မန္ယူကြင္းလယ္ကစားသမား ဘ႐ူႏိုဖာနန္ဒက္စ္ကို ဂါလာတာစာေရးအသင္း ကမ္းလွမ္း

မန္ယူကြင္းလယ္ကစားသမား ဘ႐ူႏိုဖာနန္ဒက္စ္ကို ဂါလာတာစာေရးအသင္း ကမ္းလွမ္း
==================================
တူရကီကလပ္ ဂါလာတာစာေရးအသင္းဟာ မန္ယူအသင္းက ေပၚတူဂီကြင္းလယ္ကစားသမား ဘ႐ူႏိုဖာနန္ဒက္စ္ကို ကမ္းလွမ္းဖို စီစဥ္ေနၿပီး ေပါင္(၅၆)သန္းနဲ႔ ေခၚယူႏိုင္မယ့္ အခြင့္အေရးရွိေနေၾကာင္း သိရပါတယ္။
ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ မန္ယူအသင္း ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ထဲမွာ စာခ်ဳပ္သက္တမ္းေနာက္ဆုံးႏွစ္ ေရာက္ရွိလာခဲ့ရင္ အဂၤလန္ျပင္ပ အသင္းေတြထံ ေပါင္(၅၆)သန္းနဲ႔ ေျပာင္းေ႐ႊ႕ခြင့္ျပဳရမယ္ဆိုတဲ့ သေဘာတူညီခ်က္ ပါဝင္ေနျခင္းေၾကာင့္ျဖစ္ေၾကာင္း သိရပါတယ္။
၂၀၂၀ ဇန္နဝါရီမွာ စပိုတင္းလစၥဘြန္းကေန မန္ယူအသင္းကို ေပါင္(၆၇.၆)သန္းနဲ႔ ေျပာင္းေ႐ႊ႕ေရာက္ရွိခဲ့တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ၂၀၂၄ ခုႏွစ္မွာ မန္ယူအသင္းနဲ႔ သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။
အဲဒီစာခ်ဳပ္က ၂၀၂၇ ခုႏွစ္အထိျဖစ္ၿပီး တစ္ႏွစ္ထပ္မံသက္တမ္းတိုးႏိုင္တဲ့အခ်က္လည္း ပါဝင္ပါတယ္။
အဲဒီစာခ်ဳပ္ပါသေဘာတူညီခ်က္အရ ဂါလာတာစာေရးအသင္းအေနနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္ကို ေပါင္(၅၆)သန္းနဲ႔ ေခၚယူႏိုင္မယ့္ အခြင့္အေရးရွိေနျခင္းျဖစ္ေၾကာင္း သိရပါတယ္။
အသက္(၃၁)ႏွစ္ရွိၿပီျဖစ္တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ကို ေဆာ္ဒီကလပ္ေတြကလည္း ေခၚယူဖို စိတ္ဝင္စားေနၾကၿပီး မန္ယူအသင္းကေတာ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၆၄)သန္းရရွိဖို လိုလားေနေၾကာင္း သိရပါတယ္။
လက္ရွိအခ်ိန္မွာ ဂါလာတာစာေရးအသင္းက မန္ယူအသင္းနဲ႔ ေဆြးေႏြးညႇိႏွိင္းဖို စီစဥ္ေနၿပီျဖစ္ေၾကာင္း သိရပါတယ္။
မန်ယူကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို ဂါလာတာစာရေးအသင်း ကမ်းလှမ်း
==================================
တူရကီကလပ် ဂါလာတာစာရေးအသင်းဟာ မန်ယူအသင်းက ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို ကမ်းလှမ်းဖို စီစဉ်နေပြီး ပေါင်(၅၆)သန်းနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးရှိနေကြောင်း သိရပါတယ်။
ဘရူနိုဖာနန်ဒက်စ်နဲ့ မန်ယူအသင်း ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ စာချုပ်သက်တမ်းနောက်ဆုံးနှစ် ရောက်ရှိလာခဲ့ရင် အင်္ဂလန်ပြင်ပ အသင်းတွေထံ ပေါင်(၅၆)သန်းနဲ့ ပြောင်းရွှေ့ခွင့်ပြုရမယ်ဆိုတဲ့ သဘောတူညီချက် ပါဝင်နေခြင်းကြောင့်ဖြစ်ကြောင်း သိရပါတယ်။
၂၀၂၀ ဇန်နဝါရီမှာ စပိုတင်းလစ္စဘွန်းကနေ မန်ယူအသင်းကို ပေါင်(၆၇.၆)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ၂၀၂၄ ခုနှစ်မှာ မန်ယူအသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပါတယ်။
အဲဒီစာချုပ်က ၂၀၂၇ ခုနှစ်အထိဖြစ်ပြီး တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်တဲ့အချက်လည်း ပါဝင်ပါတယ်။
အဲဒီစာချုပ်ပါသဘောတူညီချက်အရ ဂါလာတာစာရေးအသင်းအနေနဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပေါင်(၅၆)သန်းနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။
အသက်(၃၁)နှစ်ရှိပြီဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ဆော်ဒီကလပ်တွေကလည်း ခေါ်ယူဖို စိတ်ဝင်စားနေကြပြီး မန်ယူအသင်းကတော့ ပြောင်းရွှေ့ကြေး ပေါင်(၆၄)သန်းရရှိဖို လိုလားနေကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ ဂါလာတာစာရေးအသင်းက မန်ယူအသင်းနဲ့ ဆွေးနွေးညှိနှိင်းဖို စီစဉ်နေပြီဖြစ်ကြောင်း သိရပါတယ်။




