ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ဘယ္လာ႐ုစ္ႏိုင္ငံ Belaya Rus ပါတီဥကၠ႒ ဦးေဆာင္ေသာ ပါတီကိုယ္စားလွယ္အဖြဲ႕အား ညစာ(GALA Dinner)ျဖင့္ တည္ခင္းဧည့္ခံ



ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ဘယ္လာ႐ုစ္ႏိုင္ငံ Belaya Rus ပါတီဥကၠ႒ ဦးေဆာင္ေသာ ပါတီကိုယ္စားလွယ္အဖြဲ႕အား ညစာ(GALA Dinner)ျဖင့္ တည္ခင္းဧည့္ခံ
========================
ဩဂုတ္ ၁၃၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၂၀၂၆ ခုႏွစ္၊ ဩဂုတ္လ ၁၃ ရက္ေန႔ ည ၇ နာရီအခ်ိန္တြင္ ပါတီ၏ဖိတ္ၾကားမႈျဖင့္ ေနျပည္ေတာ္သို႔ ေရာက္ရွိေနသည့္ ဘယ္လာ႐ုစ္ႏိုင္ငံ Belaya Rus ပါတီဥကၠ႒ H.E VOLHA CHAMADANAVA ဦးေဆာင္ေသာ ပါတီကိုယ္စားလွယ္အဖြဲ႕အား ေနျပည္ေတာ္ရွိ Horizon Lake View Hotel ခန္းမတြင္ ညစာ(GALA Dinner)ျဖင့္ တည္ခင္းဧည့္ခံခဲ့ပါသည္။
အဆိုပါ ညစာစားပြဲအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီႏွင့္အတူ ဒုတိယဥကၠ႒ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဖိတ္ၾကားထားေသာ လႊတ္ေတာ္ႏွင့္ အစိုးရအဖြဲ႕မွ အႀကီးအကဲမ်ား၊ ဧည့္သည္ေတာ္မ်ား တက္ေရာက္ခဲ့ၾကၿပီး ယဥ္ေက်းမႈဌာနမွ အႏုပညာရွင္မ်ားက ျမန္မာ့႐ိုးရာယဥ္ေက်းမႈအကအလွမ်ားျဖင့္ ေဖ်ာ္ေျဖခဲ့ၾကပါသည္။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့အား ညစာ(GALA Dinner)ဖြင့် တည်ခင်းဧည့်ခံ
========================
ဩဂုတ် ၁၃၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့ ည ၇ နာရီအချိန်တွင် ပါတီ၏ဖိတ်ကြားမှုဖြင့် နေပြည်တော်သို့ ရောက်ရှိနေသည့် ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ H.E VOLHA CHAMADANAVA ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ Horizon Lake View Hotel ခန်းမတွင် ညစာ(GALA Dinner)ဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
အဆိုပါ ညစာစားပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဖိတ်ကြားထားသော လွှတ်တော်နှင့် အစိုးရအဖွဲ့မှ အကြီးအကဲများ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ယဥ်ကျေးမှုဌာနမှ အနုပညာရှင်များက မြန်မာ့ရိုးရာယဥ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။




