ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးခင္ရီ မေကြးတိုင္းေဒသႀကီးအတြင္းရွိ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ေတြ႕ဆုံ

ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးခင္ရီ မေကြးတိုင္းေဒသႀကီးအတြင္းရွိ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ေတြ႕ဆုံ
===========
ေမ ၁၄၊ မေကြး

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၁၄-၅-၂၀၂၆ ရက္ေန႔ ၁၁၀၀ အခ်ိန္တြင္ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္၊ ဗိုလ္မင္းေရာင္ခန္းမ၌ က်င္းပျပဳလုပ္ေသာ မေကြးတိုင္းေဒသႀကီးအတြင္းရွိ ေ႐ြးေကာက္ခံ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ေတြ႕ဆုံပြဲအခမ္းအနားသို တက္ေရာက္ခဲ့ပါသည္။

အခမ္းအနားတြင္ ပါတီဥကၠ႒ ဦးခင္ရီက လမ္းၫႊန္အမွာစကားေျပာၾကားခဲ့ၿပီး တက္ေရာက္လာေသာ ေ႐ြးေကာက္ခံလႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ေဆြးေႏြးတင္ျပရာ ပါတီဥကၠ႒ ဦးခင္ရီက တင္ျပေဆြးေႏြးခ်က္မ်ားႏွင့္စပ္လ်ဥ္းၿပီး ျပန္လည္ေဆြးေႏြးကာ နိဂုံးခ်ဳပ္အမွာစကားေျပာၾကားပါသည္။

အဆိုပါေတြ႕ဆုံပြဲသို ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီဥကၠ႒ ဦးခင္ရီ၊ မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ ဝန္ႀကီးခ်ဳပ္ ဦးတင္ကိုကိုႏွင့္ တိုင္းအစိုးရအဖြဲတာဝန္ရွိသူမ်ား၊ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠ႒ ေဒါက္တာေမာင္ေမာင္ေ႒း၊ ဒုတိယဥကၠ႒ ဦးခင္ေမာင္ညိဳ၊ ပါတီတြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ေ႐ြးေကာက္ခံ ျပည္သူ႔လႊတ္ေတာ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္တိုမွ ကိုယ္စားလွယ္မ်ား တက္ေရာက္ခဲ့ပါသည္။


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ မကွေးတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ
===========
မေ ၁၄၊ မကွေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၁၄-၅-၂၀၂၆ ရက်နေ့ ၁၁၀၀ အချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ဗိုလ်မင်းရောင်ခန်းမ၌ ကျင်းပပြုလုပ်သော မကွေးတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲအခမ်းအနားသို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီက လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသော ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီက တင်ပြဆွေးနွေးချက်များနှင့်စပ်လျဥ်းပြီး ပြန်လည်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားပါသည်။

အဆိုပါတွေ့ဆုံပွဲသို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တိုင်းအစိုးရအဖွဲတာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဋ္ဌေး၊ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ညို၊ ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်တိုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။