ကေလးမ်ားအတြက္ ဆိုရွယ္မီဒီယာက ေဆးလိပ္ေသာက္သကဲ့သို႔ ဆိုးက်ိဳးမ်ားဟု ၿဗိတိန္ဆရာဝန္မ်ားေျပာ

ကေလးမ်ားအတြက္ ဆိုရွယ္မီဒီယာက ေဆးလိပ္ေသာက္သကဲ့သို႔ ဆိုးက်ိဳးမ်ားဟု ၿဗိတိန္ဆရာဝန္မ်ားေျပာ
============================
ကေလးငယ္မ်ားအေနျဖင့္ ဆိုရွယ္မီဒီယာအသုံးျပဳမႈသည္ ၎တို႔အတြက္ေဆးလိပ္ေသာက္သကဲ့သို႔ ဆိုးက်ိဳးမ်ားေၾကာင္းၿဗိတိန္ဆရာဝန္မ်ားက ေမလ ၂၆ ရက္တြင္ေျပာသည္။ ထို႔ျပင္ ကေလးငယ္မ်ားအေနျဖင့္ ဖန္သားျပင္ၾကည့္ရႈအသုံးျပဳမႈ အခ်ိန္လြန္ကဲျခင္းသည္ အလြန္အႏၲရာယ္မ်ားေသာေၾကာင့္ လႊတ္ေတာ္အမတ္မ်ားအေနျဖင့္ ထိုကိစၥကိုကိုင္တြယ္ရန္ ဆရာဝန္မ်ားက ေတာင္းဆိုထားသည္။

အစိုးရအဖြဲ႕ကလုပ္ေဆာင္သည့္ ကေလးမ်ားကိုအြန္လိုင္းအသုံးျပဳျခင္းမွ ကာကြယ္ေရးႏွီးေႏွာဖလွယ္ပြဲ၌ ေဆးဘက္ဆိုင္ရာေတာ္ဝင္ေကာလိပ္မ်ားအကယ္ဒမီမွဆရာဝန္မ်ားက ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။ ထိုအကယ္ဒမီမွဆရာဝန္ ၁၃၂ ဦးအနက္ ထက္ဝက္ခန႔္သည္ နည္းပညာႏွင့္ နည္းပညာသုံးပစၥည္းမ်ားေၾကာင့္ ကေလးမ်ားထိခိုက္ရမႈကို သီတင္းပတ္တစ္ပတ္လွ်င္ တစ္ဦးႏႈန္းျဖင့္ေတြ႕လာရေၾကာင္းႏွင့္ ၎တို႔အနက္သုံးပုံတစ္ပုံသည္ သီတင္းပတ္တစ္ပတ္အတြင္းမွာပင္ ေဆးခန္းအႀကိမ္ႀကိမ္ျပရသူမ်ားျဖစ္ေၾကာင္း ဆရာဝန္မ်ားကေျပာသည္။

ကေလးမ်ားဆိုရွယ္မီဒီယာအသုံးျပဳမႈလြန္ကဲျခင္းေၾကာင့္ မဖြယ္မရာအေျခအေနမ်ားကိုစမ္းသပ္ရာမွ ႐ုပ္ပိုင္းဆိုင္ရာဒဏ္ရာမ်ားရမႈမွသည္ အၾကမ္းဖက္မႈမ်ားကိုၾကည့္ရႈရျခင္းေၾကာင့္ စိတ္ဒဏ္ရာရျခင္းကဲ့သို႔ စိတ္ပိုင္းဆိုင္ရာထိခိုက္မႈမ်ားအထိျဖစ္ရေၾကာင္း ဆရာဝန္မ်ား၏ထုတ္ျပန္ခ်က္၌ေဖာ္ျပထားသည္။ လက္ရွိတြင္ ၿဗိတိန္အစိုးရက အသက္ ၁၆ ႏွစ္ေအာက္ကေလးမ်ားကို ဆိုရွယ္မီဒီယာအသုံးျပဳမႈ ကန႔္သတ္ရန္ စီစဥ္ေနသည္။


ကလေးများအတွက် ဆိုရှယ်မီဒီယာက ဆေးလိပ်သောက်သကဲ့သို့ ဆိုးကျိုးများဟု ဗြိတိန်ဆရာဝန်များပြော
============================
ကလေးငယ်များအနေဖြင့် ဆိုရှယ်မီဒီယာအသုံးပြုမှုသည် ၎င်းတို့အတွက်ဆေးလိပ်သောက်သကဲ့သို့ ဆိုးကျိုးများကြောင်းဗြိတိန်ဆရာဝန်များက မေလ ၂၆ ရက်တွင်ပြောသည်။ ထို့ပြင် ကလေးငယ်များအနေဖြင့် ဖန်သားပြင်ကြည့်ရှုအသုံးပြုမှု အချိန်လွန်ကဲခြင်းသည် အလွန်အန္တရာယ်များသောကြောင့် လွှတ်တော်အမတ်များအနေဖြင့် ထိုကိစ္စကိုကိုင်တွယ်ရန် ဆရာဝန်များက တောင်းဆိုထားသည်။

အစိုးရအဖွဲ့ကလုပ်ဆောင်သည့် ကလေးများကိုအွန်လိုင်းအသုံးပြုခြင်းမှ ကာကွယ်ရေးနှီးနှောဖလှယ်ပွဲ၌ ဆေးဘက်ဆိုင်ရာတော်ဝင်ကောလိပ်များအကယ်ဒမီမှဆရာဝန်များက ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ ထိုအကယ်ဒမီမှဆရာဝန် ၁၃၂ ဦးအနက် ထက်ဝက်ခန့်သည် နည်းပညာနှင့် နည်းပညာသုံးပစ္စည်းများကြောင့် ကလေးများထိခိုက်ရမှုကို သီတင်းပတ်တစ်ပတ်လျှင် တစ်ဦးနှုန်းဖြင့်တွေ့လာရကြောင်းနှင့် ၎င်းတို့အနက်သုံးပုံတစ်ပုံသည် သီတင်းပတ်တစ်ပတ်အတွင်းမှာပင် ဆေးခန်းအကြိမ်ကြိမ်ပြရသူများဖြစ်ကြောင်း ဆရာဝန်များကပြောသည်။

ကလေးများဆိုရှယ်မီဒီယာအသုံးပြုမှုလွန်ကဲခြင်းကြောင့် မဖွယ်မရာအခြေအနေများကိုစမ်းသပ်ရာမှ ရုပ်ပိုင်းဆိုင်ရာဒဏ်ရာများရမှုမှသည် အကြမ်းဖက်မှုများကိုကြည့်ရှုရခြင်းကြောင့် စိတ်ဒဏ်ရာရခြင်းကဲ့သို့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများအထိဖြစ်ရကြောင်း ဆရာဝန်များ၏ထုတ်ပြန်ချက်၌ဖော်ပြထားသည်။ လက်ရှိတွင် ဗြိတိန်အစိုးရက အသက် ၁၆ နှစ်အောက်ကလေးများကို ဆိုရှယ်မီဒီယာအသုံးပြုမှု ကန့်သတ်ရန် စီစဉ်နေသည်။