လာလီဂါခ်န္ပီယံဆုကို ႏွစ္ႏွစ္ဆက္တိုက္ ဆြတ္ခူးသြားတဲ့ ဘာစီလိုနာ

လာလီဂါခ်န္ပီယံဆုကို ႏွစ္ႏွစ္ဆက္တိုက္ ဆြတ္ခူးသြားတဲ့ ဘာစီလိုနာ
===============================
အားကစား ေမ ၁၁
ဘာစီလိုနာအသင္းဟာ El Clasico ပြဲစဥ္မွာ မဟာၿပိဳင္ဘက္ ရီးယဲလ္မက္ဒရစ္အသင္းကို ၂-၀ ဂိုးနဲ႔ အႏိုင္ယူၿပီးေနာက္ လာလီဂါခ်န္ပီယံဆုကို ႏွစ္ႏွစ္ဆက္တိုက္ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဘာစီလိုနာရဲ႕ဂိုးေတြကို ရပ္ရွ္ဖိုဒ္(၉ မိနစ္)၊ ဖယ္ရန္ေတာရက္စ္(၁၈ မိနစ္)တိုက အေစာပိုင္းမွာပဲ သြင္းယူေပးခဲ့တာပါ။ ဘာစီလိုနာအေနနဲ႔ လာလီဂါရာသီၿပီးဆုံးဖို လက္က်န္သုံးပြဲအလိုမွာ ရီးယဲလ္ကို ၁၂ မွတ္ျဖတ္ကာ ဗိုလ္စြဲႏိုင္ခဲ့ပါတယ္။ ဘာစီလိုနာအသင္းအဖို လာလီဂါခ်န္ပီယံဆုကို သမိုင္းတစ္ေလွ်ာက္ ၂၉ ႀကိမ္ေျမာက္ ရရွိခဲ့တာျဖစ္တယ္။ ဒါ့အျပင္ အေအာင္ျမင္ဆုံး ရီးယဲလ္မက္ဒရစ္အသင္းေနာက္ ခုနစ္ႀကိမ္အကြာကို ေရာက္လာခဲ့ပါတယ္။ ဘာစီလိုနာအသင္းဟာ လာလီဂါ ၁၁ ပြဲဆက္ အႏိုင္ကစားၿပီး အခုရာသီ အိမ္ကြင္း ၁၈ ပြဲစလုံး ႏိုင္ပြဲရယူခဲ့ပါတယ္။
လာလီဂါချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးသွားတဲ့ ဘာစီလိုနာ
===============================
အားကစား မေ ၁၁
ဘာစီလိုနာအသင်းဟာ El Clasico ပွဲစဉ်မှာ မဟာပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ယူပြီးနောက် လာလီဂါချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာရဲ့ဂိုးတွေကို ရပ်ရှ်ဖိုဒ်(၉ မိနစ်)၊ ဖယ်ရန်တောရက်စ်(၁၈ မိနစ်)တိုက အစောပိုင်းမှာပဲ သွင်းယူပေးခဲ့တာပါ။ ဘာစီလိုနာအနေနဲ့ လာလီဂါရာသီပြီးဆုံးဖို လက်ကျန်သုံးပွဲအလိုမှာ ရီးယဲလ်ကို ၁၂ မှတ်ဖြတ်ကာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းအဖို လာလီဂါချန်ပီယံဆုကို သမိုင်းတစ်လျှောက် ၂၉ ကြိမ်မြောက် ရရှိခဲ့တာဖြစ်တယ်။ ဒါ့အပြင် အအောင်မြင်ဆုံး ရီးယဲလ်မက်ဒရစ်အသင်းနောက် ခုနစ်ကြိမ်အကွာကို ရောက်လာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ လာလီဂါ ၁၁ ပွဲဆက် အနိုင်ကစားပြီး အခုရာသီ အိမ်ကွင်း ၁၈ ပွဲစလုံး နိုင်ပွဲရယူခဲ့ပါတယ်။




