ျပည္ခိုငိၿဖိဳးပါတီဥကၠ႒ ဦးခင္ရီ ဘယ္လာ႐ုစ္ႏိုင္ငံ Belaya Rus ပါတီဥကၠ႒ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား ႀကိဳဆိုေတြ႕ဆုံ

ျပည္ခိုငိၿဖိဳးပါတီဥကၠ႒ ဦးခင္ရီ ဘယ္လာ႐ုစ္ႏိုင္ငံ Belaya Rus ပါတီဥကၠ႒ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား ႀကိဳဆိုေတြ႕ဆုံ
———————-
ဩဂုတ္ ၁၃၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ပါတီ၏ ဖိတ္ၾကားခ်က္အရ ျမန္မာႏိုင္ငံသို႔ခ်စ္ၾကည္ေရးခရီး ေရာက္ရွိေနေသာ ဘယ္လာ႐ုစ္ႏိုင္ငံ၊ Belaya Rus ပါတီဥကၠ႒ H.E VOLHA CHAMADANAVA ဦးေဆာင္ေသာ ပါတီကိုယ္စားလွယ္အဖြဲ႕အား ၂၀၂၆ခုႏွစ္၊ ဩဂုတ္လ (၁၃)ရက္ေန႔ နံနက္ ၁၀ နာရီ အခ်ိန္တြင္ ပါတီဌာနခ်ဳပ္ ဧည့္ခန္းမ၌ ႀကိဳဆိုေတြ႕ဆုံခဲ့ပါသည္။

ပထမဦးစြာ ပါတီဌာနခ်ဳပ္သို႔ ေရာက္ရွိလာေသာ Belaya Rus ပါတီဥကၠ႒ႏွင့္ကိုယ္စားလွယ္အဖြဲ႕အား ပါတီလူငယ္ေမာင္မယ္မ်ားက လွိက္လွဲပ်ဴငွာစြာ ႀကိဳဆို​ခဲ့ပါသည္။ ၎ေနာက္ ျပည္ခိုင္ၿဖိဳး ပါတီဥကၠ႒ႏွင့္ ပါတီအႀကီးအကဲမ်ားက ပါတီဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံၿပီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီႏွင့္ Belaya Rus ပါတီအၾကား ႏွစ္ပါတီသေဘာတူခ်က္ႏွင့္ အေကာင္အထည္ေဖာ္မည့္ လမ္းျပေျမပုံပါ လုပ္ငန္းစဥ္မ်ားအား ေဆာင္႐ြက္မည့္အေျခအေနမ်ား၊ လူငယ္ေရးရာက႑တြင္ ႏွစ္ပါတီလူငယ္မ်ားအၾကား ပူးေပါင္းေဆာင္႐ြက္မႈ၊ အျပန္အလွန္ဖလွယ္မႈ အေျခအေနမ်ား၊ Media က႑အား က်ယ္ျပန္႔စြာ ပူးေပါင္းေဆာင္႐ြက္ႏိုင္ေရး အေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးခဲ့ၾကပါသည္။ ၎ေနာက္ အမွတ္တရလက္ေဆာင္မ်ား အျပန္အလွန္ေပးအပ္ကာ မွတ္တမ္းတင္ စုေပါင္းဓာတ္ပုံ ႐ိုက္ကူးခဲ့ၾကပါသည္။

ဆက္လက္ၿပီး ပါတီဥကၠ႒ ဦးခင္ရီသည္ ဘယ္လာ႐ုစ္ႏိုင္ငံ၊ Belaya Rus ပါတီဥကၠ႒ႏွင့္ ကိုယ္စားလွယ္အဖြဲ႕ ပါတီ႐ုံးဖြဲစည္းထားရွိမႈအား ပုံစံငယ္ျဖင့္ ရွင္းလင္းျပသၿပီး ႏွစ္ႏိုင္ငံပါတီခ်င္းခ်ိတ္ဆက္ေဆာင္႐ြက္ခဲ့မႈ မွတ္တမ္းမ်ားအား video File ျဖင့္ျပသမႈအား ၾကည့္ရႈၾကပါသည္။

ေတြ႕ဆုံရာတြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီမွ ပါတီဥကၠ႒ ဦးခင္ရီ၊ ​ဒုတိယဥကၠ႒ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦး​ေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရး ဦးတင္ေအာင္ခ်စ္ႏွင့္ ပါတီတာဝန္ရွိသူမ်ား တက္ေရာက္ၾကၿပီး ဘယ္လာ႐ုစ္ႏိုင္ငံ၊ Belaya Rus ပါတီဥကၠ႒ H.E VOLHA CHAMADANAVA ဦးေဆာင္ေသာ ပါတီကိုယ္စားလွယ္အဖြဲ႕တို႔ တက္ေရာက္ခဲ့ၾကပါသည္။


ပြည်ခိုငိဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုတွေ့ဆုံ
———————-
ဩဂုတ် ၁၃၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပါတီ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ဘယ်လာရုစ်နိုင်ငံ၊ Belaya Rus ပါတီဥက္ကဋ္ဌ H.E VOLHA CHAMADANAVA ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့အား ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၁၃)ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ပါတီဌာနချုပ် ဧည့်ခန်းမ၌ ကြိုဆိုတွေ့ဆုံခဲ့ပါသည်။

ပထမဦးစွာ ပါတီဌာနချုပ်သို့ ရောက်ရှိလာသော Belaya Rus ပါတီဥက္ကဋ္ဌနှင့်ကိုယ်စားလှယ်အဖွဲ့အား ပါတီလူငယ်မောင်မယ်များက လှိက်လှဲပျူငှာစွာ ကြိုဆို​ခဲ့ပါသည်။ ၎င်းနောက် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့် ပါတီအကြီးအကဲများက ပါတီဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် Belaya Rus ပါတီအကြား နှစ်ပါတီသဘောတူချက်နှင့် အကောင်အထည်ဖော်မည့် လမ်းပြမြေပုံပါ လုပ်ငန်းစဥ်များအား ဆောင်ရွက်မည့်အခြေအနေများ၊ လူငယ်ရေးရာကဏ္ဍတွင် နှစ်ပါတီလူငယ်များအကြား ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်ဖလှယ်မှု အခြေအနေများ၊ Media ကဏ္ဍအား ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ ၎င်းနောက် အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ကာ မှတ်တမ်းတင် စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

ဆက်လက်ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ဘယ်လာရုစ်နိုင်ငံ၊ Belaya Rus ပါတီဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့ ပါတီရုံးဖွဲစည်းထားရှိမှုအား ပုံစံငယ်ဖြင့် ရှင်းလင်းပြသပြီး နှစ်နိုင်ငံပါတီချင်းချိတ်ဆက်ဆောင်ရွက်ခဲ့မှု မှတ်တမ်းများအား video File ဖြင့်ပြသမှုအား ကြည့်ရှုကြပါသည်။

တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ​ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦး​သောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေး ဦးတင်အောင်ချစ်နှင့် ပါတီတာဝန်ရှိသူများ တက်ရောက်ကြပြီး ဘယ်လာရုစ်နိုင်ငံ၊ Belaya Rus ပါတီဥက္ကဋ္ဌ H.E VOLHA CHAMADANAVA ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။