အိႏၵိယအတိုက္အခံေခါင္းေဆာင္ ရာဟူးလ္ဂႏၵီ ထိန္းသိမ္းခံရ

အိႏၵိယအတိုက္အခံေခါင္းေဆာင္ ရာဟူးလ္ဂႏၵီ ထိန္းသိမ္းခံရ
===========================
ပညာေရးျပဳျပင္ေျပာင္းလဲေရး ဆႏၵျပပြဲအတြင္း ဝန္ႀကီးခ်ဳပ္ မိုဒီ ႏုတ္ထြက္ေပးရန္ ေတာင္းဆို
အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳတြင္ ပညာေရးျပဳျပင္ေျပာင္းလဲမႈမ်ား ေဆာင္႐ြက္ေပးရန္ ေတာင္းဆိုသည့္ လူငယ္ဦးေဆာင္ ဆႏၵျပပြဲအတြင္း ဝန္ႀကီးခ်ဳပ္ နာရင္ျဒာမိုဒီကို ရာထူးမွ ႏုတ္ထြက္ေပးရန္ ေတာင္းဆိုခဲ့သည့္ အတိုက္အခံေခါင္းေဆာင္ ရာဟူးလ္ဂႏၵီ ကို ရဲတပ္ဖြဲက အဂၤါေန႔တြင္ ထိန္းသိမ္းခဲ့ေၾကာင္း သိရသည္။
စာေမးပြဲအရႈပ္ေတာ္ပုံမ်ား ဆက္တိုက္ျဖစ္ပြားခဲ့ၿပီးေနာက္ ႏိုင္ငံ၏ ပညာေရးစနစ္ကို ျပဳျပင္ေျပာင္းလဲရန္ႏွင့္ ပညာေရးဝန္ႀကီး ႏုတ္ထြက္ေပးရန္ ေတာင္းဆိုသည့္ လူငယ္ဦးေဆာင္ ဆႏၵျပပြဲမ်ား ဒုတိယေန႔အျဖစ္ ဆက္လက္ျဖစ္ပြားခဲ့ရာ နယူးေဒလီၿမိဳ၌ ေထာင္ႏွင့္ခ်ီသည့္ ျပည္သူမ်ား ပါဝင္ဆႏၵျပခဲ့ၾကေၾကာင္း သိရသည္။
တနလၤာေန႔က ျပဳလုပ္သည့္ ဆႏၵျပပြဲမ်ားတြင္ ဆႏၵျပသူမ်ားႏွင့္ ရဲတပ္ဖြဲတိုအၾကား ထိပ္တိုက္ရင္ဆိုင္မႈမ်ား ျဖစ္ပြားခဲ့ေၾကာင္းလည္း သိရသည္။
ကြန္ဂရက္ပါတီေခါင္းေဆာင္ ရာဟူးလ္ဂႏၵီက ဝန္ႀကီးခ်ဳပ္ မိုဒီသည္ အိႏၵိယလူငယ္မ်ား၏ အနာဂတ္ကို ထိခိုက္ေစခဲ့သျဖင့္ ရာထူးမွ ႏုတ္ထြက္သင့္ေၾကာင္း ေျပာၾကားခဲ့ၿပီး ဝန္ႀကီးခ်ဳပ္၏ ေနအိမ္အနီးတြင္ ထိုင္သပိတ္ဆင္ႏႊခဲ့သည္။
“အစိုးရက ဒီကိစၥအတြက္ တာဝန္ယူလိုျခင္း မရွိသလို လႊတ္ေတာ္မွာလည္း ေဆြးေႏြးလိုျခင္း မရွိပါဘူး” ဟု ေအာက္လႊတ္ေတာ္ရွိ အတိုက္အခံေခါင္းေဆာင္ ရာဟူးလ္ဂႏၵီက ေျပာၾကားခဲ့သည္။
ေအအက္ဖ္ပီ (AFP) သတင္းဌာနက ေဖာ္ျပသည့္ ဗီဒီယိုမွတ္တမ္းမ်ားတြင္ ရာဟူးလ္ဂႏၵီႏွင့္ အျခားလႊတ္ေတာ္အမတ္မ်ားကို ရဲတပ္ဖြဲဝင္မ်ားက ဘတ္စ္ကားတစ္စီးေပၚသို အတင္းအက်ပ္ ေခၚေဆာင္သြားသည္ကို ေတြ႕ရသည္။
လုံၿခဳံေရးတပ္ဖြဲမ်ားက ၎အား အတင္းအက်ပ္ ဖယ္ရွားခဲ့သည့္ ဓာတ္ပုံမ်ားကိုလည္း ရာဟူးလ္ဂႏၵီက လူမႈကြန္ရက္ေပၚတြင္ မွ်ေဝခဲ့ၿပီး ဆႏၵျပမႈမ်ားကို ဆက္လက္ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ဝန္ႀကီးခ်ဳပ္ နာရင္ျဒာမိုဒီကမူ အဆိုပါဆႏၵျပပြဲမ်ားႏွင့္ ပတ္သက္၍ လက္ရွိအခ်ိန္အထိ တိုက္႐ိုက္မွတ္ခ်က္ျပဳထားျခင္း မရွိေသးေၾကာင္း သိရသည္။
Ref: Bangkok Post
အိန္ဒိယအတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီ ထိန်းသိမ်းခံရ
