ျပင္သစ္ ၾကက္ေတာင္မယ္ကို ရႈံးနိမ့္သြားတဲ့ သက္ထားသူဇာ
ေဖေဖာ္ဝါရီ ၂၉
ျမန္မာ့ၾကက္ေတာင္အားကစားမယ္ သက္ထားသူဇာသည္ Yonex German Open 2024 တြင္ ျပင္သစ္ ၾကက္ေတာင္မယ္ Léon ice Huet ကို ရႈံးနိမ့္သြားေၾကာင္း သိရပါတယ္။
အဆိုပါ ၿပိဳင္ပြဲကို ဂ်ာမနီနိုင္ငံတြင္ ေဖေဖာ္ဝါရီလ (၂၇) ရက္မွ မတ္လ (၃) ရက္အထိ က်င္းပေနေၾကာင္း သိရပါတယ္။
သက္ထားသူဇာသည္ အဆိုပါ ၿပိဳင္ပြဲတြင္ ကမၻာ့အဆင့္သတ္မွတ္ခ်က္အရ (၃၂) ဉီးအဆင့္မွ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရခဲ့ၿပီး ကမၻာ့အဆင့္ (၈၂) ရွိ ျပင္သစ္ ၾကက္ေတာင္မယ္ Léon ice Huet ႏွင့္ ေဖေဖာ္ဝါရီလ (၂၈) ရက္တြင္ ယွဥ္ၿပိဳင္ကစားခဲ့ျခင္း ျဖစ္ပါတယ္။
ထိုသို႔ ယွဥ္ၿပိဳင္ကစားရာ ပထမပြဲစဥ္တြင္ ျပင္သစ္ၾကက္ေတာင္မယ္က (၂၁) မွတ္ (၁၅) မွတ္ျဖင့္ အနိုင္ရရွိခဲ့ၿပီး ဒုတိယပြဲစဥ္တြင္ သက္ထားသူဇာက (၂၁) မွတ္ (၁၈) ျဖင့္ ျပန္လည္အနိုင္ရခဲ့သည့္အတြက္ တတိယပြဲစဥ္ကစားရာ ျပင္သစ္ ၾကက္ေတာင္မယ္ Léonice Huet က (၂၁) မွတ္ (၁၇) မွတ္ျဖင့္အနိုင္ရကာ (၁၆) ဉီးရႈံးထြက္အဆင့္သို႔ တက္ေရာက္သြားခဲ့ပါတယ္။
ကမၻာ့ၾကက္ေတာင္အဖြဲ႕ခ်ဳပ္ လက္ရွိသတ္မွတ္ထားသည့္ အမ်ိဳးသမီးတစ္ဦးခ်င္းအဆင့္တြင္ သက္ထားသူဇာ၏ လက္ရွိကမၻာ့အဆင့္မွာ (၄၂) ျဖစ္ၿပီး 2024 Paris Olympics ကိုဝင္နိုင္ရန္အတြက္ လိုအပ္သည့္ အမွတ္မ်ားစုေဆာင္းနိုင္ရန္ အေကာင္းဆုံးႀကိဳးစားေနေၾကာင္း သိရပါတယ္။
========
ပြင်သစ် ကြက်တောင်မယ်ကို ရှုံးနိမ့်သွားတဲ့ သက်ထားသူဇာ
ဖေဖော်ဝါရီ ၂၉
မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် Yonex German Open 2024 တွင် ပြင်သစ် ကြက်တောင်မယ် Léon ice Huet ကို ရှုံးနိမ့်သွားကြောင်း သိရပါတယ်။
အဆိုပါ ပြိုင်ပွဲကို ဂျာမနီနိုင်ငံတွင် ဖေဖော်ဝါရီလ (၂၇) ရက်မှ မတ်လ (၃) ရက်အထိ ကျင်းပနေကြောင်း သိရပါတယ်။
သက်ထားသူဇာသည် အဆိုပါ ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ (၃၂) ဉီးအဆင့်မှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ကမ္ဘာ့အဆင့် (၈၂) ရှိ ပြင်သစ် ကြက်တောင်မယ် Léon ice Huet နှင့် ဖေဖော်ဝါရီလ (၂၈) ရက်တွင် ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ပါတယ်။
ထိုသို့ ယှဉ်ပြိုင်ကစားရာ ပထမပွဲစဉ်တွင် ပြင်သစ်ကြက်တောင်မယ်က (၂၁) မှတ် (၁၅) မှတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲစဉ်တွင် သက်ထားသူဇာက (၂၁) မှတ် (၁၈) ဖြင့် ပြန်လည်အနိုင်ရခဲ့သည့်အတွက် တတိယပွဲစဉ်ကစားရာ ပြင်သစ် ကြက်တောင်မယ် Léonice Huet က (၂၁) မှတ် (၁၇) မှတ်ဖြင့်အနိုင်ရကာ (၁၆) ဉီးရှုံးထွက်အဆင့်သို့ တက်ရောက်သွားခဲ့ပါတယ်။
ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် လက်ရှိသတ်မှတ်ထားသည့် အမျိုးသမီးတစ်ဦးချင်းအဆင့်တွင် သက်ထားသူဇာ၏ လက်ရှိကမ္ဘာ့အဆင့်မှာ (၄၂) ဖြစ်ပြီး 2024 Paris Olympics ကိုဝင်နိုင်ရန်အတွက် လိုအပ်သည့် အမှတ်များစုဆောင်းနိုင်ရန် အကောင်းဆုံးကြိုးစားနေကြောင်း သိရပါတယ်။