အဂၤလန္နာမည္ႀကီးကြင္းလယ္ဒိုင္လူႀကီး အန္သိုနီေတလာ ဒိုင္လူႀကီးေလာကမွ အနားယူ

အဂၤလန္နာမည္ႀကီးကြင္းလယ္ဒိုင္လူႀကီး အန္သိုနီေတလာ ဒိုင္လူႀကီးေလာကမွ အနားယူ
===============================
အဂၤလန္နာမည္ႀကီးကြင္းလယ္ဒိုင္လူႀကီးတစ္ဦး ျဖစ္သည့္ အန္သိုနီေတလာသည္ ပေရာ္ဖက္ရွင္နယ္ ဒိုင္လူႀကီးေလာကမွ အနားယူေၾကာင္း အတည္ျပဳ ေၾကညာသည္။
အသက္ ၄၇ ႏွစ္အ႐ြယ္ ဒိုင္လူႀကီး အန္သိုနီေတလာ သည္ အဂၤလန္ဒိုင္လူႀကီးေလာက၌ ကာလရွည္ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး ၂၀၂၆ ကမာၻ႔ဖလား ၿပိဳင္ပြဲတြင္လည္း မိုက္ကယ္အိုလီဗာႏွင့္အတူ အဂၤလန္ ႏိုင္ငံကိုယ္စားျပဳ ဒိုင္လူႀကီးမ်ားအျဖစ္ တာဝန္ယူခြင့္ ရရွိခဲ့ကာ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္ ပေရာ္ဖက္ရွင္နယ္ဒိုင္လူႀကီးေလာကမွ အနားယူရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။
ဒိုင္လူႀကီး အန္သိုနီေတလာသည္ ၿပီးခဲ့သည့္ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲ ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္ အျဖစ္ကစားေသာ စပိန္အသင္းႏွင့္ ေပၚတူဂီ အသင္းတို႔ပြဲစဥ္ကို ေနာက္ဆုံးတာဝန္ယူကိုင္တြယ္ၿပီးေနာက္ လက္ရွိတြင္ ပေရာ္ဖက္ရွင္နယ္ ဒိုင္လူႀကီး ဘဝမွ အနားယူခဲ့ျခင္းျဖစ္သည္။
အန္သိုနီေတလာသည္ ပေရာ္ဖက္ရွင္နယ္ဒိုင္လူႀကီး ဘဝတြင္ ေဘာလုံးပြဲေပါင္း ၈၃၂ ပြဲအထိ တာဝန္ယူ ကိုင္တြယ္ခဲ့ၿပီး အဆိုပါပြဲမ်ားမွ ၆၆၈ ပြဲကို အဂၤလန္ႏိုင္ငံ ျပည္တြင္းလိဂ္ပြဲစဥ္မ်ားတြင္ တာဝန္ယူကိုင္တြယ္ခဲ့ျခင္းျဖစ္သည္။
ထို႔ျပင္ အန္သိုနီေတလာသည္ ဥေရာပထိပ္တန္း လိဂ္တစ္ခုျဖစ္သည့္ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲတြင္လည္း ၁၆ ႏွစ္ၾကာတာဝန္ထမ္းေဆာင္ခဲ့ၿပီး ပရီးမီးယားလိဂ္ ၿပိဳင္ပြဲ ပြဲေပါင္း ၄၃၂ ပြဲအထိ တာဝန္ယူကိုင္တြယ္ခဲ့ကာ ၂၀၁၇ ခုႏွစ္ႏွင့္ ၂၀၂၀ ျပည့္ႏွစ္တို႔တြင္ အက္ဖ္ေအ ဖလားဗိုလ္လုပြဲတို႔ကို တာဝန္ယူကိုင္တြယ္ခဲ့သူျဖစ္သည္။
အလားတူ အန္သိုနီေတလာသည္ ကမာၻ႔ေဘာလုံး အဖြဲ႕ခ်ဳပ္(ဖီဖာ)အသိအမွတ္ျပဳ ဒိုင္လူႀကီးတစ္ဦးအျဖစ္ ၁၄ ႏွစ္ၾကာတာဝန္ ထမ္းေဆာင္ခဲ့ၿပီး ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲႏွင့္ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲတို႔တြင္ တာဝန္ေပးအပ္ ခံရသကဲ့သို႔ ၿပီးခဲ့သည့္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲႏွင့္ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲတို႔တြင္လည္း ဥေရာပေဘာလုံး အဖြဲ႕ခ်ဳပ္(ယူအီးအက္ဖ္ေအ)၏ တာဝန္ေပးအပ္ျခင္း ခံခဲ့ရသူတစ္ဦးျဖစ္ကာ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္၊ ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ႏွင့္ အဂၤလန္ႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္တို႔တြင္ ကာလရွည္ တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္း သိရသည္။
