လာလီဂါခ်န္ပီယံ ဘာစီလိုနာ အမိုးဖြင့္ကားျဖင့္ လွည့္လည္ ေအာင္ပြဲခံ

လာလီဂါခ်န္ပီယံ ဘာစီလိုနာ အမိုးဖြင့္ကားျဖင့္ လွည့္လည္ ေအာင္ပြဲခံ
===========================
စပိန္လာလီဂါၿပိဳင္ပြဲရာသီမၿပီးခင္မွာဘဲ ရီးရဲမက္ဒရစ္ကိုႏိုင္ၿပီး ခ်န္ပီယံျဖစ္သြားခဲ့တဲ့ ဘာစီလိုနာအသင္းဟာ အမိုးဖြင့္ကားေပၚကေန ေမ ၁၁ ရက္က လွည့္လည္ ေအာင္ပြဲခံခဲ့ပါတယ္။ စပိန္မီဒီယာေတြအရ ဒီေအာင္ပြဲခံအခမ္းအနားကို ပရိသတ္ ခုနစ္သိန္းခြဲေက်ာ္ ပါဝင္ဆင္ႏႊခဲ့ၾကတယ္လို သိရပါတယ္။ ဘာစီလိုနာအသင္းဟာ လာလီဂါ ၂၉ ႀကိမ္ေျမာက္ ခ်န္ပီယံဆုဖလားနဲ႔အတူ ၿမိဳတြင္းလမ္းေတြမွာ လွည့္လည္ေအာင္ပြဲခံခဲ့တာျဖစ္တယ္။
ဘာစီလိုနာအသင္းရဲ႕ ထုတ္ျပန္ခ်က္မွာ ”ဘာဆာအတြက္ စိတ္အားထက္သန္မႈကို ဘာစီလိုနာက ထပ္မံသက္ေသျပခဲ့ပါတယ္။ အသင္းအတြက္ လမ္းေတြဟာ blaugrana ပင္လယ္လို ျဖစ္ခဲ့ပါတယ္။ အသင္းသမိုင္းမွာ ေအာင္ျမင္မႈအခန္းက႑ကို ဆက္လက္သယ္ေဆာင္သြားမွာပါ။ ၿပီးေတာ့ ဒီဆုဖလားသစ္ေတြအတြက္ လူေတြနဲ႔အတူ ေအာင္ပြဲခံၾကပါမယ္”လို ေရးသားခဲ့ပါတယ္။
ဘာစီလိုနာအသင္းဟာ လက္က်န္သုံးပြဲမွာ သုံးပြဲစလုံး အႏိုင္ရရင္ ရမွတ္ ၁၀၀ ျပည့္ေျမာက္မွာပါ။ ဒါဟာ လာလီဂါၿပိဳင္ပြဲမွာ ဒီမွတ္တမ္းပိုင္ဆိုင္ႏိုင္တဲ့ တတိယေျမာက္အသင္း ျဖစ္လာပါလိမ့္မယ္။
Photos: B/R Football
လာလီဂါချန်ပီယံ ဘာစီလိုနာ အမိုးဖွင့်ကားဖြင့် လှည့်လည် အောင်ပွဲခံ
===========================
စပိန်လာလီဂါပြိုင်ပွဲရာသီမပြီးခင်မှာဘဲ ရီးရဲမက်ဒရစ်ကိုနိုင်ပြီး ချန်ပီယံဖြစ်သွားခဲ့တဲ့ ဘာစီလိုနာအသင်းဟာ အမိုးဖွင့်ကားပေါ်ကနေ မေ ၁၁ ရက်က လှည့်လည် အောင်ပွဲခံခဲ့ပါတယ်။ စပိန်မီဒီယာတွေအရ ဒီအောင်ပွဲခံအခမ်းအနားကို ပရိသတ် ခုနစ်သိန်းခွဲကျော် ပါဝင်ဆင်နွှခဲ့ကြတယ်လို သိရပါတယ်။ ဘာစီလိုနာအသင်းဟာ လာလီဂါ ၂၉ ကြိမ်မြောက် ချန်ပီယံဆုဖလားနဲ့အတူ မြိုတွင်းလမ်းတွေမှာ လှည့်လည်အောင်ပွဲခံခဲ့တာဖြစ်တယ်။
ဘာစီလိုနာအသင်းရဲ့ ထုတ်ပြန်ချက်မှာ ”ဘာဆာအတွက် စိတ်အားထက်သန်မှုကို ဘာစီလိုနာက ထပ်မံသက်သေပြခဲ့ပါတယ်။ အသင်းအတွက် လမ်းတွေဟာ blaugrana ပင်လယ်လို ဖြစ်ခဲ့ပါတယ်။ အသင်းသမိုင်းမှာ အောင်မြင်မှုအခန်းကဏ္ဍကို ဆက်လက်သယ်ဆောင်သွားမှာပါ။ ပြီးတော့ ဒီဆုဖလားသစ်တွေအတွက် လူတွေနဲ့အတူ အောင်ပွဲခံကြပါမယ်”လို ရေးသားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ လက်ကျန်သုံးပွဲမှာ သုံးပွဲစလုံး အနိုင်ရရင် ရမှတ် ၁၀၀ ပြည့်မြောက်မှာပါ။ ဒါဟာ လာလီဂါပြိုင်ပွဲမှာ ဒီမှတ်တမ်းပိုင်ဆိုင်နိုင်တဲ့ တတိယမြောက်အသင်း ဖြစ်လာပါလိမ့်မယ်။
Photos: B/R Football




