ေဟာ္မုဇ္ေရလက္ၾကား သေဘာတူညီခ်က္ သတင္းကို ထရန႔္ ပယ္ခ်ၿပီးေနာက္ အေမရိကန္ႏွင့္ အီရန္အၾကား အျပန္အလွန္ တိုက္ခိုက္မႈမ်ား ျဖစ္ပြားေဟာ္မုဇ္ေရလက္ၾကား သေဘာတူညီခ်က္ သတင္းကို ထရန႔္ ပယ္ခ်ၿပီးေနာက္ အေမရိကန္ႏွင့္ အီရန္အၾကား အျပန္အလွန္ တိုက္ခိုက္မႈမ်ား ျဖစ္ပြား

ေဟာ္မုဇ္ေရလက္ၾကား သေဘာတူညီခ်က္ သတင္းကို ထရန႔္ ပယ္ခ်ၿပီးေနာက္ အေမရိကန္ႏွင့္ အီရန္အၾကား အျပန္အလွန္ တိုက္ခိုက္မႈမ်ား ျဖစ္ပြားေဟာ္မုဇ္ေရလက္ၾကား သေဘာတူညီခ်က္ သတင္းကို ထရန႔္ ပယ္ခ်ၿပီးေနာက္ အေမရိကန္ႏွင့္ အီရန္အၾကား အျပန္အလွန္ တိုက္ခိုက္မႈမ်ား ျဖစ္ပြား

