မန်ယူ၏ ခံစစ်ဖြင့် ချန်ပီယံလိဂ်တွင် အောင်မြင်မှုမရနိုင်ကြောင်း ဖာဒီနန် သုံးသပ်

မန်ယူအသင်း၏ နောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန် သည် လက်ရှိ မန်ယူအသင်း၏ ခံစစ်အနေအထားဖြင့် ချန်ပီယံလိဂ်တွင် အောင်မြင်မှု မရနိုင်ကြောင်း ပြောဆိုသွားခဲ့သည်ဟု သိရသည်။

မန်ယူအသင်းသည် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ယန်းဘွိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ပြီးခဲ့သည့်ရာသီကလည်း မန်ယူသည် ချန်ပီယံလိဂ်ပြိုင်ပွဲ၏ (၁၆) သင်းအဆင့်တွင် ဆီဗီလာကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရသည်။ မန်ယူသည် ပရီးမီးယားလိဂ်(၅) ပွဲ ကစားပြီးချိန်တွင် (၃) ပွဲသာ အနိုင်ရထားပြီး ဂိုးမပေးရသည့်ပွဲ တစ်ပွဲသာရှိသည့်အတွက်ကြောင့် ဖာဒီနန်က ယခုကဲ့သို့ သုံးသပ်ပြောဆိုသွားခြင်း ဖြစ်သည်။

Read more

သတင်းစာရှင်းလင်းပွဲမှာ ဒေါသပေါက်ကွဲခဲ့တဲ့ ပိုချက်တီနို

အင်တာမီလန်အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွက် စပါးနည်းပြပိုချက်တီနိုက ကစားသမားများကို ပြစ်တင်မှု ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါပွဲတွင် စပါးအသင်းဟာ အဲရစ်ဆင်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ အိုင်ကာဒီ၊ဗီဆီနို တို့ ရဲ့သွင်းဂိုးများကို ပြန်လည်ခွင့်ပြုပေးခဲ့ရတာကြောင့် ရှုံးခဲ့ရတာပဲ ဖြစ်ပါတယ်။

Read more

တရုတ်ကုန်ပစ္စည်း ဒေါ်လာ ဘီလီယံ ၂၀၀ ဖိုးအပေါ် သွင်းကုန်ခွန်များ ကောက်ယူရန် ထရမ့်အမိန့်ထုတ်

တရုတ်နိုင်ငံက တင်သွင်းတဲ့ သွင်းကုန် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံဖိုးအပေါ် ဆယ်ရာခိုင်နှုန်း သွင်းကုန်စည်းကြပ်ခွန်အား စက်တင်ဘာ ၂၄ ရက်က စပြီး စတင်ကောက်ယူသွားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၁၇ ရက်မှာ အမိန့်ထုတ်လိုက်ပြီ ဖြစ်ပါတယ်။

နှစ်နိုင်ငံကြား ကုန်သွယ်ရေး ထိပ်တိုက်တွေ့နေမှုကို အရှိန်ထပ်မြှင့်လိုက်တဲ့ ထရမ့်ရဲ့ ဒီအမိန့်ကြေညာချက်မှာ တရုတ်ဖက်က လက်တုံ့ပြန်ရင် ပိုပြီး ပစ်မှတ်ထားလျက် ပြန်လည်ထိုးနှက် သွားမယ်လို့လည်း သတိပေး ခြိမ်းခြောက်ထားပါတယ်။

Read more

တန်းတူညီတူ မဆက်ဆံလျှင် ထရမ့်နှင့် ဆွေးနွေးမည်မဟုတ်ဟု ကျူးဘားသမ္မတ ပြော

တန်းတူညီတူ မဆက်ဆံရင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ကျူးဘားသမ္မတ မီဂဲဒီယက်ဇ်က စက်တင်ဘာ ၁၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။

သမ္မတ မီဂဲဒီယက်ဇ်ဟာ သမ္မတတာဝန်ယူပြီးနောက် ပထမဆုံးပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ အဲဒီလို ပြောသွားခဲ့တာပါ။

Read more

လပေါ်သို့ ပုဂ္ဂလိက အလည်အပတ် ခရီးစဉ် ပထမဆုံး သွားရောက်ခွင့်ရမည့် ဂျပန် စီးပွားရေး လုပ်ငန်းရှင်

ဂျပန်နိုင်ငံမှ ဘီလီယံနာ သူဌေးတစ်ဦးသည် ပုဂ္ဂလိက ခရီးစဉ်ဖြင့် လပေါ်သို့ သွားရောက် လည်ပတ်မည့် ပထမဆုံး ပုဂ္ဂိုလ် ဖြစ်လာမည်ဟု သိရသည်။

အမေရိကန် စွန့်ဦးလုပ်ငန်းရှင် သူဌေးကြီး အီလွန်မတ်စ်ခ် ဦးဆောင်သည့် SpaceX ကုမ္ပဏီက ၎င်းတို့၏ ပုဂ္ဂလိက လပေါ် ခရီးသွား ဝန်ဆောင်မှုအတွက် ပထမဆုံး ဖောက်သည်၏ အမည်ကို ထုတ်ပြန် ကြေညာလိုက်ရာ အသက် ၄၂ နှစ်အရွယ် အွန်လိုင်းဖက်ရှင် ရောင်းဝယ်မှု လုပ်ငန်းရှင် ယာဆာကူ မီဇာဝါဖြစ်ကြောင်း ဖော်ပြပါရှိသည်။

Read more

တောင်အာဖရိကမှာ ဆေးခြောက်ကို တစ်ကိုယ်ရည်သုံးစွဲခြင်းနဲ့ စိုက်ပျိုးခြင်းတို့ကို ရာဇ၀တ်မှုမှ ပယ်ဖျက်

