ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ အခမ်းအနားကျင်းပ

ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ ၁၇

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကို ယမန်နေ့က ကြာအင်းဆိပ်ကြီးမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ကျင်းပခဲ့ သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ကော်မတီဝင် ဦးစောမြဝင်း၊ ပြည်နယ်အမျိုးသမီးရေးရာကော်မတီဝင် ဒေါ်စန္ဒာဦး၊ ခရိုင်အတွင်းရေးမှူး ဒေါ်ဖြူစင်ဝင်းထွန်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကော်မတီဝင် ဘုရားသုံးဆူမြို့နယ်တာဝန်ခံ ဦးခိုင်ဝင်း၊ မြို့နယ်လူငယ်ရေးရာကော်မတီဝင် ဦးချိုလေး၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီဝင် ဒေါ်မိုးသူခိုင်နှင့် ဒေါ်အေးညိမ်းတို့ တက်ရောက်ခဲ့ကြသည်။

Read more

နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေး လုပ်အားဒါနပြုဆောင်ရွက်

 

နတ်မောက်၊ စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များ၊ အမျိုး သမီးရေးရာအဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၈ နာရီမှစ၍ နတ်မောက်မြို့နယ်၏ ကျက်သရေဆောင် ဆုတောင်းပြည့်စေတီတော်ကြီးအား ပန်း၊ ဆီမီး၊ ရေချမ်းဆက်ကပ်လှူဒါန်းခြင်းနှင့်အတူ ဘုရားကြီးကျောင်း တိုက်အုပ်ဆရာတော် ဓမ္မကထိကဘဒ္ဒန္တဥပ္ပလအား ဖူးမြော်ကန်တော့ကြသည်။

ဆက်လက်ပြီး ဆုတောင်းပြည့်စေတီတော်ကြီးနှင့် ကျောင်းတိုက်အတွင်း၌ စုပေါင်းသန့်ရှင်းရေးများ လုပ်အားဒါန ကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြသည်။

Read more

ညောင်​ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပ



မန္တလေးတိုင်းဒေသကြီး ​ညောင်​ဦးခရိုင်၊ ​ညောင်​ဦးမြို့နယ်​၊ မြို့နယ်ပါတီရုံးခန်းမ၌ ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။ အခမ်းအနားကို အစီအစဉ် သုံးပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ကာ အစီအစဉ်ပထမပိုင်းတွင် သဘာပတိအဖွဲ့မ နေရာယူပြီးနောက် အခမ်းအနား ကို နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာဖွင့်လှစ်ခဲ့သည်။

Read more

မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီး ဓမ္မစကူးလ်ကျောင်းသား/ သူများအား အာဟာရဒါနကျွေးမွေး

မြိတ်၊ စက်တင်ဘာ ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒသကြီး မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးမိုးမြင့်၊ အတွင်းရေးမှူး ဦးကိုကိုကြီးနှင့် မြို့နယ်ပါတီကော်မ တီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တာဝန်ခံအဖွဲ့ခေါင်းဆောင် ဒေါ်နီလာမြင့်နှင့် ရပ်/ကျေးပါတီအမျိုးသမီး ရေးရာအဖွဲ့ဝင်များ လိုက်ပါလျက် ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မြိတ်မြို့ ကျွဲကူးကျောင်းကြီးတိုက်သို့ ရောက်ရှိကြပြီး ဆရာတော်သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမိုးမြင့်နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကျောင်းတိုက်တော်၌ ယဉ်ကျေးလိမ္မာစာပေများ သင်ယူနေကြသည့် မင်္ဂလာ မောင်မယ် ကျောင်းသားကျောင်းသူ ၁၂ဝ ခန့်တို့ကို မုန့်ဟင်းခါးတို့ဖြင့် နေ့လယ်စာ အာဟာရဒါန ကျွေးမွေး လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Read more

ဗဟိုအမျိုးသမီးညီလာခံကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောက်တံတားမြို့နယ်ပါတီဝင်များ စုပေါင်းလုပ်အားပေး