============================ေမ ၂၈
​​​​​ေဟာ္မုဇ္ေရလက္ၾကား (Strait of Hormuz) ျပန္လည္ဖြင့္လွစ္မည့္ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ သတင္းကို အေမရိကန္သမၼတ ေဒၚနယ္ထရန႔္က ပယ္ခ်ၿပီးေနာက္၊ အေမရိကန္ႏွင့္ အီရန္အၾကား စစ္ေရးအရ အျပန္ အလွန္ တိုက္ခိုက္မႈမ်ား ထပ္မံေပၚေပါက္လာၿပီး ႂကြပ္ဆတ္ေနေသာ အပစ္ရပ္ေရး ေဆြးေႏြးပြဲမ်ား ပိုမိုတင္းမာလာခဲ့သည္။​     အီရန္အစၥလာမၼစ္ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕ (IRGC) ၏ ေၾကညာခ်က္အရ ၾကာသပေတးေန႔ နံနက္အေစာပိုင္းတြင္ အေမရိကန္စစ္တပ္က အီရန္ေတာင္ပိုင္း ဘန္ဒါအာဘတ္စ္ (Bandar Abbas) ေလဆိပ္အနီးသို႔ ေဝဟင္မွ ပစ္ခတ္တိုက္ခိုက္ခဲ့သျဖင့္၊ ၎တိုက္ခိုက္မႈကို လုပ္ေဆာင္ခဲ့သည့္ အေမရိကန္ေလတပ္အေျခစိုက္စခန္းကို နံနက္ ၄:၅၀ နာရီတြင္ ဒုံးက်ည္မ်ားျဖင့္ ျပန္ လည္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
IRGC က အဆိုပါ အေျခစိုက္စခန္း တည္ရွိရာေနရာကို အေသးစိတ္ ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေသာ္လည္း၊ ကူဝိတ္စစ္တပ္ကမူ ၎တို႔၏ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္သည္ ၾကာသပေတးေန႔က “ရန္သူ႔” တိုက္ခိုက္မႈတစ္ခုကို တုံ႔ျပန္ခဲ့ရေၾကာင္း ေျပာၾကားခဲ့သည္။​     အမည္မေဖာ္လိုသူ အေမရိကန္အရာရွိတစ္ဦးက ႐ိုက္တာသတင္းေအဂ်င္စီသို႔ ေျပာၾကားရာတြင္ အေမရိကန္စစ္တပ္သည္ အီရန္၏ တိုက္ခိုက္ေရးဒ႐ုန္း ေလးစင္းကို ပစ္ခ်ခဲ့ၿပီး၊ ပၪၥမေျမာက္ဒ႐ုန္းကို လႊတ္တင္ရန္ ျပင္ဆင္ေနသည့္ ဆိပ္ကမ္းၿမိဳ႕ ဘန္ဒါအာဘတ္စ္ရွိ ေျမျပင္ထိန္းခ်ဳပ္ေရးစခန္းတစ္ခုကို တိုက္ခိုက္ခဲ့ေၾကာင္း ဆိုသည္။​     “ဒီလုပ္ရပ္ေတြဟာ သင့္တင့္မွ်တမႈရွိၿပီး၊ လုံးဝ ကာကြယ္ေရးသက္သက္ျဖစ္ကာ အပစ္အခတ္ရပ္စဲေရးကို ဆက္လက္ထိန္း သိမ္းထားဖို႔ ရည္႐ြယ္တာျဖစ္ပါတယ္” ဟု အဆိုပါ အရာရွိက ၾကာသပေတးေန႔တြင္ ေျပာၾကားခဲ့သည္။​     ယခုတိုက္ခိုက္မႈသည္ အပစ္ရပ္စဲေရး ေၾကညာၿပီးေနာက္ပိုင္း ႏွစ္ဖက္စလုံး တိုက္႐ိုက္စစ္ေရးအရ ရင္ဆိုင္ေတြ႕ၾကသည့္ တတိယအႀကိမ္ေျမာက္ ျဖစ္ေသာ္လည္း၊ ဝါရွင္တန္ႏွင့္ တီဟီရန္ႏွစ္ဖက္စလုံးက အပစ္ရပ္ေရး သေဘာတူညီခ်က္ ပ်က္ျပားသြားၿပီဟု ထုတ္ေဖာ္ေျပာဆိုျခင္း မရွိေသးေပ။​     စစ္ေရးအရ တင္းမာမႈမ်ား မျဖစ္ပြားမီ ဗုဒၶဟူးေန႔ အစိုးရအဖြဲ႕အစည္းအေဝးတြင္ သမၼတ ထရန႔္က အီရန္ႏိုင္ငံပိုင္႐ုပ္သံမွ ထုတ္လႊင့္ခဲ့သည့္ ေဟာ္မုဇ္ေရလက္ၾကား ပူးတြဲစီမံခန႔္ခြဲေရးႏွင့္ ရက္ေပါင္း ၃၀ အတြင္း ကုန္သြယ္ေရးသေဘၤာမ်ား ျပန္လည္သြားလာခြင့္ျပဳမည့္ အျပည့္အစုံပါဝင္ေသာ “အလြတ္သေဘာ သေဘာတူညီခ်က္မူၾကမ္း” သတင္းကို လုံးဝပယ္ခ်ခဲ့သည္။
ထရန႔္က ေဟာ္မုဇ္ေရလက္ၾကားသည္ ႏိုင္ငံတကာပိုင္ေရျပင္ျဖစ္ၿပီး မည္သည့္ႏိုင္ငံကိုမွ် ထိန္းခ်ဳပ္ခြင့္ေပးမည္မဟုတ္ေၾကာင္း၊ ၾကားဝင္ညႇိႏႈိင္းေပးေနသည့္ အိုမန္ႏိုင္ငံအေနျဖင့္ စည္းကမ္းတက်မေနပါက “မႈတ္ထုတ္ပစ္ရလိမ့္မည္” ဟုပါ ၿခိမ္းေျခာက္ေျပာဆိုခဲ့သည္။ ၎အျပင္ အေမရိကန္အေနျဖင့္ အီရန္အေပၚ ခ်မွတ္ထားသည့္ စီးပြားေရးပိတ္ဆို႔မႈမ်ားကို ေလွ်ာ့ခ်ေပးရန္ ေဆြးေႏြးေနျခင္းမရွိေၾကာင္း အခိုင္အမာဆိုသည္။​     ထရန႔္၏ ေျပာၾကားခ်က္အေပၚ အီရန္လႊတ္ေတာ္ အမ်ိဳး သားလုံၿခဳံေရးေကာ္မတီဥကၠ႒ အီဘရာဟင္ အာဇီဇီက “ထရန႔္ဟာ မဟာဗ်ဴဟာေျမာက္ ပိတ္မိေနတဲ့ အေျခအေနကေန ထြက္ေပါက္ရွာဖို႔ ၿခိမ္းေျခာက္လိုက္၊ အသနားခံလိုက္ လုပ္ေနတာျဖစ္ၿပီး အီရန္အေနနဲ႔ မိမိတို႔ေတာင္းဆိုခ်က္ေတြကေန ဆုတ္ခြာမွာမဟုတ္ဘူး” ဟု X တြင္ တုံ႔ျပန္ခဲ့သည္။​     အေမရိကန္-အီရန္ စစ္ေရးအရ အျပန္အလွန္ တိုက္ခိုက္မႈ သတင္းမ်ား ထြက္ေပၚလာၿပီးေနာက္ ၿပီးခဲ့သည့္ရက္က ၅ ရာခိုင္ ႏႈန္းေက်ာ္ က်ဆင္းသြားခဲ့သည့္ ကမာၻ႔ေရနံစိမ္းေစ်းႏႈန္းမ်ား သည္ ၃ ရာခိုင္ႏႈန္းေက်ာ္ ျပန္လည္ျမင့္တက္လာခဲ့ၿပီး၊ စေတာ့ရွယ္ယာမ်ား ျပန္လည္က်ဆင္းကာ အေမရိကန္ေဒၚလာေစ်း ျပန္လည္ျမင့္တက္လာခဲ့သည္။


