ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲ ကျင်းပ

ပုသိမ်ကြီး၊ စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲအခမ်းအနား ကို စက်တင်ဘာာ (၁၈) ရက်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

Read more

လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ အင်းတိုင်ကျေးရွာ ရပ်ကျေးဥက္ကဌနှင့်အဖွဲ့ဝင်များ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

ရန်ကုန်၊ စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြတ်စိုးနှင့် မြို့နယ်ကော်မတီဝင် ကိုးဦးတို့သည် ယမန်နေ့နံနက် ၁ဝ နာရီက လှည်းကူးမြို့နယ် အင်းတိုင်ကျေးရွာ ဇေယျာမြင့်ရပ်ကွက်သို့ ရောက်ရှိပြီး ဦးကျော်သာ ၏နေအိမ်တွင် ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ နိုင်ငံတော်၏ လက်ရှိအခြေအနေ များအား ရှင်းလင်းဆွေးနွေးပြီး ရပ်ကွက်ပြည်သူများမှ ပါတီဝင်အဖြစ် လျှောက်ထားတင်ပြလာသည့် အဆိုပြုလွှာ ၆၈ စောင်အား လက်ခံခဲ့သည်။

Read more

ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားတွင် ဂုဏ်ပြုလွှာရရှိခဲ့သူတို့ ပြောကြားခဲ့သည့်အသံများ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဇေယျာသီရိမြို့နယ် ခေတ်အေးအုပ်စု မရင်းကြီးကျေးရွာ၌ စက်တင် ဘာ ၁၈ ရက်က ကျင်းပသည့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားတွင် ဂုဏ်ပြုလွှာရရှိခဲ့သူတို့၏ ပြည်သူ့ အကျိုး ဆောင်ရွက်ခဲ့ကြသည့်အခြေအနေများနှင့် ပတ်သက်၍ ပါတီဝင်အင်အားတိုးအောင်ဆောင်ရွက်ပေးခဲ့ကြသူ ဇေယျာသီရိမြို့နယ်ကော်မတီဝင် ဦးဝင်းလွင်ဦးနှင့် ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စု ရပ်/ကျေးစည်းရုံး ရေးမှူး ဦးမောင်ဇော်ဦးတို့ ပြောကြားခဲ့ကြသည့်အသံများကို စုစည်းဖော်ပြလိုက်ပါသည်။

Read more

နွားထိုးကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပ

နွားထိုးကြီး၊ စက်တင်ဘာ ၁၈

နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ အမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲကို စက်တင်ဘာ (၁၈) ရက်နေ့နံနက် ၁ဝ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

Read more

မောတောင်မြို့ ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံကို ဂုဏ်ပြုသောအားဖြင့် ဆရာဆရာမလက်စွဲစာအုပ်များ ပေးအပ်လှူဒါန်း

တနင်္သာရီ၊ စက်တင်ဘာ ၁၈

တနင်္သာရီမြို့နယ် မောတောင်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသမီးညီလာခံကို ဂုဏ်ပြုသော အားဖြင့် ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမလက်စွဲစာအုပ်များ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁ဝ နာရီက မောတောင်မြို့ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

Read more

တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားကျင်းပ

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တောင်သာမြို့နယ် အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ အခမ်းအနားကို (၁၉-၉-၂၀၁၈) နေ့ နံနက်ခင်းမင်္ဂလာအချိန် (၀၉:၃၀) နာရီမှာ စတင်ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြင်းခြံခရိုင်နယ်မြေတာဝန်ခံ တိုင်းကော်မတီဝင် ဦးမြတ်သူ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်တင့်၊ မြို့နယ်ဥက္ကဋ္ဌ ဦးသိန်းညွန့်အတွင်းရေးမှူးနှင့်မြို့နယ်ကော်မတီဝင် နယ်မြေမှူးများ၊ ရပ်/ကျေးပါတီကော်မတီဥက္ကဋ္ဌများနှင့် ပါတီဝင်အမျိုးသမီးများ အမျိုးသမီးရေးရာစာတမ်း အသီးသီးဖတ်ကြားတင်သွင်းမည့် အမျိုးသမီးကော်မတီဝင်များ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပါတီဝင်အမျိုးသား/သမီးအင်အား (၁၅၀) ခန့် တက်ရောက်ခဲ့ပါသည်။

Read more

အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

အမရပူရမြို့နယ် ​ပြည်​ခိုင်​ဖြိုးပါတီရုံးခန်းမ၌ အမရပူရမြို့နယ် ​ပြည်​ခိုင်​ဖြိုးပါတီမှ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။ အခမ်းအနားကို အစီအစဉ် သုံးပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ကာ အစီအစဉ်ပထမပိုင်းတွင် သဘာပတိအဖွဲ့မှ နေရာယူပြီးနောက် အခမ်းအနားကို နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် အမရပူရမြို့နယ်​ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦးက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပါတီအတွင်း​ရေးမှူး ဒေါ်​စောမြိုင်​က ဗဟိုအမျိုးသမီးညီလာခံအကြို ​အမရပူရမြို့နယ်၊ အမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် အစီအစဉ် ပထမပိုင်းပြီးဆုံး၍ သဘာပတိအဖွဲ့မှ ပြန်လည်ထွက်ခွာခဲ့ပါသည်။

Read more

ဒေါပုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အနာဂတ်နိုင်ငံရေးခေါင်းစဉ်ဖြင့် ဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ ၃ နာရီ က ” အနာဂတ်နိုင်ငံရေး ” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Read more

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်း

မကွေး၊ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များသည် မင်းဘူး / စကုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ယမန်နေ့နံနက်က တိုင်းဒေသကြီး/ခရိုင်/မြို့နယ် မျက်နှာစုံညီအစည်းအဝေးကို ကျင်းပရာ ပါတီဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းကော်မတီဝင်များ ဖြစ်ကြသော ဦးအောင်နိုင်၊ ဦးကျော်သူဦးနှင့် မင်းဘူးခရိုင် မင်းဘူး/ စကုမြို့နယ်ကော်မတီဝင်များ တက်ရောက်ကြကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဌ မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေး စီမံခန့်ခွဲမှုသင်တန်း (၁/၂၀၁၈) ဖွင့်ပွဲ တက်ရောက်

မုံရွာ၊ စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းအခမ်းအနားကို မုံရွာမြို့နယ် ပါတီရုံး၌ ယမန်နေ့နံနက် ၈ နာရီအချိန်တွင် ကျင်းပခဲ့သည်။

ယင်းအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း၊ တိုင်းပါတီကော်မတီဝင် မုံရွာခရိုင်တာဝန်ခံ ဒေါက်တာဝင်းမြင့်အောင်နှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ မုံရွာခရိုင်ပါတီဥက္ကဌ ဦးအောင်တိုးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မုံရွာခရိုင်အတွင်းရှိ ၄ မြို့နယ် မှ သင်တန်းသား / သူများ စုစုပေါင်း (၆၅) ဦး တက်ရောက်ကြပါသည်။

Read more