ငလ်င္ဒဏ္ေၾကာင့္ ထိခိုက္ပ်က္စီးခဲ့သည့္ ေကာင္းမႈေတာ္ဘုရားႀကီးႏွင့္ ဆြမ္းဦးပုညရွင္ေစတီေတာ္ႀကီး ဘက္စုံျပဳျပင္မြမ္းမံေနမႈအား ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသက္ပုံ သြားေရာက္ဖူးေမွ်ာ္

ငလ်င္ဒဏ္ေၾကာင့္ ထိခိုက္ပ်က္စီးခဲ့သည့္ ေကာင္းမႈေတာ္ဘုရားႀကီးႏွင့္ ဆြမ္းဦးပုညရွင္ေစတီေတာ္ႀကီး ဘက္စုံျပဳျပင္မြမ္းမံေနမႈအား ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသက္ပုံ သြားေရာက္ဖူးေမွ်ာ္
=============

စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသက္ပုံသည္ ၂၀၂၆ ခုႏွစ္ ဧၿပီ ၂၁ ရက္ေန႔တြင္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းတင့္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးမင္းမင္းေဇယ်ာျမင့္ တို႔ႏွင့္အတူ မႏၲေလးငလ်င္ႀကီးဒဏ္ေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ရသည့္ ေကာင္းမႈေတာ္ဘုရားႀကီးႏွင့္ ဆြမ္းဦးပုညရွင္ေစတီေတာ္အား သြားေရာက္ဖူးေမွ်ာ္ခဲ့ၿပီး သက္ဆိုင္ရာ ဘုရားေဂါပကအဖြဲ႕ဝင္မ်ားႏွင့္ ေတြ႕ဆုံ၍ ဘုရားႀကီးႏွင့္ ေစတီေတာ္ႀကီး ဘက္စုံျပဳျပင္မြမ္းမံျပင္ဆင္ေရးဆိုင္ရာ ကိစၥရပ္မ်ားအား ေဆြးေႏြးခဲ့ေၾကာင္း သတင္းရရွိပါသည္။


ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကောင်းမှုတော်ဘုရားကြီးနှင့် ဆွမ်းဦးပုညရှင်စေတီတော်ကြီး ဘက်စုံပြုပြင်မွမ်းမံနေမှုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပုံ သွားရောက်ဖူးမျှော်
=============

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပုံသည် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်နေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းတင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းဇေယျာမြင့် တို့နှင့်အတူ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ကောင်းမှုတော်ဘုရားကြီးနှင့် ဆွမ်းဦးပုညရှင်စေတီတော်အား သွားရောက်ဖူးမျှော်ခဲ့ပြီး သက်ဆိုင်ရာ ဘုရားဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ဘုရားကြီးနှင့် စေတီတော်ကြီး ဘက်စုံပြုပြင်မွမ်းမံပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။