ဟော်မုဇ်ရေလက်ကြား သဘောတူညီချက် သတင်းကို ထရန့် ပယ်ချပြီးနောက် အမေရိကန်နှင့် အီရန်အကြား အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွား
============================
မေ ၂၈

​​​​​ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပြန်လည်ဖွင့်လှစ်မည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သတင်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပယ်ချပြီးနောက်၊ အမေရိကန်နှင့် အီရန်အကြား စစ်ရေးအရ အပြန် အလှန် တိုက်ခိုက်မှုများ ထပ်မံပေါ်ပေါက်လာပြီး ကြွပ်ဆတ်နေသော အပစ်ရပ်ရေး ဆွေးနွေးပွဲများ ပိုမိုတင်းမာလာခဲ့သည်။

အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ကြေညာချက်အရ ကြာသပတေးနေ့ နံနက်အစောပိုင်းတွင် အမေရိကန်စစ်တပ်က အီရန်တောင်ပိုင်း ဘန်ဒါအာဘတ်စ် (Bandar Abbas) လေဆိပ်အနီးသို့ ဝေဟင်မှ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်၊ ၎င်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည့် အမေရိကန်လေတပ်အခြေစိုက်စခန်းကို နံနက် ၄:၅၀ နာရီတွင် ဒုံးကျည်များဖြင့် ပြန် လည်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

IRGC က အဆိုပါ အခြေစိုက်စခန်း တည်ရှိရာနေရာကို အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း၊ ကူဝိတ်စစ်တပ်ကမူ ၎င်းတို့၏ လေကြောင်းရန်ကာကွယ်ရေးစနစ်သည် ကြာသပတေးနေ့က “ရန်သူ့” တိုက်ခိုက်မှုတစ်ခုကို တုံ့ပြန်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦးက ရိုက်တာသတင်းအေဂျင်စီသို့ ပြောကြားရာတွင် အမေရိကန်စစ်တပ်သည် အီရန်၏ တိုက်ခိုက်ရေးဒရုန်း လေးစင်းကို ပစ်ချခဲ့ပြီး၊ ပဉ္စမမြောက်ဒရုန်းကို လွှတ်တင်ရန် ပြင်ဆင်နေသည့် ဆိပ်ကမ်းမြို့ ဘန်ဒါအာဘတ်စ်ရှိ မြေပြင်ထိန်းချုပ်ရေးစခန်းတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

