အင္တာမီလန္အသင္း ကိုပါအီတာလီယာခ်န္ပီယံဆု ဆြတ္ခူး

အင္တာမီလန္အသင္း ကိုပါအီတာလီယာခ်န္ပီယံဆု ဆြတ္ခူး
===============================
အင္တာမီလန္အသင္းဟာ ကိုပါအီတာလီယာခ်န္ပီယံဆု ထပ္မံဆြတ္ခူးၿပီး ျပည္တြင္းဖလားႏွစ္လုံး ပိုင္ဆိုင္ခဲ့ပါတယ္။ ဗိုလ္လုပြဲမွာ အင္တာမီလန္အသင္းက လာဇီယိုကို ၂-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တာျဖစ္တယ္။ အင္တာရဲ႕ဂိုးေတြကို ၁၄ မိနစ္မွာ လာဇီယိုကစားသမား မာ႐ူရွစ္ ကိုယ့္ဂိုးကိုယ္သြင္းခဲ့ၿပီး ၃၅ မိနစ္မွာ ေလာ္တာ႐ိုမာတီနက္ဇ္က ဒုတိယ ဂိုး သြင္းေပးခဲ့ပါတယ္။ ၂၀၁၀ ျပည့္ႏွစ္မွာ အင္တာအသင္း ဖလားသုံးလုံး ခ်န္ပီယံျဖစ္ခဲ့ၿပီးေနာက္ ျပည္တြင္းဖလားႏွစ္လုံးကို ၁၆ ႏွစ္ၾကာမွ တစ္ၿပိဳင္နက္ ျပန္လည္ဆြတ္ခူးခဲ့တာပါ။ အင္တာအသင္းဟာ ကိုပါအီတာလီယာၿပိဳင္ပြဲသမိုင္းမွာ ခ်န္ပီယံဆုကို ၁၀ ႀကိမ္ေျမာက္ ရရွိခဲ့ပါတယ္။
အင်တာမီလန်အသင်း ကိုပါအီတာလီယာချန်ပီယံဆု ဆွတ်ခူး
===============================
အင်တာမီလန်အသင်းဟာ ကိုပါအီတာလီယာချန်ပီယံဆု ထပ်မံဆွတ်ခူးပြီး ပြည်တွင်းဖလားနှစ်လုံး ပိုင်ဆိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ အင်တာမီလန်အသင်းက လာဇီယိုကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်တယ်။ အင်တာရဲ့ဂိုးတွေကို ၁၄ မိနစ်မှာ လာဇီယိုကစားသမား မာရူရှစ် ကိုယ့်ဂိုးကိုယ်သွင်းခဲ့ပြီး ၃၅ မိနစ်မှာ လော်တာရိုမာတီနက်ဇ်က ဒုတိယ ဂိုး သွင်းပေးခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ အင်တာအသင်း ဖလားသုံးလုံး ချန်ပီယံဖြစ်ခဲ့ပြီးနောက် ပြည်တွင်းဖလားနှစ်လုံးကို ၁၆ နှစ်ကြာမှ တစ်ပြိုင်နက် ပြန်လည်ဆွတ်ခူးခဲ့တာပါ။ အင်တာအသင်းဟာ ကိုပါအီတာလီယာပြိုင်ပွဲသမိုင်းမှာ ချန်ပီယံဆုကို ၁၀ ကြိမ်မြောက် ရရှိခဲ့ပါတယ်။




