ထိုင်းတောင်ပိုင်းမှာ အကြမ်းဖက်မှုပေါင်း ၁၂၀၀ ကျော်ဖြစ်ပွားပြီး လူပေါင်း ၃၂၀၀ ကျော် ထိခိုက်သေဆုံးခဲ့ရ

ထိုင်းတောင်ပိုင်းမှာ အကြမ်းဖက်မှုပေါင်း ၁၂၀၀ ကျော်ဖြစ်ပွားပြီး လူပေါင်း ၃၂၀၀ ကျော် ထိခိုက်သေဆုံးခဲ့ရ
============================
ထိုင်းနိုင်ငံတောင်ပိုင်းရှိ နယ်စပ်ဒေသတွေမှာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်ဇူလိုင်လအထိဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုတွေကြောင့် လူပေါင်း ၃၂၇၀ ထိခိုက်သေဆုံးရပြီး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၁၂၇၁ ခုအထိ ရှိခဲ့တယ်လို့ စာရင်းအချက်အလက်တွေအရ သိရပါတယ်။

Read more

H-1B ဗီဇာအသစ်တစ်စောင်လျှင် အမေရိကန်ဒေါ်လာ ၁၀၃,၂၆၅ ကောက်ခံရန် ထရမ့်အစိုးရ အမြဲတမ်းစည်းမျဉ်း အဆိုပြု

H-1B ဗီဇာအသစ်တစ်စောင်လျှင် အမေရိကန်ဒေါ်လာ ၁၀၃,၂၆၅ ကောက်ခံရန် ထရမ့်အစိုးရ အမြဲတမ်းစည်းမျဉ်း အဆိုပြု
=============================
ဩဂုတ် ၂၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက နည်းပညာကျွမ်းကျင်မှုမြင့်မားသည့် နိုင်ငံခြားသားအလုပ်သမားများအတွက် အသစ်ထုတ်ပေးမည့် H-1B ဗီဇာတစ်စောင်လျှင် အမေရိကန်ဒေါ်လာ ၁၀၃,၂၆၅ ကောက်ခံမည့် စည်းမျဉ်းကို အမြဲတမ်းသတ်မှတ်ရန် အဆိုပြုချက်တစ်ရပ်ကို တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

Read more

မူဆယ်မြို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၂ဝ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

မူဆယ်မြို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၂ဝ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
==================
သြဂုတ် ၂၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ ၂၀ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

Read more

အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် H1N1 ကူးစက်မှုများ မြင့်တက်လာ

အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် H1N1 ကူးစက်မှုများ မြင့်တက်လာ
===============
အိန္ဒိယနိုင်ငံ၏ ဗဟိုကျန်းမာရေးဝန်ကြီးဌာနက H1N1 တုပ်ကွေးရောဂါများနှင့် ပတ်သက်၍ သတိပြုစောင့်ကြည့်ရမည့် ရောဂါလက္ခဏာများကို သြဂုတ် ၂၂ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး ပြည်သူများအနေဖြင့်လည်း သတိရှိကြရန် တိုက်တွန်းပြောကြားခဲ့သည်။

Read more

ဂျာမန်တစ်နှစ်တာ အ ကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံး အင်္ဂလိပ်ကစားသမားဖြစ်လာတဲ့ ဟာရီကိန်း

ဂျာမန်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံး အင်္ဂလိပ်ကစားသမားဖြစ်လာတဲ့ ဟာရီကိန်း
====================
အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ဂျာမန်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံး အင်္ဂလိပ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ဂျာမန်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုအတွက် ဟာရီကိန်းက မဲအများဆုံးရခဲ့တာဖြစ်တယ်။

ဒီဆုကို Kicker magazine က ကမကထပြု ချီးမြှင့်ပြီး ဂျာမန်အားကစားဂျာနယ်လစ်အဖွဲအစည်းရဲ့ အဖွဲဝင် ၆၉၅ ဦးက မဲပေးခဲ့ကြပါတယ်။

Read more

ဧရာဝတီအမျိုးသမီးအသင်း အာရှချန်ပီယံလိဂ်ခြေစစ်ပွဲ အောင်မြင်

ဧရာဝတီအမျိုးသမီးအသင်း အာရှချန်ပီယံလိဂ်ခြေစစ်ပွဲ အောင်မြင်
====================
ဧရာဝတီအက်ဖ်စီ အမျိုးသမီးဘောလုံးအသင်းဟာ အာရှအမျိုးသမီးချန်ပီယံလိဂ်ခြေစစ်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ် အဖြစ် တရုတ်(တိုင်ပေ)ကလပ် နယူးတိုင်ပေအသင်းနဲ့ ဩဂုတ်လ ၂၃ရက်၊ ညနေပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်းမှာ ယှဉ်ပြိုင်ခဲ့ရာ ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းက တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရကာ အာရှ အမျိုးသမီးချန်ပီယံလိဂ်ခြေစစ်ပွဲကို အောင်မြင်သွားပြီဖြစ်ပါတယ်။
အခုပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် ခြေစစ်ပွဲအောင်ဖို့ အဆုံးအဖြတ်ပွဲဖြစ်တာကြောင့် ပွဲကကြည့်ကောင်းခဲ့ပြီး အပြန်အလှန် မနားတမ်းတိုက်စစ်ဆင် ကစားမှုတွေကို မြင်တွေ့ခဲ့ရပါတယ်။

