ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးအသင္း နည္းျပခ်ဳပ္သစ္အျဖစ္ Colin Bell ကို ခန႔္အပ္

ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးအသင္း နည္းျပခ်ဳပ္သစ္အျဖစ္  Colin Bell ကို ခန႔္အပ္
=======================
ျမန္မာႏိုင္ငံေဘာလုံးအဖြဲခ်ဳပ္ (MFF) သည္ ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးေဘာလုံးအသင္း၏ နည္းျပခ်ဳပ္သစ္အျဖစ္ အဂၤလန္ႏိုင္ငံသား နည္းျပ Colin Bell (ေကာလင္းဘဲလ္) ကို ခန႔္အပ္လိုက္ၿပီး ၃ ႏွစ္ သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးပြဲႏွင့္ စာနယ္ဇင္းရွင္းလင္းပြဲကို ဩဂုတ္ ၁၃ ရက္ နံနက္ပိုင္းက MFF အစည္းအေဝးခန္းမ၌ က်င္းပခဲ့သည္။

Colin Bell သည္ ၁၉၆၁ ခုႏွစ္ ဩဂုတ္ ၅ ရက္တြင္ အဂၤလန္ႏိုင္ငံ Leicester ၿမိဳ၌ ေမြးဖြားခဲ့သူျဖစ္ၿပီး UEFA Pro Licence ရရွိထားသည့္ နည္းျပတစ္ဦးျဖစ္သည္။

၎သည္ ေတာင္ကိုရီးယား အမ်ိဳးသမီးလက္ေ႐ြးစင္အသင္း၊ တ႐ုတ္ U-20 အမ်ိဳးသမီးအသင္းႏွင့္ အိုင္ယာလန္ အမ်ိဳးသမီးလက္ေ႐ြးစင္အသင္းတိုအျပင္ ဂ်ာမနီကလပ္ 1. FFC Frankfurt အပါအဝင္ ကလပ္အသင္းမ်ားတြင္လည္း တာဝန္ယူခဲ့ဖူးသည္။

၎၏ အဓိကေအာင္ျမင္မႈမ်ားအျဖစ္ ၂၀၁၅ ခုႏွစ္တြင္ 1. FFC Frankfurt ႏွင့္ UEFA Women’s Champions League ခ်န္ပီယံဆု ရရွိခဲ့ျခင္း၊ ၂၀၂၂ AFC Women’s Asian Cup တြင္ ေတာင္ကိုရီးယားအသင္း ဒုတိယဆုရရွိေအာင္ ဦးေဆာင္ခဲ့ျခင္းႏွင့္ ၂၀၂၃ FIFA Women’s World Cup ေျခစစ္ပြဲကို ေအာင္ျမင္ေစခဲ့ျခင္း တို ပါဝင္သည္။

ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးအသင္းအေနျဖင့္ နည္းျပခ်ဳပ္သစ္ Colin Bell လက္ထက္တြင္ အာရွအဆင့္မွတစ္ဆင့္ ကမာၻ႔ဖလားၿပိဳင္ပြဲသို တက္လွမ္းႏိုင္ေရးကို ရည္မွန္းခ်က္ထားကာ ျပင္ဆင္သြားမည္ျဖစ္သည္။


မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်သစ်အဖြစ်  Colin Bell ကို ခန့်အပ်
=======================
မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် (MFF) သည် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၏ နည်းပြချုပ်သစ်အဖြစ် အင်္ဂလန်နိုင်ငံသား နည်းပြ Colin Bell (ကောလင်းဘဲလ်) ကို ခန့်အပ်လိုက်ပြီး ၃ နှစ် သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲနှင့် စာနယ်ဇင်းရှင်းလင်းပွဲကို ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက MFF အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

Colin Bell သည် ၁၉၆၁ ခုနှစ် ဩဂုတ် ၅ ရက်တွင် အင်္ဂလန်နိုင်ငံ Leicester မြို၌ မွေးဖွားခဲ့သူဖြစ်ပြီး UEFA Pro Licence ရရှိထားသည့် နည်းပြတစ်ဦးဖြစ်သည်။

၎င်းသည် တောင်ကိုရီးယား အမျိုးသမီးလက်ရွေးစင်အသင်း၊ တရုတ် U-20 အမျိုးသမီးအသင်းနှင့် အိုင်ယာလန် အမျိုးသမီးလက်ရွေးစင်အသင်းတိုအပြင် ဂျာမနီကလပ် 1. FFC Frankfurt အပါအဝင် ကလပ်အသင်းများတွင်လည်း တာဝန်ယူခဲ့ဖူးသည်။

၎င်း၏ အဓိကအောင်မြင်မှုများအဖြစ် ၂၀၁၅ ခုနှစ်တွင် 1. FFC Frankfurt နှင့် UEFA Women’s Champions League ချန်ပီယံဆု ရရှိခဲ့ခြင်း၊ ၂၀၂၂ AFC Women’s Asian Cup တွင် တောင်ကိုရီးယားအသင်း ဒုတိယဆုရရှိအောင် ဦးဆောင်ခဲ့ခြင်းနှင့် ၂၀၂၃ FIFA Women’s World Cup ခြေစစ်ပွဲကို အောင်မြင်စေခဲ့ခြင်း တို ပါဝင်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့် နည်းပြချုပ်သစ် Colin Bell လက်ထက်တွင် အာရှအဆင့်မှတစ်ဆင့် ကမ္ဘာ့ဖလားပြိုင်ပွဲသို တက်လှမ်းနိုင်ရေးကို ရည်မှန်းချက်ထားကာ ပြင်ဆင်သွားမည်ဖြစ်သည်။