
===========
မေ ၇၊ မကွေး



မကွေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်လှစ်ပွဲအခမ်းအနား ကျင်းပပြုလုပ်
===========
မေ ၇၊ မကွေး

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်များရုံး ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့ ၇ – ၅ – ၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးပါတီရုံး၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဋ္ဌေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးတင့်နိုင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီတာဝန်ရှိသူများတက်ရောက်ပြီး လွှတ်တော်ကိုယ်စားလှယ်ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းကာ ဖွင့်လှစ်ခဲ့ကြပါသည်။