တောင်နဲ့ မြောက်ကိုရီးယား သဘောတူညီမှုတွေ ရရှိ

(တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ကို မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့မှာ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်)

 တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ မနေ့က ဆွေးနွေးပွဲမှာ ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးအတွက် သဘောတူညီချက်တချို့ရရှိခဲ့ကြောင်း ကြေညာပါတယ်။

Read more

မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများ ဆက်လက်ပြုလုပ်ရန် အမေရိကန် တောင်းဆို

ဝါရှင်တန် စက်တင်ဘာ ၁၉

ကိုရီးယားနှစ်နိုင်ငံဆွေးနွေးပွဲသည် မြောက်ကိုရီးယားတွင် နျူကလီးယား လက်နက်ကင်းစင်ရေးအတွက် ဦးတည်ဆွေးနွေးနေသည်ဟု မျှော်လင့်ထားကြောင်း အမေရိကန်ဘက်မှ ပြောသည်။ သို့သော် ကုလသမဂ္ဂက ပြုလုပ်ထားသော ပြုံယမ်းအပေါ် ပိတ်ဆို့မှုများကိုမူ နိုင်ငံများက အပြည့်အဝလိုက်နာကြရန် တောင်းဆိုခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟီသာနော့ကဝါရှင်တန်အနေဖြင့် ကိုရီးယား နှစ်နိုင်ငံ ဆွေးနွေးပွဲမှာ အဓိပ္ပာယ်ရှိပြီး နျူကလီးယား လက်နက် ကင်းစင်ရေးအတွက် အရေးပါသည့်အဆင့်များ ဆောင်ရွက် နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အင်္ဂါနေ့က ပြောသည်။

Read more

ဇနီးမယားကို ချက်ချင်းကွာရှင်းနိုင်တဲ့ မွတ်စလင်ကျင့်ထုံး အိန္ဒိယ ပိတ်ပင်

အိန္ဒိယနိုင်ငံမှာ မွတ်စလင်အမျိုးသားတွေ အနေနဲ့ အိမ်ထောင်ဖက်ကို ရုတ်တရက်ကွာရှင်းနိုင်တဲ့ ဓလေ့ကို ဟန့်တားမယ့် ဗဟိုတရားရုံးရဲ့ စီရင်ထုံး တရပ်ကို Narendra Modi အစိုးရက ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ပါတယ်။
အာရပ်ဘာသာ စကားနဲ့ Talaq လို့ ၃ ကြိမ်ပြောရုံနဲ့ အမျိုးသားတွေက ကွာရှင်းနိုင်တယ် ဆိုပြီး ခွင့်ပြုထားတဲ့ ဓလေ့ကို ဟန့်တားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဓလေ့ဟာ မူစလင်အမျိုးသမီးတွေရဲ့ ဖွဲ့စည်းပုံဆိုင်ရာ ရပိုင်ခွင့်ကို ချိုးဖေါက်ခြင်း ဖြစ်တယ်လို့ အိန္ဒိယ တရားရုံးတော်က ဆုံးဖြတ်ခဲ့ပေမယ့် ပါလီမန်က တနှစ်အကြာမှာ အတည်မပြုနိုင် ဖြစ်ခဲ့ပြီးတဲ့နောက် အစိုးရက အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

Read more

မြက်ခင်းတုကွင်းမှာ ကစားသမားတွေဒဏ်ရာရမှာကို စိုးရိမ်ခဲ့ဟု မော်ရင်ညိုဝန်ခံ

မန်ယူနည်းပြမော်ရင်ညိုက ယန်းဘွိုင်းစ်ကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်ပြီးနောက် မြက်ခင်းတုကွင်းမှာ သူ့ကစားသမားတွေဒဏ်ရာရမှာကို စိုးရိမ်ခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။

ဒါ့အပြင် မော်ရင်ညိုက မြက်ခင်းတုကွင်းတွေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ သင့်တော်မှု မရှိဘူးလို့လည်း ဆိုခဲ့ပါတယ်။ မန်ယူနည်းပြမော်ရင်ညိုက “ဒဏ်ရာရမှာကို စိုးရိမ်ခဲ့ပါတယ်။ အင်္ဂါနေ့လေ့ကျင့်ခန်း အစီအစဉ်ပြီးတဲ့နောက် ကစားသမားတွေရဲ့ ဒူးနဲ့ ခြေချင်းဝတ်တွေ နာကျင်ခဲ့ပါတယ်။ ဒီလိုကွင်းတွေမှာ ကစားရတာမလွယ်ပါဘူး။ ဘာကြောင့် မြက်ခင်းတုကွင်းတွေကို ဥရောပအကောင်းဆုံးပြိုင်ပွဲမှာ ကစားခိုင်းလဲဆိုတာ ကျွန်တော် နားမလည်ပါဘူး” လို့ ပြောခဲ့ပါတယ်။ ဆက်လက်ပြီး မော်ရင်ညိုက ယန်းဘွိုင်းစ်နဲ့ပွဲမှာ ကိုယ်တိုင်(၂)ဂိုးသွင်းခဲ့တဲ့ အပြင် တစ်ကြိမ်ဖန်တီးနိုင်ခဲ့တဲ့ ကွင်းလယ်လူပေါ့ဘာကို ချီးကျူးခဲ့ပါတယ်။