===========================
ပညာရေးပြုပြင်ပြောင်းလဲရေး ဆန္ဒပြပွဲအတွင်း ဝန်ကြီးချုပ် မိုဒီ နုတ်ထွက်ပေးရန် တောင်းဆို
အိန္ဒိယနိုင်ငံ နယူးဒေလီမြိုတွင် ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ပေးရန် တောင်းဆိုသည့် လူငယ်ဦးဆောင် ဆန္ဒပြပွဲအတွင်း ဝန်ကြီးချုပ် နာရင်ဒြာမိုဒီကို ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည့် အတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီ ကို ရဲတပ်ဖွဲက အင်္ဂါနေ့တွင် ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
စာမေးပွဲအရှုပ်တော်ပုံများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံ၏ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရန်နှင့် ပညာရေးဝန်ကြီး နုတ်ထွက်ပေးရန် တောင်းဆိုသည့် လူငယ်ဦးဆောင် ဆန္ဒပြပွဲများ ဒုတိယနေ့အဖြစ် ဆက်လက်ဖြစ်ပွားခဲ့ရာ နယူးဒေလီမြို၌ ထောင်နှင့်ချီသည့် ပြည်သူများ ပါဝင်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
တနင်္လာနေ့က ပြုလုပ်သည့် ဆန္ဒပြပွဲများတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲတိုအကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
ကွန်ဂရက်ပါတီခေါင်းဆောင် ရာဟူးလ်ဂန္ဒီက ဝန်ကြီးချုပ် မိုဒီသည် အိန္ဒိယလူငယ်များ၏ အနာဂတ်ကို ထိခိုက်စေခဲ့သဖြင့် ရာထူးမှ နုတ်ထွက်သင့်ကြောင်း ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်၏ နေအိမ်အနီးတွင် ထိုင်သပိတ်ဆင်နွှခဲ့သည်။
“အစိုးရက ဒီကိစ္စအတွက် တာဝန်ယူလိုခြင်း မရှိသလို လွှတ်တော်မှာလည်း ဆွေးနွေးလိုခြင်း မရှိပါဘူး” ဟု အောက်လွှတ်တော်ရှိ အတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီက ပြောကြားခဲ့သည်။
အေအက်ဖ်ပီ (AFP) သတင်းဌာနက ဖော်ပြသည့် ဗီဒီယိုမှတ်တမ်းများတွင် ရာဟူးလ်ဂန္ဒီနှင့် အခြားလွှတ်တော်အမတ်များကို ရဲတပ်ဖွဲဝင်များက ဘတ်စ်ကားတစ်စီးပေါ်သို အတင်းအကျပ် ခေါ်ဆောင်သွားသည်ကို တွေ့ရသည်။
လုံခြုံရေးတပ်ဖွဲများက ၎င်းအား အတင်းအကျပ် ဖယ်ရှားခဲ့သည့် ဓာတ်ပုံများကိုလည်း ရာဟူးလ်ဂန္ဒီက လူမှုကွန်ရက်ပေါ်တွင် မျှဝေခဲ့ပြီး ဆန္ဒပြမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် နာရင်ဒြာမိုဒီကမူ အဆိုပါဆန္ဒပြပွဲများနှင့် ပတ်သက်၍ လက်ရှိအချိန်အထိ တိုက်ရိုက်မှတ်ချက်ပြုထားခြင်း မရှိသေးကြောင်း သိရသည်။
Ref: Bangkok Post