Ref:Sky Sports
အင်္ဂလန်နာမည်ကြီးကွင်းလယ်ဒိုင်လူကြီး အန်သိုနီတေလာ ဒိုင်လူကြီးလောကမှ အနားယူ
===============================
အင်္ဂလန်နာမည်ကြီးကွင်းလယ်ဒိုင်လူကြီးတစ်ဦး ဖြစ်သည့် အန်သိုနီတေလာသည် ပရော်ဖက်ရှင်နယ် ဒိုင်လူကြီးလောကမှ အနားယူကြောင်း အတည်ပြု ကြေညာသည်။
အသက် ၄၇ နှစ်အရွယ် ဒိုင်လူကြီး အန်သိုနီတေလာ သည် အင်္ဂလန်ဒိုင်လူကြီးလောက၌ ကာလရှည် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်လည်း မိုက်ကယ်အိုလီဗာနှင့်အတူ အင်္ဂလန် နိုင်ငံကိုယ်စားပြု ဒိုင်လူကြီးများအဖြစ် တာဝန်ယူခွင့် ရရှိခဲ့ကာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးလောကမှ အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဒိုင်လူကြီး အန်သိုနီတေလာသည် ပြီးခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ် အဖြစ်ကစားသော စပိန်အသင်းနှင့် ပေါ်တူဂီ အသင်းတို့ပွဲစဉ်ကို နောက်ဆုံးတာဝန်ယူကိုင်တွယ်ပြီးနောက် လက်ရှိတွင် ပရော်ဖက်ရှင်နယ် ဒိုင်လူကြီး ဘဝမှ အနားယူခဲ့ခြင်းဖြစ်သည်။
အန်သိုနီတေလာသည် ပရော်ဖက်ရှင်နယ်ဒိုင်လူကြီး ဘဝတွင် ဘောလုံးပွဲပေါင်း ၈၃၂ ပွဲအထိ တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး အဆိုပါပွဲများမှ ၆၆၈ ပွဲကို အင်္ဂလန်နိုင်ငံ ပြည်တွင်းလိဂ်ပွဲစဉ်များတွင် တာဝန်ယူကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အန်သိုနီတေလာသည် ဥရောပထိပ်တန်း လိဂ်တစ်ခုဖြစ်သည့် ပရီးမီးယားလိဂ် ပြိုင်ပွဲတွင်လည်း ၁၆ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲ ပွဲပေါင်း ၄၃၂ ပွဲအထိ တာဝန်ယူကိုင်တွယ်ခဲ့ကာ ၂၀၁၇ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် အက်ဖ်အေ ဖလားဗိုလ်လုပွဲတို့ကို တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်သည်။
အလားတူ အန်သိုနီတေလာသည် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)အသိအမှတ်ပြု ဒိုင်လူကြီးတစ်ဦးအဖြစ် ၁၄ နှစ်ကြာတာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင် တာဝန်ပေးအပ် ခံရသကဲ့သို့ ပြီးခဲ့သည့် ယူရို ၂၀၂၀ ပြိုင်ပွဲနှင့် ယူရို ၂၀၂၄ ပြိုင်ပွဲတို့တွင်လည်း ဥရောပဘောလုံး အဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)၏ တာဝန်ပေးအပ်ခြင်း ခံခဲ့ရသူတစ်ဦးဖြစ်ကာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ ဥရောပဘောလုံးအဖွဲ့ချုပ်နှင့် အင်္ဂလန်နိုင်ငံဘောလုံးအဖွဲ့ချုပ်တို့တွင် ကာလရှည် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
Ref:Sky Sports




