ဘရာဇီးအသင္းနည္းျပ အန္ဆယ္ေလာ့တီက ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ကစားသမား ၁၈ ဦးကို စတင္ေ႐ြးခ်ယ္

ဘရာဇီးအသင္းနည္းျပ အန္ဆယ္ေလာ့တီက ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ကစားသမား ၁၈ ဦးကို စတင္ေ႐ြးခ်ယ္
=========================
ဘရာဇီးအသင္းနည္းျပ အန္ဆယ္ေလာ့တီက ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ကစားသမား ၁၈ ဦးကို စတင္ေ႐ြးခ်ယ္ခဲ့ေၾကာင္း သိရသည္။
နည္းျပအန္ဆယ္ေလာ့တီသည္ ၿပီးခဲ့သည့္ေဘာလုံး ရာသီအကုန္က ရီးယဲလ္မက္ဒရစ္အသင္းႏွင့္ စာခ်ဳပ္ သက္တမ္းကုန္ဆုံးကာ လမ္းခြဲၿပီးေနာက္ ဘရာဇီး အသင္းကို တာဝန္ယူ ကိုင္တြယ္ခဲ့သူျဖစ္သည္။
နည္းျပအန္ဆယ္ေလာ့တီက ၂၀၂၆ ကမာၻ႔ဖလား ၿပိဳင္ပြဲအတြက္ အသင္းကစားသမားစာရင္းတြင္ ဂိုးသမားေနရာအတြက္ အယ္လီဆန္ဘက္ကာ၊ ခံစစ္ ကစားသမားေနရာအတြက္ မာကြင္ဟို၊ မီလီတာအို၊ ဂါဘရီရယ္၊ အဲလက္ဆန္ဒ႐ို၊ ေဒါက္ဂလက္ဆန္းတို႔စ္၊ ကြင္းလယ္ကစားသမားေနရာအတြက္ ကက္စ္မဲ႐ိုး၊ အန္ဒရီဆန္းတို႔စ္၊ ဂူမာေရးစ္၊ ပါေကြတာ၊ တိုက္စစ္ ကစားသမားေနရာအတြက္ ႐ိုဒရီဂို၊ ဂ်ာအိုပက္ဒ႐ို၊ ဗင္နီစီးယက္စ္၊ လူးဝစ္ဟင္နရီေကြ႕၊ ရာဖင္ဟာ၊ အက္စ္ တီဗီအို၊ မာတင္နယ္လီႏွင့္ ကြန္ဟာတို႔ကိုစတင္ေ႐ြးခ်ယ္ ခဲ့ျခင္းျဖစ္သည္။
နည္းျပအန္ဆယ္ေလာ့တီသည္ ၂၀၂၆ ကမာၻ႔ဖလား ၿပိဳင္ပြဲအတြက္ အသင္းကစားသမားစာရင္းတြင္ ၁၈ဦး ကို ေ႐ြးခ်ယ္ၿပီးေနာက္ ေနာက္ထပ္ကစားသမား ရွစ္ဦးကို ထပ္မံေ႐ြးခ်ယ္သြားမည္ျဖစ္သည္။
ဘရာဇီးအသင္းသည္ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲ တြင္ ေဟတီအသင္း၊ စေကာ့တလန္အသင္း၊ ေမာ္႐ိုကို အသင္းတို႔ႏွင့္ တစ္အုပ္စုတည္း က်ေရာက္ေနၿပီး ရႈံး ထြက္အဆင့္တက္ေရာက္ရန္ ေရပန္းအစားဆုံး အသင္း အျဖစ္ ရပ္တည္ေနကာ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲ အဖြင့္ပြဲစဥ္အျဖစ္ ဇြန္လ ၁၄ ရက္တြင္ ေမာ္႐ိုကိုအသင္း ႏွင့္ ကစားရမည္ျဖစ္ေၾကာင္း သိရသည္။


ဘရာဇီးအသင်းနည်းပြ အန်ဆယ်လော့တီက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမား ၁၈ ဦးကို စတင်ရွေးချယ်
=========================
ဘရာဇီးအသင်းနည်းပြ အန်ဆယ်လော့တီက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမား ၁၈ ဦးကို စတင်ရွေးချယ်ခဲ့ကြောင်း သိရသည်။
နည်းပြအန်ဆယ်လော့တီသည် ပြီးခဲ့သည့်ဘောလုံး ရာသီအကုန်က ရီးယဲလ်မက်ဒရစ်အသင်းနှင့် စာချုပ် သက်တမ်းကုန်ဆုံးကာ လမ်းခွဲပြီးနောက် ဘရာဇီး အသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့သူဖြစ်သည်။
နည်းပြအန်ဆယ်လော့တီက ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အသင်းကစားသမားစာရင်းတွင် ဂိုးသမားနေရာအတွက် အယ်လီဆန်ဘက်ကာ၊ ခံစစ် ကစားသမားနေရာအတွက် မာကွင်ဟို၊ မီလီတာအို၊ ဂါဘရီရယ်၊ အဲလက်ဆန်ဒရို၊ ဒေါက်ဂလက်ဆန်းတို့စ်၊ ကွင်းလယ်ကစားသမားနေရာအတွက် ကက်စ်မဲရိုး၊ အန်ဒရီဆန်းတို့စ်၊ ဂူမာရေးစ်၊ ပါကွေတာ၊ တိုက်စစ် ကစားသမားနေရာအတွက် ရိုဒရီဂို၊ ဂျာအိုပက်ဒရို၊ ဗင်နီစီးယက်စ်၊ လူးဝစ်ဟင်နရီကွေ့၊ ရာဖင်ဟာ၊ အက်စ် တီဗီအို၊ မာတင်နယ်လီနှင့် ကွန်ဟာတို့ကိုစတင်ရွေးချယ် ခဲ့ခြင်းဖြစ်သည်။
နည်းပြအန်ဆယ်လော့တီသည် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အသင်းကစားသမားစာရင်းတွင် ၁၈ဦး ကို ရွေးချယ်ပြီးနောက် နောက်ထပ်ကစားသမား ရှစ်ဦးကို ထပ်မံရွေးချယ်သွားမည်ဖြစ်သည်။
ဘရာဇီးအသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ တွင် ဟေတီအသင်း၊ စကော့တလန်အသင်း၊ မော်ရိုကို အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး ရှုံး ထွက်အဆင့်တက်ရောက်ရန် ရေပန်းအစားဆုံး အသင်း အဖြစ် ရပ်တည်နေကာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၄ ရက်တွင် မော်ရိုကိုအသင်း နှင့် ကစားရမည်ဖြစ်ကြောင်း သိရသည်။