ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအး ေပ်ာ္ဘြယ္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား႐ုံး ဖြင့္ပြဲအခမ္းအနားတက္ေရာက္

ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအး ေပ်ာ္ဘြယ္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား႐ုံး ဖြင့္ပြဲအခမ္းအနားတက္ေရာက္
=======================
ေပ်ာ္ဘြယ္ ေမ ၁၄
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႉး ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးသည္ ေမလ ၁၄ ရက္ေန႔ နံနက္ပိုင္းတြင္ ေပ်ာ္ဘြယ္ၿမိဳနယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား႐ုံးဖြင့္ပြဲ အခမ္းအနားသို႔ တက္ေရာက္ခဲ့ေၾကာင္းသိရသည္။
အခမ္းအနားကို ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအး၊တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ႏိုင္ၫြန႔္၊ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးအာကာစိုးႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ားက ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးခဲ့သည္။
ထို႔ေနာက္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ တက္ေရာက္လာသူမ်ားမွ ေပ်ာ္ဘြယ္ၿမိဳနယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား႐ုံးဆိုင္းဘုတ္အား အေမႊးနံ႔သာမ်ားပတ္ျဖန္းခဲ့ၾကသည္။
ေပ်ာ္ဘြယ္ၿမိဳနယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေသာင္းေအးမွ ၿမိဳနယ္တာဝန္ရွိသူမ်ား၊ၿမိဳမိၿမိဳဖမ်ားႏွင့္ ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ကာ ေဒသဖြံၿဖိဳးေရးလုပ္ငန္းမ်ား စနစ္တက်ေဆာင္႐ြက္ႏိုင္ရင္ ညႇိႏွိင္းေဆြးေႏြးခဲ့ေၾကာင္းသိရသည္။
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး ပျော်ဘွယ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံး ဖွင့်ပွဲအခမ်းအနားတက်ရောက်
=======================
ပျော်ဘွယ် မေ ၁၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ပျော်ဘွယ်မြိုနယ် လွှတ်တော်ကိုယ်စားလှယ်များရုံးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
အခမ်းအနားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ညွန့်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအာကာစိုးနှင့် မြို့မိမြို့ဖများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တက်ရောက်လာသူများမှ ပျော်ဘွယ်မြိုနယ် လွှတ်တော်ကိုယ်စားလှယ်များရုံးဆိုင်းဘုတ်အား အမွှေးနံ့သာများပတ်ဖြန်းခဲ့ကြသည်။
ပျော်ဘွယ်မြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးမှ မြိုနယ်တာဝန်ရှိသူများ၊မြိုမိမြိုဖများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ဒေသဖွံဖြိုးရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရင် ညှိနှိင်းဆွေးနွေးခဲ့ကြောင်းသိရသည်။




