တကၠသိုလ္ဝင္စာေမးပြဲ အမွတ္စာရင္း ဇူလိုင္ ၁၆ ရက္တြင္ စတင္ထုတ္ယူႏိုင္

တကၠသိုလ္ဝင္စာေမးပြဲ အမွတ္စာရင္း ဇူလိုင္ ၁၆ ရက္တြင္ စတင္ထုတ္ယူႏိုင္
=========================
၂၀၂၆ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ အမွတ္စာရင္းမ်ားကို ဇူလိုင္ ၁၆ ရက္မွ စတင္ကာ ျမန္မာႏိုင္ငံ စာစစ္ဦးစီးဌာန ေနျပည္ေတာ္ႏွင့္ ရန္ကုန္တို႔တြင္ စတင္ထုတ္ယူႏိုင္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက အသိေပးေၾကညာထားသည္။
အမွတ္စာရင္းထုတ္ယူရန္အတြက္ ဇူလိုင္ ၁၄ ရက္မွစတင္ကာ Onlineတြင္ ႀကိဳတင္ေလွ်ာက္ထားသည့္ စနစ္ျဖင့္ https://osp.dme.gov.mmတြင္ ႀကိဳတင္ရက္ခ်ိန္းယူရမည္ျဖစ္ၿပီး ရက္ခ်ိန္းရၿပီးေနာက္ QR Code ႏွင့္ လုပ္ငန္းစဥ္နံပါတ္အားရန္ကုန္ႏွင့္ ေနျပည္ေတာ္စာစစ္ဌာနတြင္ ျပသၿပီး အမွတ္စာရင္း ထုတ္ယူရမည္ျဖစ္ေၾကာင္း သိရသည္။
တကၠသိုလ္ဝင္ စာေမးပြဲအမွတ္စာရင္း ထုတ္ယူႏိုင္ရန္အခက္အခဲရွိသူမ်ားအား စာတိုက္မွ စာပို႔စနစ္ျဖင့္ ပို႔ေပးႏိုင္ရန္ ေဆာင္႐ြက္ေနၿပီး လက္ရွိတြင္ ရန္ကုန္ႏွင့္ ေနျပည္ေတာ္တြင္သာ ထုတ္ယူႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
အမွတ္စာရင္း ထုတ္ယူရန္အတြက္ အြန္လိုင္းမွ ႀကိဳတင္ရက္ခ်ိန္းရယူခ်ိန္တြင္ အမွတ္စာရင္း သုံးေစာင္အထိ ေလွ်ာက္ထားႏိုင္ၿပီး ႀကိဳတင္ရက္ခ်ိန္းရယူထားျခင္း မရွိပါကအမွတ္စာရင္း ထုတ္ေပးမည္မဟုတ္ေၾကာင္း သိရသည္။
ရက္ခ်ိန္းယူၿပီးေနာက္ စနစ္ကထုတ္ေပးမည့္ လုပ္ငန္းစဥ္ QR ႏွင့္အတူ ႏိုင္ငံသားစိစစ္ေရးကတ္၊ ယာဥ္ေမာင္းလိုင္စင္မူရင္းတို႔ကို ယူေဆာင္ကာ လာေရာက္ထုတ္ယူရမည္ျဖစ္ၿပီးစနစ္တြင္ ျဖည့္သြင္းထားသည့္အခ်က္အလက္ႏွင့္ လာေရာက္ထုတ္ယူသူ အခ်က္အလက္ကြဲလြဲပါကရက္ခ်ိန္းရယူထားမႈကို ပယ္ဖ်က္ၿပီးအမွတ္စာရင္း ထုတ္ေပးမည္မဟုတ္ေၾကာင္း သိရသည္။
တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်း ဇူလိုင် ၁၆ ရက်တွင် စတင်ထုတ်ယူနိုင်
=========================
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို ဇူလိုင် ၁၆ ရက်မှ စတင်ကာ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန နေပြည်တော်နှင့် ရန်ကုန်တို့တွင် စတင်ထုတ်ယူနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးကြေညာထားသည်။
အမှတ်စာရင်းထုတ်ယူရန်အတွက် ဇူလိုင် ၁၄ ရက်မှစတင်ကာ Onlineတွင် ကြိုတင်လျှောက်ထားသည့် စနစ်ဖြင့် https://osp.dme.gov.mmတွင် ကြိုတင်ရက်ချိန်းယူရမည်ဖြစ်ပြီး ရက်ချိန်းရပြီးနောက် QR Code နှင့် လုပ်ငန်းစဉ်နံပါတ်အားရန်ကုန်နှင့် နေပြည်တော်စာစစ်ဌာနတွင် ပြသပြီး အမှတ်စာရင်း ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ဝင် စာမေးပွဲအမှတ်စာရင်း ထုတ်ယူနိုင်ရန်အခက်အခဲရှိသူများအား စာတိုက်မှ စာပို့စနစ်ဖြင့် ပို့ပေးနိုင်ရန် ဆောင်ရွက်နေပြီး လက်ရှိတွင် ရန်ကုန်နှင့် နေပြည်တော်တွင်သာ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
အမှတ်စာရင်း ထုတ်ယူရန်အတွက် အွန်လိုင်းမှ ကြိုတင်ရက်ချိန်းရယူချိန်တွင် အမှတ်စာရင်း သုံးစောင်အထိ လျှောက်ထားနိုင်ပြီး ကြိုတင်ရက်ချိန်းရယူထားခြင်း မရှိပါကအမှတ်စာရင်း ထုတ်ပေးမည်မဟုတ်ကြောင်း သိရသည်။
ရက်ချိန်းယူပြီးနောက် စနစ်ကထုတ်ပေးမည့် လုပ်ငန်းစဉ် QR နှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်၊ ယာဉ်မောင်းလိုင်စင်မူရင်းတို့ကို ယူဆောင်ကာ လာရောက်ထုတ်ယူရမည်ဖြစ်ပြီးစနစ်တွင် ဖြည့်သွင်းထားသည့်အချက်အလက်နှင့် လာရောက်ထုတ်ယူသူ အချက်အလက်ကွဲလွဲပါကရက်ချိန်းရယူထားမှုကို ပယ်ဖျက်ပြီးအမှတ်စာရင်း ထုတ်ပေးမည်မဟုတ်ကြောင်း သိရသည်။




