ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုေကာ္မတီအစည္းအေဝး၊ ပါတီညီလာခံက်င္းပေရး ဗဟိုေကာ္မတီအစည္းအေဝးႏွင့္ ပါတီဖြဲ႕စည္းပုံအေျခခံစည္းမ်ဥ္းျပင္ဆင္ေရး ညွိႏွိုင္းအစည္းအေဝး ျပဳလုပ္





ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုေကာ္မတီအစည္းအေဝး၊ ပါတီညီလာခံက်င္းပေရး ဗဟိုေကာ္မတီအစည္းအေဝးႏွင့္ ပါတီဖြဲ႕စည္းပုံအေျခခံစည္းမ်ဥ္းျပင္ဆင္ေရး ညွိႏွိုင္းအစည္းအေဝး ျပဳလုပ
==================
ဩဂုတ္ ၁၂၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ သတၱမအႀကိမ္ ဗဟိုေကာ္မတီအစည္းအေဝး(၂၀၂၆)၊ စတုတၳအႀကိမ္ ပါတီညီလာခံ(၂၀၂၆) က်င္းပေရး ဗဟိုေကာ္မတီအစည္းအေဝးႏွင့္ ပါတီ၏ ဖြဲ႕စည္းပုံအေျခခံစည္းမ်ဥ္း ျပင္ဆင္ေရး ညွိႏွိုင္းအစည္းအေဝးကို ၁၁-၈-၂၀၂၆ ရက္ေန႕မွ ၁၂-၈-၂၀၂၆ ရက္ေန႕ထိ ပါတီဌာနခ်ဳပ္ အစည္းအေဝးခန္းမ(၁)တြင္ က်င္းပျပဳလုပ္ရာ ပါတီဥကၠ႒ ဦးခင္ရီႏွင့္ ပါတီအႀကီးအကဲမ်ား၊ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္မ်ား၊ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ပါသည္။
အစည္းအေဝးတြင္ ပါတီဥကၠ႒ ဦးခင္ရီက မၾကာမီကာလအတြင္း ပါတီ၏ သတၱမအႀကိမ္ေျမာက္ ဗဟိုေကာ္မတီအစည္းအေဝး(၂၀၂၆)ႏွင့္ စတုတၳအႀကိမ္ေျမာက္ ပါတီညီလာခံ(၂၀၂၆)ကို က်င္းပျပဳလုပ္ရန္ ရွိပါေၾကာင္း၊ အစည္းအေဝးမ်ားက်င္းပနိုင္ေရး ဗဟိုေကာ္မတီမ်ားဖြဲ႕စည္း၍ ေကာ္မတီမ်ားအလိုက္ စနစ္တက် ေဆာင္႐ြက္ၾကရန္လိုေၾကာင္း ေျပာၾကားပါသည္။
ထို႔ေနာက္ ဗဟိုအတြင္းေရးမႉး ေဒါက္တာသန္းထြန္းက အစည္းအေဝးမ်ား ေအာင္ျမင္စြာက်င္းပနိုင္ေရး ဗဟိုေကာ္မတီမ်ားဖြဲ႕စည္းထားရွိမႈအား တင္ျပေဆြးႏြေးပါသည္။
၎ေနာက္ အစည္းအေဝးသို႔ တက္ေရာက္လာေသာ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီမ်ားက စတုတၱအႀကိမ္ ပါတီညီလာခံ(၂၀၂၆)သို႔ တင္သြင္းမည့္ ပါတီ၏ ဖြဲ႕စည္းပုံအေျခခံစည္းမ်ဥ္းႏွင့္ စပ္လ်ဥ္းၿပီး ျပင္ဆင္ျခင္း၊ ျဖည့္စြက္ျခင္းႏွင့္ အႀကံျပဳခ်က္မ်ားအား အျပန္အလွန္ တင္ျပေဆြးႏြေးခဲ့ၾကၿပီး ပါတီဥကၠ႒ ဦးခင္ရီက နိဂုံးခ်ဳပ္အမွာစကားေျပာၾကားခဲ့ပါသည္။
အစည္းအေဝးသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္မ်ား၊ ပါတီဌာနခ်ဳပ္မႉးႏွင့္ ဌာနႀကီးမႉးမ်ား၊ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီအစည်းအဝေး၊ ပါတီညီလာခံကျင်းပရေး ဗဟိုကော်မတီအစည်းအဝေးနှင့် ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်
==================
ဩဂုတ် ၁၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတ္တမအကြိမ် ဗဟိုကော်မတီအစည်းအဝေး(၂၀၂၆)၊ စတုတ္ထအကြိမ် ပါတီညီလာခံ(၂၀၂၆) ကျင်းပရေး ဗဟိုကော်မတီအစည်းအဝေးနှင့် ပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေးကို ၁၁-၈-၂၀၂၆ ရက်နေ့မှ ၁၂-၈-၂၀၂၆ ရက်နေ့ထိ ပါတီဌာနချုပ် အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ပါတီအကြီးအကဲများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီက မကြာမီကာလအတွင်း ပါတီ၏ သတ္တမအကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေး(၂၀၂၆)နှင့် စတုတ္ထအကြိမ်မြောက် ပါတီညီလာခံ(၂၀၂၆)ကို ကျင်းပပြုလုပ်ရန် ရှိပါကြောင်း၊ အစည်းအဝေးများကျင်းပနိုင်ရေး ဗဟိုကော်မတီများဖွဲ့စည်း၍ ကော်မတီများအလိုက် စနစ်တကျ ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားပါသည်။
ထို့နောက် ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းက အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေး ဗဟိုကော်မတီများဖွဲ့စည်းထားရှိမှုအား တင်ပြဆွေးနွေးပါသည်။
၎င်းနောက် အစည်းအဝေးသို့ တက်ရောက်လာသော ဗဟိုအလုပ်အမှုဆောင်ကော်မတီများက စတုတ္တအကြိမ် ပါတီညီလာခံ(၂၀၂၆)သို့ တင်သွင်းမည့် ပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့် စပ်လျဉ်းပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် အကြံပြုချက်များအား အပြန်အလှန် တင်ပြဆွေးနွေးခဲ့ကြပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပါတီဌာနချုပ်မှူးနှင့် ဌာနကြီးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။




