မႏၲေလးတိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီေတြ႕ဆုံပြဲသို႔ ပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး တက္ေရာက္

မႏၲေလးတိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီေတြ႕ဆုံပြဲသို႔ ပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး တက္ေရာက္
==============

၂၂-၄-၂၀၂၆ ရက္ေန႔ ၁၀:၀၀မွ ၁၂:၁၀ အခ်ိန္ထိ မႏၲေလးတိုင္းေဒ သႀကီး ျပည္ခိုင္ၿဖိဳးပါတီ႐ုံး အစည္းအေဝးခန္းမတြင္ ေတြ႕ဆုံပြဲ အခမ္းအနား က်င္းပျပဳလုပ္ခဲ့ရာ ပါတီဗဟိုအေထြေထြအတြင္းေရးမႈး ဦးေသာင္းေအး၊ပါတီဗဟိုအလုပ္အ မႈေဆာင္၊မႏၲေလးတိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုး၊တိုင္းေဒသႀကီးပါတီအတြင္းေရးမႈး ဦးၫြန္႔ေဆာင္ႏွင့္တိုင္းေဒသႀကီးပါတီေကာ္မတီဝင္မ်ား၊မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေအာင္၊တိုင္းေဒသႀကီးအစိုး ရအဖြဲ႕ဝင္ စီမံကိန္း၊စီးပြားေရးႏွင့္ဘ႑ာေရးဝန္ႀကီး ဦးသိန္းေဌး၊ လူမႈေရးဝန္ႀကီး ေဒါက္တာလွႂကြယ္ ၊လွ်ပ္စစ္၊စြမ္းအင္၊စက္မႈႏွင့္ လမ္း ပန္းဆက္သြယ္ေရးဝန္ႀကီး ဦးေက်ာ္မိုးသက္၊စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးလွမ်ိဳး၊သယံဇာတႏွင့္သဘာဝပတ္ဝန္း က်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒၚသိဂႌေအာင္၊စည္ပင္သာယာေရးဝန္ႀကီး ဌာန ဝန္ႀကီး၊မႏၲေလးၿမိဳ႕ေတာ္ဝန္ ဦးခင္ေမာင္ေအး၊တိုင္းရင္းသားေရးရာဝန္ႀကီး ဦးစိုင္းေအာင္ၾကည္၊ဥပေဒခ်ဳပ္ ဦးလွသိန္း၊တိုင္းေဒသႀကီးအစိုးရအဖြဲ႕ အတြင္းေရးမႈး ဦးေဝဇင္ထြန္း၊လႊတ္ေတာ္အဆင့္ဆင့္မွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ခ႐ိုင္/ၿမိဳ႕နယ္မ်ားမွ ဥကၠဌ၊အတြင္း ေရးမႈးမ်ား၊စုစုေပါင္း ၈၀ဦး တက္ေရာက္ခဲ့ၾကပါသည္။ေတြ႕ဆုံပြဲတြင္ တက္ေရာက္လာၾကသူမ်ားမွ ႏိူင္ငံေတာ္အလံအား အေလးျပဳကာ ႏိူင္ငံေတာ္သီခ်င္း သီဆိုဖြင့္လွစ္ခဲ့ၿပီး တက္ေရာက္လာသူမ်ားမွ တစ္ဦးခ်င္း မိတ္ဆက္ခဲ့ၾကပါသည္။

၎ေနာက္ ဗဟိုအေထြေထြအတြင္းေရးမႈး ဦးေသာင္းေအးမွ ႏိူင္ငံေတာ္ႏွင့္ ျပည္သူအား မ်က္ႏွာမူၿပီး စည္းလုံးညီၫြတ္စြာျဖင့္ ေဆာင္႐ြက္သြားၾကရန္၊ ႏိူင္ငံေတာ္ ေအးခ်မ္းတည္ၿငိမ္ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ လက္တြဲပူး ေပါင္း ေဆာင္႐ြက္ၾကရန္၊ႏိူင္ငံေတာ္ႏွင့္ ႏိူင္ငံသားမ်ားအား အလုပ္ အေကြၽးျပဳ ေဆာင္႐ြက္ၾကရန္၊လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အေနျဖင့္ တိုင္းေဒသႀကီး အစိုးရ အဖြဲ႕ႏွင့္ ညႇိႏႈိင္းတိုင္ပင္၍ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္သြားၾကရန္၊ပါတီဗဟိုဌာနခ်ဳပ္အေနျဖင့္ ပါတီဖြဲ႕စည္းေရး၊ေလ့က်င့္ေရးမ်ား ေဆာင္႐ြက္ေနၿပီျဖစ္ၿပီး ပါတီအဆင့္ဆင့္အေနျဖင့္ အင္အား ေတာင့္တင္း ခိုင္မာေအာင္ ေဆာင္ ႐ြက္သြားၾကရန္ စသည္ျဖင့္ အဖြင့္အမွာစကား ေျပာၾကားခဲ့ပါသည္။