Read more

ဗဟိုအမျိုးသမီးညီလာခံကိုကြိုဆိုဂုဏ်ပြု ကျောင်းသားကျောင်းသူများအားဗလာစာအုပ်လှူဒါန်း

 

ရန်ကုန် စက်တင်ဘာ ၁၉

ဗဟိုအမျိုးသမီးညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ပန်းဘဲတန်း မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းဝင်း(၁)၊ ခရိုင်ကော်မတီဝင် ဒေါ်စန်း စန်းဝင်း (၂)၊ ပန်းဘဲတန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်၊ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်အေးအေးရီနှင့် အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီ ကော်မတီဝင်များသည် ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ပန်းဘဲတန်း မြို့နယ် အခြေခံပညာမူလတန်း အမှတ်(၃)ကျောင်းရှိ ကျောင်းသား ကျောင်းသူများအား ဗလာစာအုပ်များ သွားရောက်လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။

Read more

ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့်ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းနှစ်ဦး မီဒီယာများနှင့်တွေ့ဆုံရှင်းလင်း

 

ရန်ကုန် စက်တင်ဘာ ၁၉

ကြားဖြတ်ရွေးကောက်ပွဲတွင်ရန်ကုန်တိုင်းဒေသ ကြီးမှဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းနှစ်ဦးသည် မီဒီယာများနှင့် ယမန်နေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင်တွေ့ဆုံရှင်းလင်းခဲ့သည်။

လာမည့် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှဝင်ရောက်ရွေးချယ်ခံမည့်တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ်မှဦးမျိုးဝင်းကျော်နှင့် ဆိပ်ကမ်းမြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်မဲ ဆန္ဒနယ်မှဝင်ရောက် အရွေးချယ်ခံမည့် ဦးနေမျိုးအောင်တို့က သတင်းမီဒီယာများ နှင့် တွေ့ဆုံရှင်းလင်းခဲ့ခြင်းဖြစ်သည်။

Read more

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

 

မြစ်ကြီးနား စက်တင်ဘာ ၁၉

(၂ဝ၁၈)ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ကိုယ်စားပြု၍ ကချင်ပြည်နယ် မဲဆန္ဒနယ်မြေအမှတ်(၂)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဆီဟူးဒွေ့နှင့် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်နေ ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ရပ်ကွက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နေအိမ်၌ ကျင်းပခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ ဟောပြော

 

အုတ်တွင်း စက်တင်ဘာ ၁၉

Read more

Nuclear ဟန့်တားရေး စာချုပ်လက်မှတ်ထိုးဖို့ မြန်မာဆုံးဖြတ်

ကုလသမဂ္ဂ နျူကလီးယားလက်နက် တားဆီး ပိတ်ပင်ရေးစာချုပ်မှာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီစာချုပ်ကို လက်မှတ်ထိုးလိုက်ခြင်းအားဖြင့် နျူကလီးယားသုံးစွဲလိုမှုနဲ့ ပတ်သက်လို့ မြန်မာ့တပ်မတော်ပေါ် နိုင်ငံကြီးတချို့က ပြစ်တင်ဝေဖန်နေတာတွေ လျော့ကျသွားနိုင်တယ်လို့ တပ်မတော်သား ကိုယ်စားလှယ်တဦးက ထောက်ပြပြော ဆိုပါတယ်။ တချိန်ထဲမှာပဲ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ လတ်တလော ရင်ဆိုင်နေရတဲ့ နိုင်ငံတကာ ဒဏ်ခတ်မှုနဲ့ ဖိအားတွေ လျော့ကျစေဖို့အတွက် အဲဒီစာချုပ်ကို လက်မှတ်ထိုးတာ ဖြစ်နိုင်ကြောင်းလည်း နိုင်ငံရေးလေ့လာသူတဦးက သုံးသပ်ပါတယ်။

Read more

မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီး နှောဖလှယ်ပွဲကျင်းပ

မြစ်သား၊ စက်တင်ဘာ ၁၉

Read more