Read more

ကော်ဖီပုံမှန်သောက်သူများမှာ ကြွက်သား၊ အဆီနဲ့ဟော်မုန်းများ ထူးခြားစွာပြောင်းလဲမှုရှိ

ကော်ဖီပုံမှန်သောက်သူများမှာ ကြွက်သား၊ အဆီနဲ့ဟော်မုန်းများ ထူးခြားစွာပြောင်းလဲမှုရှိ
======================
ကော်ဖီပုံမှန်သောက်တာက ခန္ဓာကိုယ် တည်ဆောက်ပုံ၊ ဇီဝဖြစ်စဉ်နဲ့ ဟော်မုန်းပမာဏအပေါ် ထူးခြားတဲ့ပြောင်းလဲမှုတွေဆက်စပ်ဖြစ်ပေါ်နေတယ်လို့ ဖင်လန်နိုင်ငံအူးလုတက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အသစ်မှာဖော်ပြထားပါတယ်။ အဲဒီလေ့လာမှုမှာ အသက် ၄၆ နှစ်အရွယ်ရှိသူ ၂၂၆၄ ဦးရဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက်တွေကို အသေးစိတ်ဆန်းစစ်ခဲ့ကြတာပါ။

Read more

မွန်ဂိုလီးယားနိုင်ငံက ကျောင်းများတွင် လူမှုကွန်ရက်အသုံးပြုမှုကို ပိတ်ပင်တားမြစ်မည်

မွန်ဂိုလီးယားနိုင်ငံက ကျောင်းများတွင် လူမှုကွန်ရက်အသုံးပြုမှုကို ပိတ်ပင်တားမြစ်မည်
==========================
သြဂုတ် ၂၁ ရက်

မွန်ဂိုလီးယားနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ လူမှုကွန်ရက်ဆိုရှယ်မီဒီယာအမျိုးအစားအားလုံး အသုံးပြုမှုကို ပိတ်ပင်တားမြစ်သွားမည်ဖြစ်ကြောင်း ပညာရေးနှင့်သိပ္ပံဝန်ကြီးဌာန ဝန်ကြီး Luvsantseren Enkh-Amgalan က သြဂုတ် ၁၉ ရက်၌ ပြောကြားခဲ့သည်။

Read more

အဆိုးဆုံးဇာတ်ကားက နေ ရုံဝင်ငွေ အ ကောင်းဆုံးဖြစ် နေ

အဆိုးဆုံးဇာတ်ကားက နေ ရုံဝင်ငွေ အ ကောင်းဆုံးဖြစ် နေ
===============================
တရုတ်ရုပ်ရှင်လောကနဲ့ ရုပ်ရှင်ပရိသတ်တွေကြားမှာ မဖြစ်စဖူး အဖြစ်ထူးတဲ့ ဖြစ်ရပ်တစ်ချို့က တစ်လောကလုံး အံ့အားသင့်သွားရလောက်အောင် ကိုင်လှုပ်နေပါတယ်။ ဒီကိစ္စတွေရဲ့မြစ်ဖျားခံရာအကြောင်းအရင်းက အရည်အသွေးအင်မတန်ညံ့ဖျင်းလှတဲ့ ကာတွန်းကားတစ်ကားကို ရုံတင်ပြသရာကနေ ဖြစ်လာခဲ့တာပါ။

Read more

တရားမဝင်လမ်းကူးဂိတ်တွင် အမှတ် (၇) အဆန် DEMU ရထားနှင့် ဘေးတွဲဆိုင်ကယ် ပွတ်တိုက်မှုဖြစ်ပွ

တရားမဝင်လမ်းကူးဂိတ်တွင် အမှတ် (၇) အဆန် DEMU ရထားနှင့် ဘေးတွဲဆိုင်ကယ် ပွတ်တိုက်မှုဖြစ်ပွား
===============================
ဩဂုတ် ၂၁

ရန်ကုန် - မန္တလေးရထားလမ်းပိုင်း သောင်းတိုင်ကုန်းနှင့် တောင်ငူဘူတာအကြား တရားမဝင်လမ်းကူး၌ အမှတ် (၇) အဆန် DEMU ရထားနှင့် ဆိုင်ကယ်ဘေးတွဲ ပွတ်တိုက်မှု ဖြစ်ပွားကြောင်း သိရသည်။

Read more