ဘယ္လာ႐ုစ္နိုင္ငံ Belaya Rus ပါတီဥကၠ႒ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕ ေနျပည္ေတာ္သို႔ ေရာက္ရွိ



ဘယ္လာ႐ုစ္နိုင္ငံ Belaya Rus ပါတီဥကၠ႒ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕ ေနျပည္ေတာ္သို႔ ေရာက္ရွိ
———————-
ဩဂုတ္ ၁၃၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၏ ဖိတ္ၾကားခ်က္အရ ဘယ္လာ႐ုစ္နိုင္ငံ၊ Belaya Rus ပါတီဥကၠ႒ H.E VOLHA CHAMADANAVA ဦးေဆာင္ေသာ အဖြဲ႕ဝင္(၃)ဦးပါ ကိုယ္စားလွယ္အဖြဲ႕သည္ ၂၀၂၆ခုႏွစ္၊ ဩဂုတ္လ (၁၃)ရက္ေန႕ နံနက္ ၀၇:၁၅ နာရီ အခ်ိန္တြင္ ေနျပည္ေတာ္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ေရာက္ရွိခဲ့ရာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ဗဟိုအလုပ္အမႈေဆာင္ျဖစ္ၾကေသာ ဦးလွသိန္း၊ ဦးေအာင္စိုးႏွင့္ ပါတီ၏ နိုင္ငံတကာေရးရာဌာနမွ တာဝန္ရွိသူမ်ား ႀကိဳဆိုခဲ့ၾကပါသည္။
ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ
———————-
ဩဂုတ် ၁၃၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၊ Belaya Rus ပါတီဥက္ကဋ္ဌ H.E VOLHA CHAMADANAVA ဦးဆောင်သော အဖွဲ့ဝင်(၃)ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၁၃)ရက်နေ့ နံနက် ၀၇:၁၅ နာရီ အချိန်တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ဖြစ်ကြသော ဦးလှသိန်း၊ ဦးအောင်စိုးနှင့် ပါတီ၏ နိုင်ငံတကာရေးရာဌာနမှ တာဝန်ရှိသူများ ကြိုဆိုခဲ့ကြပါသည်။




