ပုသိမ္ၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဗဟိုအတြင္းေရးမႉး ဦးသန္းထြန္း ၊ ပုသိမ္ၿမိဳ႕နယ္၊ ေလ်ာျပာေက်း႐ြာမွ ေဒသခံမိဘျပည္သူမ်ားႏွင့္ေတြ႕ဆုံခဲ့

ပုသိမ္ၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဗဟိုအတြင္းေရးမႉး ဦးသန္းထြန္း ၊ ပုသိမ္ၿမိဳ႕နယ္၊ ေလ်ာျပာေက်း႐ြာမွ ေဒသခံမိဘျပည္သူမ်ားႏွင့္ေတြ႕ဆုံခဲ့
=========================
ဧၿပီလ(၂၂)ရက္ နံနက္ ၁၀:၀၀နာရီတြင္ ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕နယ္၊ ေလ်ာျပာေက်း႐ြာတြင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဗဟိုအတြင္းေရးမႉး ဦးသန္းထြန္း ႏွင့္အတူ ဧရာဝတီတိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠဌ ဦးသိန္းထြန္း၊ လွ်ပ္စစ္၊စြမ္းအင္၊ စက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးေက်ာ္ထြန္းေဇာ္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚႏြယ္ႏြယ္ဦး၊ ပုသိမ္ၿမိဳ႕နယ္ပါတီေကာ္မတီဝင္မ်ားသည္ ပုသိမ္ၿမိဳ႕နယ္၊ ေလ်ာျပာေက်း႐ြာအတြင္းရွိ ေဒသခံ ရပ္မိရပ္ဖမ်ားႏွင့္ေတြ႕ဆုံ၍ လႊတ္ေတာ္အေတြ႕အႀကဳံမ်ား၊ ႏိုင္ငံေတာ္သမၼႀကီး မိန႔္ခြန္းပါ အစိုးရ၏ ရက္(၁၀၀)စီမံခ်က္ပါလုပ္ငန္းစဥ္မ်ား ရွင္းလင္းခ်ျပေဆြးေႏြးခဲ့ပါသည္။

ေတြ႕ဆုံပြဲတြင္ ပုသိမ္ၿမိဳ႕နယ္မဲဆႏၵနယ္မွေ႐ြးေကာက္ပြဲ အႏိုင္ရရွိခဲ့ေသာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ကိုယ္စားလွယ္မ်ားမွ မိမိတို႔နယ္ေျမ ေဒသဖြံ႕ၿဖိဳးေရးအတြက္ေဆာင္႐ြက္မည့္ အစီအစဥ္မ်ားကို ရွင္းလင္းခ်ျပ ေဆြးေႏြးခဲ့ရာ တက္ေရာက္လာၾကသည့္ ေဒသခံရပ္မိရပ္ဖမ်ားမွလည္း ေဒသအတြက္ လိုအပ္လ်က္ရွိေသာ အခက္အခဲလုပ္ငန္းမ်ားအား ကိုယ္စားလွယ္မ်ားႏွင့္ အျပန္အလွန္ ေဆြးေႏြးခဲ့ၾကၿပီး အခမ္းအနားကို မြန္းလြဲ ၁၁း၃ဝ ခ်ိန္တြင္ ႐ုပ္သိမ္းခဲ့ပါသည္။


ပုသိမ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ၊ ပုသိမ်မြို့နယ်၊ လျောပြာကျေးရွာမှ ဒေသခံမိဘပြည်သူများနှင့်တွေ့ဆုံခဲ့
=========================
ဧပြီလ(၂၂)ရက် နံနက် ၁၀:၀၀နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ လျောပြာကျေးရွာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးသိန်းထွန်း၊ လျှပ်စစ်၊စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဦး၊ ပုသိမ်မြို့နယ်ပါတီကော်မတီဝင်များသည် ပုသိမ်မြို့နယ်၊ လျောပြာကျေးရွာအတွင်းရှိ ဒေသခံ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ လွှတ်တော်အတွေ့အကြုံများ၊ နိုင်ငံတော်သမ္မကြီး မိန့်ခွန်းပါ အစိုးရ၏ ရက်(၁၀၀)စီမံချက်ပါလုပ်ငန်းစဉ်များ ရှင်းလင်းချပြဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ပုသိမ်မြို့နယ်မဲဆန္ဒနယ်မှရွေးကောက်ပွဲ အနိုင်ရရှိခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များမှ မိမိတို့နယ်မြေ ဒေသဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းချပြ ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် ဒေသခံရပ်မိရပ်ဖများမှလည်း ဒေသအတွက် လိုအပ်လျက်ရှိသော အခက်အခဲလုပ်ငန်းများအား ကိုယ်စားလှယ်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို မွန်းလွဲ ၁၁း၃ဝ ချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။