ကိတ်တောင်း၊ စက်တင်ဘာ ၁၉

တောင်အာရိကနိုင်ငံရဲ့ ဖွဲ့စည်းပုံဥပဒေခုံရုံးဟာ ဆေးခြောက်လက်ဝယ်ရှိခြင်း၊ သောက်ရှုခြင်းနဲ့ တစ်သီးပုဂ္ဂလ စိုက်ပျိုးခြင်းတွေကို နိုင်ငံမှာ တားမြစ်ထားတာဟာ ဖွဲ့စည်းပုံနဲ့ မညီညွတ်ဘူးလို့ စက်တင်ဘာ ၁၈ ရက်က စီရင်ထုံး ချမှတ်လိုက်ပါတယ်။

ခုလို ခုံရုံးက ဆုံးဖြတ်ချက် ချမှတ်လိုက်တာကြောင့် စိတ်ကိုပြောင်းလဲစေတဲ့ ဆေးခြောက် သုံးစွဲခြင်းဟာ ရာဇ၀တ်မှု မမြောက်တော့ပါဘူး။

Read more

အမှားအယွင်းအတွက် ပြင်းထန်တဲ့ ပြစ်ဒဏ် ပေးဆပ်လိုက်ရတဲ့ ကော်စတာ

ဂျူဗင်တပ်စ်အသင်းရဲ့ တောင်ပံကစားသမား ဒေါက်ဂလပ်စ်ကော်စတာကတော့ ဆာဆူအိုလိုနဲ့ပွဲမှာ ပြိုင်ဘက် ကစားသမား ဒီဖရန်ဆက်စကိုကို တံထွေးနဲ့ ထွေးခဲ့တဲ့အတွက် ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်ခံလိုက်ရပြီ ဖြစ်ပါတယ်။ ကော်စတာအနေနဲ့ အဆိုပါပွဲမှာ တံထွေးနဲ့ ထွေဲး့ပြီးနောက် အနီကတ် ပြသခံခဲ့ရပြီး ထုတ်ပယ်ခံခဲ့ရပါတယ်။

Read more

ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲကို ကန့်ကွက်ဆန္ဒပြ

တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်တွေရဲ့ တတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကို ကန့်ကွက်တဲ့ အနေနဲ့ စက်တင်ဘာ ၁၈ ရက်နေ့က ဆိုးလ်မြို့မှာ တောင်ကိုရီးယားပြည်သူတွေ ဆန္ဒပြခဲ့ပါတယ်။

ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ထိပ်သီးဆွေးနွေးပွဲ သတင်းစင်တာရှိရာ ဒေါင်ဒယ်မွန်း ဒီဇိုင်းပလာဇာရှေ့မှာ စုဝေးပြီး မြောက်ကိုရီးယားဆန့်ကျင်ရေး ကြွေးကြော်သံတွေ ဟစ်ကြွေးကြပါတယ်။ အသက် ၅၂ နှစ်အရွယ် ဆန္ဒပြအမျိုးသမီးက မြောက်ကိုရီးယားအနေနဲ့ အခုချိန်မှာ နျူကလီးယားကင်းစင်ရေး လုပ်ဖို့ လိုအပ်နေပြီး တောင်ကိုရီးယား ကော်ပိုရေးရှင်းကြီးတွေဆီက ငွေညှစ်ဖို့ မလှည့်စားသင့်ဘူးလို့ ပြောသွားပါတယ်။

Read more

ပုဂံဒေသ ယူနက်စကိုစာရင်းဝင်ရေး နိုင်ငံတကာပညာရှင်တစ်ဦး စတင်ကွင်းဆင်းစစ်ဆေး

ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် တင်သွင်းထားသော ရှေးဟောင်းမြို့တော် ပုဂံဒေသကို နိုင်ငံတကာ အထိမ်းအမှတ် အဆောက်အအုံနှင့် နေရာဒေသများကောင်စီ ICO-MOS အဖွဲ့မှ ပညာရှင်တစ်ဦး ပထမဆုံးအကြိမ် ကွင်းဆင်းစစ်ဆေးနေပြီဖြစ်သည်။ ICOMOS အဖွဲ့မှပညာရှင် ဩစတြေးလျနိုင်ငံသား မစ္စတာ ဟာရစ်ချက်မာကေး သည် ရှေးဟောင်းမြို့တော် ပုဂံဒေသ ယူနက်စကိုစာရင်းဝင်ရန် မြန်မာ အစိုးရက တင်သွင်းထားသည့် အချက်များ နှင့် မြေပြင်အခြေအနေ ကိုက်ညီမှု ရှိ၊ မရှိ ယမန်နေ့က စတင်ကွင်းဆင်းစစ်ဆေးသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ကောလင်း စက်တင်ဘာ ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒသကြီးကော်မတီဝင် ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်ကိုစံ၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးမင်းဇော်မြင့်၊ ကောလင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ ပါတီအတွင်းရေးမှူး ဦးအောင်စိုးနိုင်နှင့် ပါတီကော်မတီဝင်များ၊ နိုင်ငံရေးစီမံခန့်ခွဲမှုနှင့် ပြည်သူ့ဆက်ဆံရေး (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၈/၂ဝ၁၈) သင်တန်းသားများ စုပေါင်း၍ ယမန်နေ့နံနက် ၁၁ နာရီတွင် ကောလင်းမြို့ ကျော်ဇေယျာ (၁) ရပ်ကွက်ရှိ သုနန္ဒာရာမကျောင်းတိုက် ဆရာတော် ဦးသုနန္ဒအား ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်းနှင့် ဝတ္ထုငွေများ ဆက်ကပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read more