တယ္လီဂရမ္ အသုံးျပဳသူ သန္း ၁၂၀ ၏ အခ်က္အလက္မ်ားေပါက္ၾကားေၾကာင္း သတင္းထြက္ေန

တယ္လီဂရမ္ အသုံးျပဳသူ သန္း ၁၂၀ ၏ အခ်က္အလက္မ်ားေပါက္ၾကားေၾကာင္း သတင္းထြက္ေန
===================
တယ္လီဂရမ္သုံးတဲ့သူ သန္း ၁၂၀ ရဲ႕ အခ်က္အလက္ေတြ ေပါက္ၾကားသြားတယ္လို သတင္းထြက္ေနပါတယ္။
ႏိုင္ငံတကာက တယ္လီဂရမ္သုံးသူ သန္း ၁၂၀ ေက်ာ္ရဲ႕ အခ်က္အလက္ေတြပါတဲ့ ေဒတာအႀကီးႀကီးတစ္ခုကို သူရထားတယ္ဆိုၿပီး ဟက္ကာတစ္ေယာက္က ေၾကညာထားတာပါ။
အဲဒီထုတ္ျပန္ထားတဲ့ ေဒတာေတြထဲမွာ ဖုန္းနံပါတ္ေတြနဲ႔ ႏိုင္ငံကုတ္ေတြ၊ နာမည္နဲ႔ မ်ိဳး႐ိုးနာမည္ေတြ၊ တယ္လီဂရမ္ Username ေတြနဲ႔ နာမည္ေျပာင္ေတြ၊ User ID ေတြ၊ အီးေမးလ္လိပ္စာေတြ၊ ႏိုင္ငံအခ်က္အလက္ေတြ နဲ႔ ေဒတာရင္းျမစ္ အခ်က္အလက္ေတြ ပါတယ္လို ဆိုပါတယ္။
သူေျပာပုံအရဆို အဲဒီအထဲမွာ အီရန္ႏိုင္ငံက အခ်က္အလက္ ၄၆.၇ သန္းေလာက္နဲ႔ ႐ုရွားႏိုင္ငံက ၁၄.၆ သန္းေလာက္က အမ်ားဆုံးပါဝင္ေနၿပီး တျခားႏိုင္ငံေတြက ေဒတာေတြလည္း နည္းနည္းစီ ပါေသးတယ္လို သိရပါတယ္။
ဒါေပမယ့္ တယ္လီဂရမ္ဆာဗာေတြ တကယ္ ဟက္ခံရတာလားဆိုတာကို အတည္ျပဳႏိုင္တဲ့ သက္ေသအေထာက္အထားကေတာ့ အခုထိ မရွိေသးပါဘူး။ ဟက္ကာဖိုရမ္ေတြမွာ ေရာင္းေနၾကတဲ့ ဒီတယ္လီဂရမ္ေဒတာေတြဟာ ေရွ႕က ေပါက္ၾကားခဲ့တာေတြ၊ ဖုန္းနံပါတ္ေတြကတစ္ဆင့္ ယူထားတာေတြ၊ အခ်က္အလက္ေတြ လိုက္စုထုတ္ထားတာေတြ၊ လူသိရွင္ၾကား အခ်က္အလက္ေတြကို ေပါင္းစပ္စုေဆာင္းထားတာေတြ (OSINT) ဒါမွမဟုတ္ ေနရာစုံက ေဒတာေတြကို ေပါင္းၿပီး စုစည္းထားတာေတြ ျဖစ္ႏိုင္ပါတယ္။
အခုေျပာေနတဲ့ သန္း ၁၂၀ ေက်ာ္ဆိုတဲ့ ပမာဏနဲ႔ ဘယ္ကေန ဘယ္လို ေပါက္လာလဲဆိုတာကိုလဲ သီးသန႔္ အတည္မျပဳႏိုင္ေသးပါဘူး။ ဒါေၾကာင့္ ဒီျဖစ္စဥ္ကို တယ္လီဂရမ္ ဟက္ခံရတယ္လို အေသအခ်ာ မေျပာႏိုင္ေသးဘဲ တယ္လီဂရမ္အခ်က္အလက္ေတြ ေပါက္ၾကားတယ္လိုပဲ သံသယရွိတဲ့အဆင့္အေနနဲ႔ သတ္မွတ္ထားသင့္တယ္ လို ေလ့လာသူေတြက ဆိုၾကပါတယ္။ #popular
