမ်နင်းဖို့ ဩဂုတ်လ ၁၁ ရက်မှာညွှန်ကြားလိုက်ပါတယ်။

အစိုးရအဖွဲ့ရဲ့ အစည်းအဝေးအတွင်း ဝန်ကြီးချုပ်က လက်နက်ထိန်းချုပ်ရေးစနစ်ရဲ့ဟာကွက်တွေကိုပိတ်ဆို့ဖို့နဲ့ မကိုင်ဆောင်သင့်သူတွေလက်ထဲကို သေနတ်မရောက်စေဖို့အတွက် ဌာနဆိုင်ရာအသီးသီး ပေါင်းစပ်ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့တယ်လို့ အစိုးရအဖွဲ့မှပြောရေးဆိုခွင့်ရှိသူ ရာချာဒါကပြောပါတယ်။

Read more

၃၉ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင် ပွဲ ဆုတံဆိပ်ပေးအပ်ခြင်းအခမ်းအနားကျင်းပပြုလုပ်

၃၉ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုတံဆိပ်ပေးအပ်ခြင်းအခမ်းအနားကျင်းပပြုလုပ်
=======================
ယနေ့ကျင်းပပြုလုပ်ခဲ့သည့် ၃၉ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ၂၀၂၆၏ နှစ်ယောက်တွဲ၊ သုံးယောက်တွဲနှင့်လေးယောက်တွဲပြိုင်ပွဲများတွင် ဆုရရှိသည့်နိုင်ငံများအား ဆုတံဆိပ်ပေးအပ်ခြင်းအခမ်းအနားတွင် အမျိုးသား၎ယောက်တွဲ ရွှေတံဆိပ်ဆုနှင့် အမျိုးသမီးနှစ်ယောက်တွဲ ငွေတံဆိပ်ဆု အသီးသီးရရှိခဲ့ပါသည်။

Read more

တရားဝင်မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော အလှကုန်ပစ္စည်းငါးမျိုး ထုတ်ပြန်

တရားဝင်မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော အလှကုန်ပစ္စည်းငါးမျိုး ထုတ်ပြန်
==========================
တရားဝင်မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေသည့် အလှကုန်ပစ္စည်းငါးမျိုးကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်သည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အရည်အသွေး စစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန် ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲလျက်ရှိကြောင်း သိရသည်။

Read more

ကြက်သွန်နီဈေး ယခင်နှစ်ထက် ဆယ်ဆခန့်မြင့်တက်နေ

ကြက်သွန်နီဈေး ယခင်နှစ်ထက် ဆယ်ဆခန့်မြင့်တက်နေ
================
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ အခြေခံစားသောက်ကုန်တစ်မျိုးဖြစ်တဲ့ ကြက်သွန်နီ လက်လီဈေးဟာ တစ်ပိဿာကို ကျပ် ၅၀၀၀ကျော်ကနေ ကျပ် ၆၀၀၀ကျော်အထိ ရှိပြီး အရင်နှစ်ကထက် ဆယ်ဆခန့် ဈေးမြင့်တက်နေတယ်လို့ ကြက်သွန်နီကုန်သည်တချို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။

အရင်နှစ်က ဈေးမရခဲ့တာကြောင့် တောင်သူတွေအနေနဲ့ အခုနှစ်မှာ ကြက်သွန်အစိုက်နည်းပြီး အထွက်နှုန်းပါ နည်းသွားတာကြောင့် ကြက်သွန်ဈေးမြင့်တက်နေတာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

Read more

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ရာသီဝက်ချန်ပီယံဖြစ်လာတဲ့ ISPE အသင်း

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ရာသီဝက်ချန်ပီယံဖြစ်လာတဲ့ ISPE အသင်း
==================
ISPE အမျိုးသမီးအသင်းဟာ ယခုရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲရဲ့ ရာသီဝက်ချန်ပီယံအသင်း ဖြစ်လာခဲ့ပါတယ်။

ISPE အမျိုးသမီးအသင်းဟာ ရာသီဝက် နောက်ဆုံးပွဲစဉ်အဖြစ် ဒီညနေ သုဝဏ္ဏကွင်းမှာ Young Lionesses အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ (၁၀-၀) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Read more

ပျော်ဘွယ်မြို့နယ် အတွင်းရှိ ​ချောင်းများ၊ ရေ မြောင်း များ ရေ စီး ရေ လာ ကောင်းမွန် စေ ရေး နှင့် ရေ ကြီးရေ လျှံ မှု မဖြစ်ပေါ် စေ ရေး ကွင်းဆင်းကြည့်ရှု၍ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ဆွေး နွေး

ပျော်ဘွယ်မြို့နယ် အတွင်းရှိ ​ချောင်းများ၊ ရေ မြောင်း များ ရေ စီး ရေ လာ ကောင်းမွန် စေ ရေး နှင့် ရေ ကြီးရေ လျှံ မှု မဖြစ်ပေါ် စေ ရေး ကွင်းဆင်းကြည့်ရှု၍ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ဆွေး နွေး

Read more

၂၀၂၆-၂၀၂၇ ဘောလုံးရာသီ စပိန်စူပါဖလားဗိုလ်လုပွဲကို ဖေဖော်ဝါရီလအတွင်း တူကီယဲနိုင်ငံအစ္စတန်ဘူလ်မြို့၌ ကျင်းပမည်

၂၀၂၆-၂၀၂၇ ဘောလုံးရာသီ စပိန်စူပါဖလားဗိုလ်လုပွဲကို ဖေဖော်ဝါရီလအတွင်း တူကီယဲနိုင်ငံအစ္စတန်ဘူလ်မြို့၌ ကျင်းပမည်
======================
စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်က ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ စပိန်စူပါဖလားဗိုလ်လုပွဲကို ပြည်ပနိုင်ငံ၌ သွားရောက် ကျင်းပရန်ဆုံးဖြတ်ထားပြီး ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ကျင်းပရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အစောပိုင်းက စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်က စပိန်စူပါဖလားပြိုင်ပွဲကို ပြည်တွင်း၌သာကျင်းပခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင် ပရိုမိုးရှင်းဆင်းသည့်အနေဖြင့် စပိန်စူပါဖလားပြိုင်ပွဲကို ပြည်ပနိုင်ငံများ၌သွားရောက် ကျင်းပခဲ့ခြင်းဖြစ်သည်။

Read more