တမီလ္နာဒူးျပည္နယ္ဝန္ႀကီးခ်ဳပ္သစ္ ဗီေဂ်း

တမီလ္နာဒူးျပည္နယ္ဝန္ႀကီးခ်ဳပ္သစ္ ဗီေဂ်း
==============================
အိႏၵိယတြင္ နာမည္ေက်ာ္႐ုပ္ရွင္သ႐ုပ္ေဆာင္ေဟာင္း ဂ်ိဳးဆက္ ဗီေဂ်းသည္ ေမ ၁၀ ရက္တြင္ တမီလ္နာဒူးျပည္နယ္ဝန္ႀကီးခ်ဳပ္အျဖစ္ က်မ္းသစၥာက်ိန္ဆိုခဲ့သည္။
အဆိုပါက်မ္းသစၥာဆိုပြဲ အခမ္းအနားကို နံနက္ ၁၀ နာရီတြင္ ေန႐ူးမိုးလုံေလလုံအားကစားကြင္း၌ က်င္းပခဲ့သည္။
ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ရာဂ်န္ဒရာ ဗစ္ရွ္ဝာနက္သ္ အာလီကာက မစၥတာ ဗီေဂ်းအား ရာထူးခန႔္အပ္လႊာႏွင့္ လွ်ိဳ႕ဝွက္ခ်က္ ထိန္းသိမ္းေစာင့္ေရွာက္ေရး က်မ္းသစၥာကို ဖတ္ၾကားေပးခဲ့ၿပီး ဗီေဂ်းႏွင့္အတူ ဝန္ႀကီးကိုးဦးလည္း က်မ္းသစၥာဆိုခဲ့ၾကသည္။
က်မ္းသစၥာဆိုပြဲ အခမ္းအနားသို႔ ရာဟူးလ္ဂႏၵီႏွင့္ တမီလ္႐ုပ္ရွင္ေလာကမွ ထင္ရွားေက်ာ္ၾကားသူ အမ်ားအျပား တက္ေရာက္ခဲ့ၾကသည္။
TVK ပါတီကိုထူေထာင္ခဲ့သည့္ ဗီေဂ်းသည္ ကြန္ဂရက္ပါတီ၊ CPI၊ CPI(M)၊ VCK ႏွင့္ IUML တို႔၏ ေထာက္ခံမႈျဖင့္ ၂၃၄ ေနရာရွိေသာ လႊတ္ေတာ္တြင္ အမတ္ ၁၂၀ ဦး၏ ေထာက္ခံမႈကို ရရွိခဲ့သည္။
သူသည္ ၁၉၆၇ ခုႏွစ္ေနာက္ပိုင္း DMK သို႔မဟုတ္ AIADMK ပါတီမ်ားမွ မဟုတ္ဘဲ ျပည္နယ္၏ ပထမဆုံးေသာ ဝန္ႀကီးခ်ဳပ္အျဖစ္ သမိုင္းသစ္ ေရးထိုးႏိုင္ခဲ့သည္။
Ref: News On Air
တမီလ်နာဒူးပြည်နယ်ဝန်ကြီးချုပ်သစ် ဗီဂျေး
==============================
အိန္ဒိယတွင် နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင်ဟောင်း ဂျိုးဆက် ဗီဂျေးသည် မေ ၁၀ ရက်တွင် တမီလ်နာဒူးပြည်နယ်ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
အဆိုပါကျမ်းသစ္စာဆိုပွဲ အခမ်းအနားကို နံနက် ၁၀ နာရီတွင် နေရူးမိုးလုံလေလုံအားကစားကွင်း၌ ကျင်းပခဲ့သည်။
ပြည်နယ်အုပ်ချုပ်ရေးမှူး ရာဂျန်ဒရာ ဗစ်ရှ်ဝာနက်သ် အာလီကာက မစ္စတာ ဗီဂျေးအား ရာထူးခန့်အပ်လွှာနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းစောင့်ရှောက်ရေး ကျမ်းသစ္စာကို ဖတ်ကြားပေးခဲ့ပြီး ဗီဂျေးနှင့်အတူ ဝန်ကြီးကိုးဦးလည်း ကျမ်းသစ္စာဆိုခဲ့ကြသည်။
ကျမ်းသစ္စာဆိုပွဲ အခမ်းအနားသို့ ရာဟူးလ်ဂန္ဒီနှင့် တမီလ်ရုပ်ရှင်လောကမှ ထင်ရှားကျော်ကြားသူ အများအပြား တက်ရောက်ခဲ့ကြသည်။
TVK ပါတီကိုထူထောင်ခဲ့သည့် ဗီဂျေးသည် ကွန်ဂရက်ပါတီ၊ CPI၊ CPI(M)၊ VCK နှင့် IUML တို့၏ ထောက်ခံမှုဖြင့် ၂၃၄ နေရာရှိသော လွှတ်တော်တွင် အမတ် ၁၂၀ ဦး၏ ထောက်ခံမှုကို ရရှိခဲ့သည်။
သူသည် ၁၉၆၇ ခုနှစ်နောက်ပိုင်း DMK သို့မဟုတ် AIADMK ပါတီများမှ မဟုတ်ဘဲ ပြည်နယ်၏ ပထမဆုံးသော ဝန်ကြီးချုပ်အဖြစ် သမိုင်းသစ် ရေးထိုးနိုင်ခဲ့သည်။
Ref: News On Air




