ပဲခူးၿမိဳ႕နယ္ရွိ မသန္စြမ္းသူ ၅၂၇ ဦးအား ေထာက္ပံ့ေၾကး ေပးအပ္

ပဲခူးၿမိဳ႕နယ္ရွိ မသန္စြမ္းသူ ၅၂၇ ဦးအား ေထာက္ပံ့ေၾကး ေပးအပ္
===============
ပဲခူးၿမိဳ႕နယ္အတြင္းရွိ မသန္စြမ္းသူမွတ္ပုံတင္လက္မွတ္ရရွိထားသူ (၅၂၇) ဦးအား တစ္ဦးလွ်င္ ေငြက်ပ္ ၃၀,၀၀၀ ႏႈန္းျဖင့္ စုစုေပါင္း ေငြက်ပ္ ၁၅,၈၁၀,၀၀၀ ကို ပဲခူးတိုင္းေဒသႀကီး လူမႈဝန္ထမ္း႐ုံး အစည္းအေဝးခန္းမ၌ ဇူလိုင္ ၂၂ ရက္က ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေထာက္ပံ့ေၾကးေပးအပ္မႈႏွင့္အတူ ပဲခူးတိုင္းေဒသႀကီး ေညာင္ေလးပင္ၿမိဳ႕ သီရိရတနာခန္းမ၌ က်င္းပသည့္ မသန္စြမ္းမႈအဆင့္သတ္မွတ္ျခင္းႏွင့္ မသန္စြမ္းသူမ်ား မွတ္ပုံတင္ျခင္းသင္တန္း ဖြင့္ပြဲတြင္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာသန႔္ေဇာ္လြင္က အမွာစကားေျပာၾကားခဲ့သည္။
ဒုတိယဝန္ႀကီးက ၂၀၂၄ ခုႏွစ္ သန္းေခါင္စာရင္းအရ ပဲခူးတိုင္းေဒသႀကီးတြင္ မသန္စြမ္းသူဦးေရ ႏွစ္သိန္းခြဲနီးပါးရွိၿပီး ေညာင္ေလးပင္ၿမိဳ႕နယ္တြင္ မသန္စြမ္းသူ ၈,၆၀၀ ေက်ာ္ရွိေၾကာင္း ေျပာၾကားခဲ့သည္။ ထို႔ျပင္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ရပ္မိရပ္ဖမ်ားအေနျဖင့္ မိမိတို႔ေဒသရွိ မသန္စြမ္းသူမ်ား အမ်ားတန္းတူ အခြင့္အေရးႏွင့္ အက်ိဳးခံစားခြင့္မ်ား အျပည့္အဝရရွိေစေရး ပူးေပါင္း၇ေဆာင္႐ြက္ေပးရန္ လိုအပ္ေၾကာင္း တိုက္တြန္းေျပာၾကားခဲ့သည္။
သင္တန္းတြင္ မသန္စြမ္းသူမ်ား၏ အခြင့္အေရးဆိုင္ရာမ်ား၊ မသန္စြမ္းမႈအဆင့္သတ္မွတ္ျခင္းႏွင့္ မွတ္ပုံတင္ျခင္းလုပ္ငန္းစဥ္မ်ားအျပင္ မသန္စြမ္းမႈစိစစ္ေရးအတြက္ အသက္အ႐ြယ္အလိုက္ ျပဳစုထားသည့္ ေမးခြန္းလႊာမ်ားကို ရွင္းလင္းေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ပဲခူးမြို့နယ်ရှိ မသန်စွမ်းသူ ၅၂၇ ဦးအား ထောက်ပံ့ကြေး ပေးအပ်
===============
ပဲခူးမြို့နယ်အတွင်းရှိ မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်ရရှိထားသူ (၅၂၇) ဦးအား တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၅,၈၁၀,၀၀၀ ကို ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် ၂၂ ရက်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ကြေးပေးအပ်မှုနှင့်အတူ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ သီရိရတနာခန်းမ၌ ကျင်းပသည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းသင်တန်း ဖွင့်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က အမှာစကားပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးက ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ ပဲခူးတိုင်းဒေသကြီးတွင် မသန်စွမ်းသူဦးရေ နှစ်သိန်းခွဲနီးပါးရှိပြီး ညောင်လေးပင်မြို့နယ်တွင် မသန်စွမ်းသူ ၈,၆၀၀ ကျော်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအနေဖြင့် မိမိတို့ဒေသရှိ မသန်စွမ်းသူများ အများတန်းတူ အခွင့်အရေးနှင့် အကျိုးခံစားခွင့်များ အပြည့်အဝရရှိစေရေး ပူးပေါင်း၇ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
သင်တန်းတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများ၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များအပြင် မသန်စွမ်းမှုစိစစ်ရေးအတွက် အသက်အရွယ်အလိုက် ပြုစုထားသည့် မေးခွန်းလွှာများကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။




