ကမာၻ႔ဖလားပြဲတြင္ မက္ေဒါနား၊ ရွာကီရာႏွင့္ဘီတီအက္စ္တို႔ ေဖ်ာ္ေျဖမည္

ကမာၻ႔ဖလားပြဲတြင္ မက္ေဒါနား၊ ရွာကီရာႏွင့္ဘီတီအက္စ္တို႔ ေဖ်ာ္ေျဖမည္
========================
ဇူလိုင္လ ၁၉ ရက္ေန႔တြင္ ႏူးဂ်ာစီျပည္နယ္ရွိ မက္လိုက္ဖ္အားကစားကြင္း၌ က်င္းပမည့္ ကမာၻ႔ဖလားဗိုလ္လုပြဲတြင္ အေမရိကန္ေဘာလုံး Super Bowl ပုံစံ တစ္ပိုင္းနားခ်ိန္ ေဖ်ာ္ေျဖပြဲကို မက္ေဒါနား၊ ရွာကီရာႏွင့္ ေကေပါ့ပ္အဖြဲ ဘီတီအက္စ္တို႔က ဦးေဆာင္သြားမည္ျဖစ္ေၾကာင္း စီစဥ္သူမ်ားက ၾကာသပေတးေန႔တြင္ ေျပာၾကားခဲ့သည္။

Coldplay မွ ခရစၥမာတင္သည္ ကမာၻ႔ဖလားေဘာလုံးဗိုလ္လုပြဲအတြက္ ပထမဆုံးအႀကိမ္ထည့္သြင္းသည့္ ေဖ်ာ္ေျဖပြဲကို စီစဥ္တင္ဆက္မည္ျဖစ္သည္။

အသင္း ၄၈ သင္း ပါဝင္သည့္ အႀကီးဆုံးကမာၻ႔ဖလားၿပိဳင္ပြဲကို ဇြန္လ ၁၁ ရက္ေန႔တြင္ အေမရိက၊ ကေနဒါႏွင့္ မကၠဆီကိုတိုတြင္ စတင္မည္ျဖစ္သည္။

ဖီဖာဥကၠဌ ဂီယန္နီ အင္ဖန္တီႏိုက ကမာၻ႔ဖလားဗိုလ္လုပြဲတြင္ ပထမပိုင္းနားခ်ိန္ ေဖ်ာ္ေျဖပြဲကို ပထမဆုံးအႀကိမ္ ထည့္သြင္းျပဳလုပ္သြားမည္ဟု ၿပီးခဲ့သည့္ႏွစ္ မတ္လတြင္ ေၾကညာခဲ့သည္။

ထိုအခ်ိန္ကမူ ေဖ်ာ္ေျဖမည့္သူ၊ ေဖ်ာ္ေျဖခ်ိန္ မည္မွ်ၾကာမည္ႏွင့္ တစ္ပိုင္းနားခ်ိန္တြင္ ေဖ်ာ္ေျဖပြဲလုပ္မည္ဆိုသည္တိုကို ၎က ထုတ္ေျပာခဲ့ျခင္းမရွိေပ။

Ref: ဘန္ေကာက္ပို႔စ္


ကမ္ဘာ့ဖလားပွဲတွင် မက်ဒေါနား၊ ရှာကီရာနှင့်ဘီတီအက်စ်တို့ ဖျော်ဖြေမည်
========================
ဇူလိုင်လ ၁၉ ရက်နေ့တွင် နူးဂျာစီပြည်နယ်ရှိ မက်လိုက်ဖ်အားကစားကွင်း၌ ကျင်းပမည့် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အမေရိကန်ဘောလုံး Super Bowl ပုံစံ တစ်ပိုင်းနားချိန် ဖျော်ဖြေပွဲကို မက်ဒေါနား၊ ရှာကီရာနှင့် ကေပေါ့ပ်အဖွဲ ဘီတီအက်စ်တို့က ဦးဆောင်သွားမည်ဖြစ်ကြောင်း စီစဉ်သူများက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

Coldplay မှ ခရစ္စမာတင်သည် ကမ္ဘာ့ဖလားဘောလုံးဗိုလ်လုပွဲအတွက် ပထမဆုံးအကြိမ်ထည့်သွင်းသည့် ဖျော်ဖြေပွဲကို စီစဉ်တင်ဆက်မည်ဖြစ်သည်။

အသင်း ၄၈ သင်း ပါဝင်သည့် အကြီးဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်နေ့တွင် အမေရိက၊ ကနေဒါနှင့် မက္ကဆီကိုတိုတွင် စတင်မည်ဖြစ်သည်။

ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုက ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ပထမပိုင်းနားချိန် ဖျော်ဖြေပွဲကို ပထမဆုံးအကြိမ် ထည့်သွင်းပြုလုပ်သွားမည်ဟု ပြီးခဲ့သည့်နှစ် မတ်လတွင် ကြေညာခဲ့သည်။

ထိုအချိန်ကမူ ဖျော်ဖြေမည့်သူ၊ ဖျော်ဖြေချိန် မည်မျှကြာမည်နှင့် တစ်ပိုင်းနားချိန်တွင် ဖျော်ဖြေပွဲလုပ်မည်ဆိုသည်တိုကို ၎င်းက ထုတ်ပြောခဲ့ခြင်းမရှိပေ။

Ref: ဘန်ကောက်ပို့စ်