ရန်ကုန်၊ စက်တင်ဘာ ၁၇

ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောက်တံတားမြို့နယ်ပါတီဝင်များ စုပေါင်း၍ မြို့နယ်ဥက္ကဋ္ဌ ဦးမျိုးသိန်း၊ မြို့နယ်အတွင်းရေးမှူး ဦးမောင်မောင်နိုင်၊ ဘဏ္ဍာရေးမှူး ဒေါ်ဝင်းဝင်းမြင့်၊ အမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်အေးမိစံနှင့်ကော်မတီဝင်များ၊ ရပ်ကွက်များမှပါတီဝင်များက ဆူးလေစေတီတော်ရင်ပြင်၌ လုပ်အားကုသိုလ်အဖြစ် ယမန်နေ့ ညနေ ၅ နာရီတွင် စုပေါင်းသန့်ရှင်းရေးလုပ်အားပေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆူးလေစေတီတော်ရင်ပြင်၌ လုပ်အားကုသိုလ်အဖြစ် စုပေါင်းသန့်ရှင်းရေးပြုလုပ်ကြရန်အတွက် ယခုလ ၁၄ ရက်ညနေပိုင်းက ပြုလုပ်ခဲ့သော မြို့နယ်ပါတီရုံးရှိ အပတ်စဉ်ပုံမှန်အစည်းအဝေး၌ ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ယခင် အပတ်လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို မြို့နယ်ဥက္ကဋ္ဌ ဦးမျိုးသိန်း၊ မြို့နယ်အတွင်းရေးမှူး ဦးမောင်မောင်နိုင်နှင့်အတူ မြို့နယ်ကော်မတီဝင်များမှ အသေးစိတ်ဆွေးနွေး ခဲ့ကြကြောင်းလည်း သိရသည်။

Read more

ဗဟိုအမျိုးသမီးညီလာခံကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ၀ါဆိုသင်္ကန်း ဆက်ကပ်မှုနှင့် ကျောင်းပရ၀ုဏ်သန့်ရှင့်ရေး လုပ်အားဒါနပြုလုပ်

 

၂၀၁၈ ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ့တွင် စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့မှ ပါတီဗဟိုအမျိုးသမီးညီလာခံကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက် သာသနာ့ဗိမ္မာန် ဘုန်းတော်ကြီးကျောင်း၌ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ကျောင်းပတ်ဝန်းကျင် ပရ၀ုဏ်သန့်ရှင်းရေး လုပ်အားဒါနပြုလုပ်ခြင်းများ ဆောက်ရွက်ခဲ့ကြပါသည်။

Read more

အုတ်တွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

အုတ်တွင်း၊ စက်တင်ဘာ ၁၇

Read more

မရမ်းကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ ကျင်းပ

ရန်ကုန်၊ စက်တင်ဘာ ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မကြာမီကျင်းပမည့် ဗဟိုအမျိုးသမီးညီလာခံအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှော ဖလှယ်ပွဲကို အဆိုပါ မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရန်ကုန်အနောက်ပိုင်းခရိုင် ပါတီအမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်အိအိခိုင်၊ ခရိုင်ပါတီကော်မတီဝင် ဦးဇော်မင်းဦး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမင်းသိန်းထွန်းတို့က သဘာပတိအဖွဲ့အဖြစ်ဆောင်ရွက်ကာ အဖွင့်နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ မျက်စိခွဲစိတ်ကုသမည့်ကလေးငယ်အား အလှူငွေ ပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ ၁၇

အဂ္ဂမဟာသီရိသုဓမ္မဦးသိန်းစိန် + ဇနီးဒေါ်ခင်ခင်ဝင်းတို့အား အမှူးထား၍ တည်ထောင်ထားသော ရွှေပြည်တော် သို့ဆုံမှတ်ပရဟိတအသင်းမှ တာဝန်ယူဆောင်ရွက်ပေးမည့် ဖောင်းပြင်မြို့နယ်မှ မျက်စိတစ်ဖက်ပေါက်ထွက်ကာ အနာဖြစ်နေသည့် ကလေးငယ် သားလေး မောင်အောင်လင်းသန့်အား ရန်ကုန်သို့ ပို့၍ ဆေးကုသပေးမည် ဖြစ်ပါသည်။

Read more

ကျောက်ဆည်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကို ယနေ့ နံနက် (၉း၀၀ )နာရီက ခရိုင်ပြည်ခိုင်ဖြိုးပါတီ အစည်းဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲသို့ မန္တလေးတိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးသန်းထွန်းနှင့် ဒေါ်သိင်္ဂီအောင်၊ ကျောက်ဆည်ခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးအောင်မြင့်သန်းနှင့်ကော်မတီဝင် များ၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်းနှင့်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ အမျိုးသမီးညီလာခံကိုယ်စားလှယ်များ အင်အား (၂၂၀) ကျော် တက်ရောက်ကြသည်။

Read more