ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) တြင္ အြန္လိုင္းေငြလိမ္ဂိုဏ္းဝင္ တ႐ုတ္ႏိုင္ငံသား ၉၀ ဦးႏွင့္ ေလာင္းကစားပစၥည္းမ်ား ဖမ္းဆီးရမိ

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) တြင္ အြန္လိုင္းေငြလိမ္ဂိုဏ္းဝင္ တ႐ုတ္ႏိုင္ငံသား ၉၀ ဦးႏွင့္ ေလာင္းကစားပစၥည္းမ်ား ဖမ္းဆီးရမိ
========================
ေမ ၁၄
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ မက္မန္းၿမိဳ႕နယ္အတြင္းရွိ သံလြင္ျမစ္အနီးတြင္ အြန္လိုင္းေငြလိမ္လည္မႈႏွင့္ ေလာင္း ကစားလုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္ေနသည့္ တ႐ုတ္ႏိုင္ငံသား ၉၀ ဦးကို သက္ဆိုင္ရာပစၥည္းမ်ားႏွင့္အတူ ေမလ ၁၂ ရက္ေန႔က ဖမ္းဆီးရမိခဲ့သည္။
သတင္းေပးခ်က္အရ ပူးေပါင္းအဖြဲ႕သည္ ေမလ ၁၂ ရက္ေန႔ ညေနပိုင္းတြင္ မက္မန္းၿမိဳ႕၏ အေနာက္ ေတာင္ဘက္ ၅၅ ကီလိုမီတာခန႔္အကြာသို႔ သြားေရာက္စစ္ေဆးခဲ့ရာ အြန္လိုင္းေလာင္းကစားလုပ္ငန္းတြင္ အသုံးျပဳသည့္ လူေနတဲမ်ား၊ ထမင္းစားေဆာင္မ်ားႏွင့္ ေဆးဝါးသိုေလွာင္႐ုံမ်ားအပါအဝင္ အေဆာက္ အအုံမ်ားစြာကို ေတြ႕ရွိခဲ့သည္။
၎ေနရာမွ All-in-one ကြန္ပ်ဴတာ ၄၀ လုံး၊ Laptop ၇ လုံး၊ Starlink စက္ ၈ ခု၊ Wi-Fi စက္ ၁၀ ခုႏွင့္ Power Station မ်ား၊ ဆိုလာျပား ၉ ျပား၊ မီးစက္ ၈ လုံးႏွင့္ ဒိုင္နမို ၂ လုံး၊ လူေနအေဆာက္အအုံမ်ားႏွင့္ တဲမ်ားစြာ၊ ေရခဲ ေသတၱာႏွင့္ ေရခဲေသတၱာအႀကီး ၅ လုံး၊ ဆိုင္ကယ္ ၂ စီး တို႔ကို သိမ္းဆည္းရမိခဲ့သည္။
ေမလ ၁၃ ရက္ေန႔ (မေန႔က) နံနက္ပိုင္းတြင္ မက္မန္းၿမိဳ႕ အေနာက္ေတာင္ဘက္ ၅၀ ကီလိုမီတာခန႔္အကြာ သံလြင္ျမစ္အနီး၌ ထြက္ေျပးတိမ္းေရွာင္ေနသည့္ တ႐ုတ္ႏိုင္ငံသားမ်ားကို အဖြဲ႕ေလးဖြဲ႕ခြဲ၍ စုစု ေပါင္း ၇၅ ဦးကို ဦးစြာဖမ္းမိခဲ့သည္။ ညေန ၅ နာရီခန႔္တြင္ ေနာက္ထပ္ ၁၅ ဦးကို ထပ္မံဖမ္းဆီးရမိခဲ့သျဖင့္ စုစုေပါင္း ၉၀ ဦး ျဖစ္လာသည္။
၎တို႔ ပုန္းေအာင္းရာေနရာမ်ားမွ ဆန္အိတ္ ၁၀၀၊ Starlink စက္ ၂ ခု၊ မီးစက္ ၅ လုံး၊ ေရခဲေသတၱာအႀကီး ၃ လုံး၊ ဂက္စ္အိုး ၂၀ ႏွင့္ အျခားအသုံးအေဆာင္ပစၥည္းမ်ားကို ထပ္မံသိမ္းဆည္းရမိခဲ့သည္။ ထို႔ျပင္ ေရစစ္စက္ (Water Purification Machine) ႏွင့္ ဆီပီပါမ်ားပါဝင္သည့္ အမ်ိဳးသား/အမ်ိဳးသမီး အိပ္ေဆာင္မ်ားကိုလည္း ေတြ႕ရွိသိမ္းဆည္းခဲ့သည္။
သိမ္းဆည္းရမိသည့္ ပစၥည္းမ်ားကို လုပ္ထုံးလုပ္ နည္းႏွင့္အညီ စီမံေဆာင္႐ြက္သြားမည္ျဖစ္ၿပီး၊ ဖမ္း ဆီးရမိသူမ်ားကို ဥပေဒအရ ထိေရာက္စြာ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။ #PAN
ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းဝင် တရုတ်နိုင်ငံသား ၉၀ ဦးနှင့် လောင်းကစားပစ္စည်းများ ဖမ်းဆီးရမိ
========================
မေ ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းငွေလိမ်လည်မှုနှင့် လောင်း ကစားလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံသား ၉၀ ဦးကို သက်ဆိုင်ရာပစ္စည်းများနှင့်အတူ မေလ ၁၂ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။
သတင်းပေးချက်အရ ပူးပေါင်းအဖွဲ့သည် မေလ ၁၂ ရက်နေ့ ညနေပိုင်းတွင် မက်မန်းမြို့၏ အနောက် တောင်ဘက် ၅၅ ကီလိုမီတာခန့်အကွာသို့ သွားရောက်စစ်ဆေးခဲ့ရာ အွန်လိုင်းလောင်းကစားလုပ်ငန်းတွင် အသုံးပြုသည့် လူနေတဲများ၊ ထမင်းစားဆောင်များနှင့် ဆေးဝါးသိုလှောင်ရုံများအပါအဝင် အဆောက် အအုံများစွာကို တွေ့ရှိခဲ့သည်။
၎င်းနေရာမှ All-in-one ကွန်ပျူတာ ၄၀ လုံး၊ Laptop ၇ လုံး၊ Starlink စက် ၈ ခု၊ Wi-Fi စက် ၁၀ ခုနှင့် Power Station များ၊ ဆိုလာပြား ၉ ပြား၊ မီးစက် ၈ လုံးနှင့် ဒိုင်နမို ၂ လုံး၊ လူနေအဆောက်အအုံများနှင့် တဲများစွာ၊ ရေခဲ သေတ္တာနှင့် ရေခဲသေတ္တာအကြီး ၅ လုံး၊ ဆိုင်ကယ် ၂ စီး တို့ကို သိမ်းဆည်းရမိခဲ့သည်။
မေလ ၁၃ ရက်နေ့ (မနေ့က) နံနက်ပိုင်းတွင် မက်မန်းမြို့ အနောက်တောင်ဘက် ၅၀ ကီလိုမီတာခန့်အကွာ သံလွင်မြစ်အနီး၌ ထွက်ပြေးတိမ်းရှောင်နေသည့် တရုတ်နိုင်ငံသားများကို အဖွဲ့လေးဖွဲ့ခွဲ၍ စုစု ပေါင်း ၇၅ ဦးကို ဦးစွာဖမ်းမိခဲ့သည်။ ညနေ ၅ နာရီခန့်တွင် နောက်ထပ် ၁၅ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ၉၀ ဦး ဖြစ်လာသည်။
၎င်းတို့ ပုန်းအောင်းရာနေရာများမှ ဆန်အိတ် ၁၀၀၊ Starlink စက် ၂ ခု၊ မီးစက် ၅ လုံး၊ ရေခဲသေတ္တာအကြီး ၃ လုံး၊ ဂက်စ်အိုး ၂၀ နှင့် အခြားအသုံးအဆောင်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။ ထို့ပြင် ရေစစ်စက် (Water Purification Machine) နှင့် ဆီပီပါများပါဝင်သည့် အမျိုးသား/အမျိုးသမီး အိပ်ဆောင်များကိုလည်း တွေ့ရှိသိမ်းဆည်းခဲ့သည်။
သိမ်းဆည်းရမိသည့် ပစ္စည်းများကို လုပ်ထုံးလုပ် နည်းနှင့်အညီ စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဖမ်း ဆီးရမိသူများကို ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ #PAN