တယ်လီဂရမ် အသုံးပြုသူ သန်း ၁၂၀ ၏ အချက်အလက်များပေါက်ကြားကြောင်း သတင်းထွက်နေ
===================
တယ်လီဂရမ်သုံးတဲ့သူ သန်း ၁၂၀ ရဲ့ အချက်အလက်တွေ ပေါက်ကြားသွားတယ်လို သတင်းထွက်နေပါတယ်။
နိုင်ငံတကာက တယ်လီဂရမ်သုံးသူ သန်း ၁၂၀ ကျော်ရဲ့ အချက်အလက်တွေပါတဲ့ ဒေတာအကြီးကြီးတစ်ခုကို သူရထားတယ်ဆိုပြီး ဟက်ကာတစ်ယောက်က ကြေညာထားတာပါ။
အဲဒီထုတ်ပြန်ထားတဲ့ ဒေတာတွေထဲမှာ ဖုန်းနံပါတ်တွေနဲ့ နိုင်ငံကုတ်တွေ၊ နာမည်နဲ့ မျိုးရိုးနာမည်တွေ၊ တယ်လီဂရမ် Username တွေနဲ့ နာမည်ပြောင်တွေ၊ User ID တွေ၊ အီးမေးလ်လိပ်စာတွေ၊ နိုင်ငံအချက်အလက်တွေ နဲ့ ဒေတာရင်းမြစ် အချက်အလက်တွေ ပါတယ်လို ဆိုပါတယ်။
သူပြောပုံအရဆို အဲဒီအထဲမှာ အီရန်နိုင်ငံက အချက်အလက် ၄၆.၇ သန်းလောက်နဲ့ ရုရှားနိုင်ငံက ၁၄.၆ သန်းလောက်က အများဆုံးပါဝင်နေပြီး တခြားနိုင်ငံတွေက ဒေတာတွေလည်း နည်းနည်းစီ ပါသေးတယ်လို သိရပါတယ်။
ဒါပေမယ့် တယ်လီဂရမ်ဆာဗာတွေ တကယ် ဟက်ခံရတာလားဆိုတာကို အတည်ပြုနိုင်တဲ့ သက်သေအထောက်အထားကတော့ အခုထိ မရှိသေးပါဘူး။ ဟက်ကာဖိုရမ်တွေမှာ ရောင်းနေကြတဲ့ ဒီတယ်လီဂရမ်ဒေတာတွေဟာ ရှေ့က ပေါက်ကြားခဲ့တာတွေ၊ ဖုန်းနံပါတ်တွေကတစ်ဆင့် ယူထားတာတွေ၊ အချက်အလက်တွေ လိုက်စုထုတ်ထားတာတွေ၊ လူသိရှင်ကြား အချက်အလက်တွေကို ပေါင်းစပ်စုဆောင်းထားတာတွေ (OSINT) ဒါမှမဟုတ် နေရာစုံက ဒေတာတွေကို ပေါင်းပြီး စုစည်းထားတာတွေ ဖြစ်နိုင်ပါတယ်။
အခုပြောနေတဲ့ သန်း ၁၂၀ ကျော်ဆိုတဲ့ ပမာဏနဲ့ ဘယ်ကနေ ဘယ်လို ပေါက်လာလဲဆိုတာကိုလဲ သီးသန့် အတည်မပြုနိုင်သေးပါဘူး။ ဒါကြောင့် ဒီဖြစ်စဉ်ကို တယ်လီဂရမ် ဟက်ခံရတယ်လို အသေအချာ မပြောနိုင်သေးဘဲ တယ်လီဂရမ်အချက်အလက်တွေ ပေါက်ကြားတယ်လိုပဲ သံသယရှိတဲ့အဆင့်အနေနဲ့ သတ်မှတ်ထားသင့်တယ် လို လေ့လာသူတွေက ဆိုကြပါတယ်။ #popular