၎ေနာက္ တိုင္းေဒသႀကီးအစိုးရ အဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေအာင္မွ တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ေဆာင္႐ြက္လ်က္ရွိသည့္ လုပ္ငန္းစဥ္မ်ား၊ရက္(၁၀၀) စီမံကိန္းတြင္ အေကာင္ထည္ေဖာ္ေဆာင္႐ြက္သြားမည့္ လုပ္ငန္းစဥ္မ်ားအား ရွင္း လင္းေျပာၾကားခဲ့ၿပီး ပါတီဗဟိုအလုပ္အမႈေဆာင္၊တိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုးမွ ပါတီအဆင့္ဆင့္မွ ေဆာင္႐ြက္သြားရမည့္ ေရွ႕လုပ္ငန္းစဥ္မ်ား၊ၿမိဳ႕နယ္မ်ားအလိုက္ လႊတ္ေတာ္ကိုယ္စား လွယ္႐ုံး ဖြင့္လွစ္ႏိုင္ေရး လုပ္ငန္းမ်ား၊ရပ္ေက်းပါတီမ်ား အင္အား ေတာင့္တင္း ခိုင္မာေရး ေဆာင္႐ြက္သြားရမည့္လုပ္ငန္းစဥ္မ်ားအား ရွင္းလင္းေျပာၾကားခဲ့ပါသည္။

၎ေနာက္ ပါတီဗဟို အေထြေထြအတြင္းေရးမႈး ဦးေသာင္းေအးမွ နိဂုံးခ်ဳပ္ အမွာစကားေျပာၾကားကာ ေတြ႕ဆုံပြဲ ၿပီးစီးခဲ့ေၾကာင္းႏွင့္တက္ေရာက္လာသူမ်ားအား ေန႔လည္စာျဖင့္ ဧည့္ခံေကြၽးေမြးခဲ့ေၾကာင္း သတင္းရရွိပါသည္။


မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီတွေ့ဆုံပွဲသို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေး တက်ရောက်
==============

၂၂-၄-၂၀၂၆ ရက်နေ့ ၁၀:၀၀မှ ၁၂:၁၀ အချိန်ထိ မန္တလေးတိုင်းဒေ သကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအထွေထွေအတွင်းရေးမှုး ဦးသောင်းအေး၊ပါတီဗဟိုအလုပ်အ မှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်နှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊တိုင်းဒေသကြီးအစိုး ရအဖွဲ့ဝင် စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေး၊ လူမှုရေးဝန်ကြီး ဒေါက်တာလှကြွယ် ၊လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့် လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက်၊စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလှမျိုး၊သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်၊စည်ပင်သာယာရေးဝန်ကြီး ဌာန ဝန်ကြီး၊မန္တလေးမြို့တော်ဝန် ဦးခင်မောင်အေး၊တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည်၊ဥပဒေချုပ် ဦးလှသိန်း၊တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှုး ဦးဝေဇင်ထွန်း၊လွှတ်တော်အဆင့်ဆင့်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ခရိုင်/မြို့နယ်များမှ ဥက္ကဌ၊အတွင်း ရေးမှုးများ၊စုစုပေါင်း ၈၀ဦး တက်ရောက်ခဲ့ကြပါသည်။တွေ့ဆုံပွဲတွင် တက်ရောက်လာကြသူများမှ နိူင်ငံတော်အလံအား အလေးပြုကာ နိူင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသူများမှ တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပါသည်။

၎င်းနောက် ဗဟိုအထွေထွေအတွင်းရေးမှုး ဦးသောင်းအေးမှ နိူင်ငံတော်နှင့် ပြည်သူအား မျက်နှာမူပြီး စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်သွားကြရန်၊ နိူင်ငံတော် အေးချမ်းတည်ငြိမ် ဖွံ့ဖြိုးတိုးတက်အောင် လက်တွဲပူး ပေါင်း ဆောင်ရွက်ကြရန်၊နိူင်ငံတော်နှင့် နိူင်ငံသားများအား အလုပ် အကျွေးပြု ဆောင်ရွက်ကြရန်၊လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ညှိနှိုင်းတိုင်ပင်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန်၊ပါတီဗဟိုဌာနချုပ်အနေဖြင့် ပါတီဖွဲ့စည်းရေး၊လေ့ကျင့်ရေးများ ဆောင်ရွက်နေပြီဖြစ်ပြီး ပါတီအဆင့်ဆင့်အနေဖြင့် အင်အား တောင့်တင်း ခိုင်မာအောင် ဆောင် ရွက်သွားကြရန် စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

၎င်းနောက် တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်မှ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဥ်များ၊ရက်(၁၀၀) စီမံကိန်းတွင် အကောင်ထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များအား ရှင်း လင်းပြောကြားခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးမှ ပါတီအဆင့်ဆင့်မှ ဆောင်ရွက်သွားရမည့် ရှေ့လုပ်ငန်းစဥ်များ၊မြို့နယ်များအလိုက် လွှတ်တော်ကိုယ်စား လှယ်ရုံး ဖွင့်လှစ်နိုင်ရေး လုပ်ငန်းများ၊ရပ်ကျေးပါတီများ အင်အား တောင့်တင်း ခိုင်မာရေး ဆောင်ရွက်သွားရမည့်လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

၎င်းနောက် ပါတီဗဟို အထွေထွေအတွင်းရေးမှုး ဦးသောင်းအေးမှ နိဂုံးချုပ် အမှာစကားပြောကြားကာ တွေ့ဆုံပွဲ ပြီးစီးခဲ့ကြောင်းနှင့်တက်ရောက်လာသူများအား နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိပါသည်။