႐ုရွားက ကမာၻ႔အင္အားအျပင္းဆုံး ဒုံးက်ည္ကို စမ္းသပ္ပစ္ခတ္

႐ုရွားက ကမာၻ႔အင္အားအျပင္းဆုံး ဒုံးက်ည္ကို စမ္းသပ္ပစ္ခတ္
==========================
႐ုရွားႏိုင္ငံသည္ ၎၏ န်ဴကလီးယားအင္အားစုမ်ားကို ေခတ္မီေစရန္ ႀကိဳးပမ္းမႈတစ္ရပ္အျဖစ္ ကမာၻ႔အင္အားအျပင္းဆုံးဟု သတ္မွတ္ထားသည့္ Sarmat တိုက္ခ်င္းပစ္ အျမင့္ပ်ံဒုံးက်ည္အသစ္ကို ေမလ ၁၂ ရက္တြင္ စမ္းသပ္ပစ္ခတ္ေၾကာင္း ႐ုရွားသမၼတ ဗလာဒီမာပူတင္က ေျပာသည္။
ယူကရိန္းစစ္ပြဲ အဆုံးသတ္ရန္ နီးကပ္ေနၿပီဟု ပူတင္က ေျပာၾကားၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ ယခုကဲ့သို႔ စမ္းသပ္မႈျပဳလုပ္ျခင္းျဖစ္သည္။ ဆိုဗီယက္ေခတ္ထုတ္ Voyevoda ဒုံးက်ည္မ်ားေနရာတြင္ အစားထိုးရန္ ထုတ္လုပ္ထားသည့္ န်ဴကလီးယားထိပ္ဖူးတပ္ Sarmat ဒုံးက်ည္မ်ားသည္ ယခုႏွစ္ကုန္တြင္ စစ္ဆင္ေရးတာဝန္မ်ား စတင္ထမ္းေဆာင္မည္ျဖစ္သည္။
ထိုဒုံးက်ည္သည္ အေနာက္အုပ္စုရွိ ဒုံးက်ည္မ်ားထက္ ေလးဆေက်ာ္ ပိုမိုျပင္းထန္ေၾကာင္း ပူတင္က ေျပာသည္။ အကြာအေဝး ကီလိုမီတာ ၃၅,၀၀၀ ေက်ာ္အထိ ပစ္ခတ္ႏိုင္ၿပီး မည္သည့္ဒုံးခြင္းဒုံးစနစ္ကိုမဆို ေဖာက္ထြင္းႏိုင္စြမ္းရွိသည့္ Sarmat ဒုံးက်ည္သည္ အေမရိကန္၏ ဒုံးခြင္းဒုံးစနစ္မ်ားကို အသုံးမဝင္ေအာင္ ျပဳလုပ္ႏိုင္မည္ဟု ႐ုရွားကဆိုသည္။
ထို႔ျပင္ ႐ုရွားႏိုင္ငံသည္ အသံထက္ ၂၇ ဆ ျမန္သည့္ Avangard ဒုံးက်ည္ႏွင့္ ဥေရာပရွိ မည္သည့္ပစ္မွတ္ကိုမဆို ထိမွန္ေအာင္ ပစ္ခတ္ႏိုင္သည့္ Oreshnik ဒုံးက်ည္မ်ားကိုလည္း အဆင့္ျမႇင့္တင္ အသုံးျပဳလ်က္ရွိေၾကာင္း သိရသည္။
Ref: RT
ရုရှားက ကမ္ဘာ့အင်အားအပြင်းဆုံး ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်
==========================
ရုရှားနိုင်ငံသည် ၎င်း၏ နျူကလီးယားအင်အားစုများကို ခေတ်မီစေရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ကမ္ဘာ့အင်အားအပြင်းဆုံးဟု သတ်မှတ်ထားသည့် Sarmat တိုက်ချင်းပစ် အမြင့်ပျံဒုံးကျည်အသစ်ကို မေလ ၁၂ ရက်တွင် စမ်းသပ်ပစ်ခတ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောသည်။
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရန် နီးကပ်နေပြီဟု ပူတင်က ပြောကြားပြီးနောက် ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ စမ်းသပ်မှုပြုလုပ်ခြင်းဖြစ်သည်။ ဆိုဗီယက်ခေတ်ထုတ် Voyevoda ဒုံးကျည်များနေရာတွင် အစားထိုးရန် ထုတ်လုပ်ထားသည့် နျူကလီးယားထိပ်ဖူးတပ် Sarmat ဒုံးကျည်များသည် ယခုနှစ်ကုန်တွင် စစ်ဆင်ရေးတာဝန်များ စတင်ထမ်းဆောင်မည်ဖြစ်သည်။
ထိုဒုံးကျည်သည် အနောက်အုပ်စုရှိ ဒုံးကျည်များထက် လေးဆကျော် ပိုမိုပြင်းထန်ကြောင်း ပူတင်က ပြောသည်။ အကွာအဝေး ကီလိုမီတာ ၃၅,၀၀၀ ကျော်အထိ ပစ်ခတ်နိုင်ပြီး မည်သည့်ဒုံးခွင်းဒုံးစနစ်ကိုမဆို ဖောက်ထွင်းနိုင်စွမ်းရှိသည့် Sarmat ဒုံးကျည်သည် အမေရိကန်၏ ဒုံးခွင်းဒုံးစနစ်များကို အသုံးမဝင်အောင် ပြုလုပ်နိုင်မည်ဟု ရုရှားကဆိုသည်။
ထို့ပြင် ရုရှားနိုင်ငံသည် အသံထက် ၂၇ ဆ မြန်သည့် Avangard ဒုံးကျည်နှင့် ဥရောပရှိ မည်သည့်ပစ်မှတ်ကိုမဆို ထိမှန်အောင် ပစ်ခတ်နိုင်သည့် Oreshnik ဒုံးကျည်များကိုလည်း အဆင့်မြှင့်တင် အသုံးပြုလျက်ရှိကြောင်း သိရသည်။
Ref: RT



