ဟန္တာဗိုင္းရပ္ကူးစက္မႈျဖစ္ပြားသည့္ သေဘၤာမွ ခရီးသည္မ်ားကို စတင္ေ႐ႊ႕ေျပာင္း

ဟန္တာဗိုင္းရပ္ကူးစက္မႈျဖစ္ပြားသည့္ သေဘၤာမွ ခရီးသည္မ်ားကို စတင္ေ႐ႊ႕ေျပာင္း
========================
ဟန္တာဗိုင္းရပ္ကူးစက္မႈျဖစ္ေနသည့္ MV Hondius အေပ်ာ္စီးသေဘၤာေပၚမွ ခရီးသည္မ်ားကို ကမာၻ႔က်န္းမာေရး အဖြဲ႕(WHO)၏ ႀကီးၾကပ္မႈျဖင့္ စတင္ေ႐ႊ႕ေျပာင္းေနၿပီျဖစ္ေၾကာင္း သိရသည္။ ထိုခရီးသည္မ်ားကို တင္ေဆာင္လာသည့္ ပထမဆုံးေလယာဥ္သည္ ေမလ ၁၀ ရက္တြင္ စပိန္ႏိုင္ငံ ကေနရီကြၽန္းစုမွ မက္ဒရစ္ၿမိဳ႕ရွိ စစ္ေဆး႐ုံသို႔ ထြက္ခြာသြားၿပီျဖစ္သည္။ ထိုသေဘၤာသည္ အာဖရိက အေနာက္ဘက္ကမ္း႐ိုးတန္းရွိ တက္နရစ္ကြၽန္းအနီးတြင္ ဆိုက္ကပ္ထားၿပီး စပိန္ႏိုင္ငံသား ၁၄ ဦးကို ပထမဆုံးေလယာဥ္ျဖင့္ ဦးစြာေ႐ႊ႕ေျပာင္းေပးခဲ့ျခင္း ျဖစ္သည္။
သေဘၤာေပၚတြင္ လိုက္ပါလာသူေပါင္း ၁၄၀ ေက်ာ္တြင္ ဗိုင္းရပ္ကူးစက္ခံရသည့္ လကၡဏာမ်ား မေတြ႕ရေသးေၾကာင္း စပိန္က်န္းမာေရးဝန္ႀကီးဌာန၊ ကမာၻ႔က်န္းမာေရးအဖြဲ႕ႏွင့္ သေဘၤာကုမၸဏီတို႔က ထုတ္ျပန္ထားသည္။ သို႔ေသာ္လည္း အာဂ်င္တီးနား
ႏိုင္ငံမွ ဧၿပီလအတြင္း ထြက္ခြာလာသည့္ ယင္းသေဘၤာေပၚတြင္ နယ္သာလန္ႏိုင္ငံမွ ဇနီးေမာင္ႏွံႏွစ္ဦးႏွင့္ ဂ်ာမနီမွအမ်ိဳးသမီးတစ္ဦးတို႔ အသက္ဆုံးရႈံးၿပီး အျခားသူအခ်ိဳ႕လည္း ဖ်ားနာမႈမ်ားျဖစ္ပြားသည္။
စပိန္ႏိုင္ငံသား ၁၄ ဦးမွာ မက္ဒရစ္သို႔ ေရာက္ရွိပါက သီးျခားခြဲေနထိုင္ရမည္ျဖစ္ၿပီး က်န္ရွိသည့္ခရီးသည္ႏွင့္ဝန္ထမ္းမ်ားကို ေမလ ၁၁ ရက္တြင္ ဩစေၾတးလ်ႏိုင္ငံသို႔ ေလယာဥ္ျဖင့္ ပို႔ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။
Ref: SCMP
ဟန်တာဗိုင်းရပ်ကူးစက်မှုဖြစ်ပွားသည့် သင်္ဘောမှ ခရီးသည်များကို စတင်ရွှေ့ပြောင်း
========================
ဟန်တာဗိုင်းရပ်ကူးစက်မှုဖြစ်နေသည့် MV Hondius အပျော်စီးသင်္ဘောပေါ်မှ ခရီးသည်များကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)၏ ကြီးကြပ်မှုဖြင့် စတင်ရွှေ့ပြောင်းနေပြီဖြစ်ကြောင်း သိရသည်။ ထိုခရီးသည်များကို တင်ဆောင်လာသည့် ပထမဆုံးလေယာဉ်သည် မေလ ၁၀ ရက်တွင် စပိန်နိုင်ငံ ကနေရီကျွန်းစုမှ မက်ဒရစ်မြို့ရှိ စစ်ဆေးရုံသို့ ထွက်ခွာသွားပြီဖြစ်သည်။ ထိုသင်္ဘောသည် အာဖရိက အနောက်ဘက်ကမ်းရိုးတန်းရှိ တက်နရစ်ကျွန်းအနီးတွင် ဆိုက်ကပ်ထားပြီး စပိန်နိုင်ငံသား ၁၄ ဦးကို ပထမဆုံးလေယာဉ်ဖြင့် ဦးစွာရွှေ့ပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
သင်္ဘောပေါ်တွင် လိုက်ပါလာသူပေါင်း ၁၄၀ ကျော်တွင် ဗိုင်းရပ်ကူးစက်ခံရသည့် လက္ခဏာများ မတွေ့ရသေးကြောင်း စပိန်ကျန်းမာရေးဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် သင်္ဘောကုမ္ပဏီတို့က ထုတ်ပြန်ထားသည်။ သို့သော်လည်း အာဂျင်တီးနား
နိုင်ငံမှ ဧပြီလအတွင်း ထွက်ခွာလာသည့် ယင်းသင်္ဘောပေါ်တွင် နယ်သာလန်နိုင်ငံမှ ဇနီးမောင်နှံနှစ်ဦးနှင့် ဂျာမနီမှအမျိုးသမီးတစ်ဦးတို့ အသက်ဆုံးရှုံးပြီး အခြားသူအချို့လည်း ဖျားနာမှုများဖြစ်ပွားသည်။
စပိန်နိုင်ငံသား ၁၄ ဦးမှာ မက်ဒရစ်သို့ ရောက်ရှိပါက သီးခြားခွဲနေထိုင်ရမည်ဖြစ်ပြီး ကျန်ရှိသည့်ခရီးသည်နှင့်ဝန်ထမ်းများကို မေလ ၁၁ ရက်တွင် ဩစတြေးလျနိုင်ငံသို့ လေယာဉ်ဖြင့် ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
Ref: SCMP




