ျပည္ တြင္း စက္သုံးဆီေဈး တစ္လီတာလွ်င္ က်ပ္ ၁၇၀ မွ ၂၆၅ အထိ ျမင့္တက္

ျပည္တြင္းစက္သုံးဆီေဈး တစ္လီတာလွ်င္ က်ပ္ ၁၇၀ မွ ၂၆၅ အထိ ျမင့္တက္
====================
ကမာၻ႔ေရနံစိမ္းေဈးႏႈန္းသည္ တစ္စည္လွ်င္ အေမရိကန္ေဒၚလာ ၇၈ ဝန္းက်င္အထိ ျမင့္တက္လာမႈ၏ သက္ေရာက္မႈေၾကာင့္ ျပည္တြင္းစက္သုံးဆီ ရည္ၫႊန္းေဈးႏႈန္းမ်ားသည္ ယခင္တစ္ပတ္ႏွင့္ ႏႈိင္းယွဥ္ပါက တစ္လီတာလွ်င္ က်ပ္ ၁၇၀ မွ ၂၆၅ အထိ ျမင့္တက္လာေၾကာင္း စက္သုံးဆီ တင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္း ႀကီးၾကပ္ေရးေကာ္မတီက ဩဂုတ္ ၇ ရက္တြင္ ထုတ္ျပန္သည္။

ထုတ္ျပန္ထားသည့္ ရန္ကုန္ၿမိဳ႕ ရည္ၫႊန္းေဈးႏႈန္းမ်ားအရ 92 Ron ဓာတ္ဆီ တစ္လီတာလွ်င္ ၃,၈၄၀ က်ပ္၊ 95 Ron ဓာတ္ဆီ ၃,၉၅၀ က်ပ္၊ ဒီဇယ္ (HSD 500 ppm) ၄,၁၅၅ က်ပ္ႏွင့္ ပရီမီယံဒီဇယ္ (HSD 50 ppm/10 ppm) ၅,၀၅၀ က်ပ္ သတ္မွတ္ထားၿပီး ယင္းေဈးႏႈန္းမ်ားကို ဩဂုတ္ ၁၃ ရက္အထိ က်င့္သုံးမည္ျဖစ္ေၾကာင္း သိရသည္။

ယခင္တစ္ပတ္ႏွင့္ ႏႈိင္းယွဥ္ပါက 92 Ron ဓာတ္ဆီ တစ္လီတာလွ်င္ ၂၀၀ က်ပ္၊ 95 Ron ဓာတ္ဆီ ၂၆၅ က်ပ္၊ ဒီဇယ္ ၁၇၀ က်ပ္ႏွင့္ ပရီမီယံဒီဇယ္ ၂၂၀ က်ပ္ အသီးသီး ျမင့္တက္လာခဲ့သည္။

စက္သုံးဆီ တင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္း ႀကီးၾကပ္ေရးေကာ္မတီက စက္သုံးဆီရည္ၫႊန္းေဈးႏႈန္းမ်ားကို MOPS ေဈးႏႈန္းအေပၚ အေျခခံတြက္ခ်က္ ထုတ္ျပန္လ်က္ရွိၿပီး သတ္မွတ္ရည္ၫႊန္းေဈးထက္ ပိုမိုေရာင္းခ်ျခင္း သို႔မဟုတ္ ေဈးႏႈန္းမမွန္ကန္မႈမ်ား ေတြ႕ရွိပါက ေကာ္မတီ၏ Hotline ဖုန္းနံပါတ္မ်ားသို႔ တိုင္ၾကားႏိုင္ေၾကာင္း အသိေပးထားသည္။


ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာလျှင် ကျပ် ၁၇၀ မှ ၂၆၅ အထိ မြင့်တက်
====================
ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈ ဝန်းကျင်အထိ မြင့်တက်လာမှု၏ သက်ရောက်မှုကြောင့် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများသည် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက တစ်လီတာလျှင် ကျပ် ၁၇၀ မှ ၂၆၅ အထိ မြင့်တက်လာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဩဂုတ် ၇ ရက်တွင် ထုတ်ပြန်သည်။

ထုတ်ပြန်ထားသည့် ရန်ကုန်မြို့ ရည်ညွှန်းဈေးနှုန်းများအရ 92 Ron ဓာတ်ဆီ တစ်လီတာလျှင် ၃,၈၄၀ ကျပ်၊ 95 Ron ဓာတ်ဆီ ၃,၉၅၀ ကျပ်၊ ဒီဇယ် (HSD 500 ppm) ၄,၁၅၅ ကျပ်နှင့် ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) ၅,၀၅၀ ကျပ် သတ်မှတ်ထားပြီး ယင်းဈေးနှုန်းများကို ဩဂုတ် ၁၃ ရက်အထိ ကျင့်သုံးမည်ဖြစ်ကြောင်း သိရသည်။

ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက 92 Ron ဓာတ်ဆီ တစ်လီတာလျှင် ၂၀၀ ကျပ်၊ 95 Ron ဓာတ်ဆီ ၂၆၅ ကျပ်၊ ဒီဇယ် ၁၇၀ ကျပ်နှင့် ပရီမီယံဒီဇယ် ၂၂၀ ကျပ် အသီးသီး မြင့်တက်လာခဲ့သည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက စက်သုံးဆီရည်ညွှန်းဈေးနှုန်းများကို MOPS ဈေးနှုန်းအပေါ် အခြေခံတွက်ချက် ထုတ်ပြန်လျက်ရှိပြီး သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း သို့မဟုတ် ဈေးနှုန်းမမှန်ကန်မှုများ တွေ့ရှိပါက ကော်မတီ၏ Hotline ဖုန်းနံပါတ်များသို့ တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။