“ဒီလုပ်ရပ်တွေဟာ သင့်တင့်မျှတမှုရှိပြီး၊ လုံးဝ ကာကွယ်ရေးသက်သက်ဖြစ်ကာ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်း သိမ်းထားဖို့ ရည်ရွယ်တာဖြစ်ပါတယ်” ဟု အဆိုပါ အရာရှိက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ယခုတိုက်ခိုက်မှုသည် အပစ်ရပ်စဲရေး ကြေညာပြီးနောက်ပိုင်း နှစ်ဖက်စလုံး တိုက်ရိုက်စစ်ရေးအရ ရင်ဆိုင်တွေ့ကြသည့် တတိယအကြိမ်မြောက် ဖြစ်သော်လည်း၊ ဝါရှင်တန်နှင့် တီဟီရန်နှစ်ဖက်စလုံးက အပစ်ရပ်ရေး သဘောတူညီချက် ပျက်ပြားသွားပြီဟု ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

စစ်ရေးအရ တင်းမာမှုများ မဖြစ်ပွားမီ ဗုဒ္ဓဟူးနေ့ အစိုးရအဖွဲ့အစည်းအဝေးတွင် သမ္မတ ထရန့်က အီရန်နိုင်ငံပိုင်ရုပ်သံမှ ထုတ်လွှင့်ခဲ့သည့် ဟော်မုဇ်ရေလက်ကြား ပူးတွဲစီမံခန့်ခွဲရေးနှင့် ရက်ပေါင်း ၃၀ အတွင်း ကုန်သွယ်ရေးသင်္ဘောများ ပြန်လည်သွားလာခွင့်ပြုမည့် အပြည့်အစုံပါဝင်သော “အလွတ်သဘော သဘောတူညီချက်မူကြမ်း” သတင်းကို လုံးဝပယ်ချခဲ့သည်။

ထရန့်က ဟော်မုဇ်ရေလက်ကြားသည် နိုင်ငံတကာပိုင်ရေပြင်ဖြစ်ပြီး မည်သည့်နိုင်ငံကိုမျှ ထိန်းချုပ်ခွင့်ပေးမည်မဟုတ်ကြောင်း၊ ကြားဝင်ညှိနှိုင်းပေးနေသည့် အိုမန်နိုင်ငံအနေဖြင့် စည်းကမ်းတကျမနေပါက “မှုတ်ထုတ်ပစ်ရလိမ့်မည်” ဟုပါ ခြိမ်းခြောက်ပြောဆိုခဲ့သည်။ ၎င်းအပြင် အမေရိကန်အနေဖြင့် အီရန်အပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို လျှော့ချပေးရန် ဆွေးနွေးနေခြင်းမရှိကြောင်း အခိုင်အမာဆိုသည်။

ထရန့်၏ ပြောကြားချက်အပေါ် အီရန်လွှတ်တော် အမျိုး သားလုံခြုံရေးကော်မတီဥက္ကဋ္ဌ အီဘရာဟင် အာဇီဇီက “ထရန့်ဟာ မဟာဗျူဟာမြောက် ပိတ်မိနေတဲ့ အခြေအနေကနေ ထွက်ပေါက်ရှာဖို့ ခြိမ်းခြောက်လိုက်၊ အသနားခံလိုက် လုပ်နေတာဖြစ်ပြီး အီရန်အနေနဲ့ မိမိတို့တောင်းဆိုချက်တွေကနေ ဆုတ်ခွာမှာမဟုတ်ဘူး” ဟု X တွင် တုံ့ပြန်ခဲ့သည်။

အမေရိကန်-အီရန် စစ်ရေးအရ အပြန်အလှန် တိုက်ခိုက်မှု သတင်းများ ထွက်ပေါ်လာပြီးနောက် ပြီးခဲ့သည့်ရက်က ၅ ရာခိုင် နှုန်းကျော် ကျဆင်းသွားခဲ့သည့် ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းများ သည် ၃ ရာခိုင်နှုန်းကျော် ပြန်လည်မြင့်တက်လာခဲ့ပြီး၊ စတော့ရှယ်ယာများ ပြန်လည်ကျဆင်းကာ အမေရိကန်ဒေါ်လာစျေး ပြန်လည်မြင့်တက်လာခဲ့သည်။