Year: 2026
ထန်းတပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းလုပ်အားပေး
ရန်ကုန်၊ စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းရီ၏ အမှတ် (၃) ရပ်ကွက် လွမ်းစေတီကျောင်းစာသင်တိုက်အတွင်း စက်တင်ဘာ (၂၃) ရက်နေ့ နံနက် ၈ နာရီက ဗဟိုအမျိုးသမီးညီလာခံကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် သန့်ရှင်းရေးများ ဆောင်ရွက်ခြင်း၊ ဘုရားပန်းများအသစ်လဲခြင်း၊ ဆရာတော်အား သစ်သီးဆွမ်းများကပ်လှူ ကြကြောင်း သိရသည်။
စုပေါင်းလုပ်အားပေးပွဲတွင် မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်အေးအေးမိုး၊ ဘဏ္ဍာရေးမှူး ဒေါ်အေးသီတာထွန်း၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်
ဒဂုံမြောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာဝတ်အဖွဲ့တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့၌ ဝတ်ရွတ်ပူဇော်
ရန်ကုန် စက်တင်ဘာလ ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသမီးအဖွဲ့ သည် ယနေ့ တော်သလင်းလပြည့်နေ့၊ ဂရုဓမ္မအခါတော်နေ့ထူးနေ့မြတ်၌ မြို့နယ် ပါတီရုံးတွင် မြတ်ဘုရားရှင်အား ရည်မျှော်၍ မဟာပဌာန်းကိုရွတ်ဖတ်ပူဇော်ခဲ့ကြပါသည်။
ဒဂုံမြောက် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးဝတ်အဖွဲ့သည် ဝါတွင်းသုံးလပတ်လုံး တွင် ပါတီဝင်အမျိုးသမီးများနှင့်(အပတ်စဉ်)မပြတ်ဝတ်ရွတ်ပူဇော်ကြကြောင်းလည်း သိရှိရပါသည်။
ပြည်သူ၏ဆန္ဒဖော်ဆောင်လို၍ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံရခြင်းဖြစ်
ကျောက်တံခါး စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် အုတ်တွင်းမြို့နယ် ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည် ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမည့် လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးဝင်းမြင့်သည် နေ့စဉ်ပြည်သူနှင့်တွေ့ဆုံကာ မဲ ဆွယ်စည်းရုံးလျက်ရှိသည်။
သုံးခွမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အာဟာရဒါနလှူဒါန်း
ရန်ကုန် စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အလှူရှင်မိသားစုတို့က သရောတောကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် အာ ဟာရဒါနကျွေးမွေး လှူဒါန်းခြင်း ကို ယမန်နေ့ နံနက် ၈ နာရီက ကျွေးမွေးခဲ့ကြကြောင်း သိရသည်။
သိန္နီမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မန်စပ်ကျေးရွာအမကသို့ ဗလာစာအုပ်များလှူဒါန်း နံနက်စာအာဟာရကျွေးမွေး
သန္နီ စက်တင်ဘာ ၂၃
သိန္နီမြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းစံအေးနှင့် မြို့နယ်ပါတီ ကော်မတီဝင် များ၊ရုံးအဖွဲ့များ၊ စည်းမှူးများသည် ယမန်နေ့နံနက် ၁၁ နာရီခွဲတွင် ဥယျာဉ်မှူးကျေးရွာ အုပ်စု အမက မန်စပ်ကျောင်းရှိ ကျောင်းသား ၃၃ ယောက်နှင့် ဆရာများအား ရှမ်းပြည်အစိုးရ လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းလှူဒါန်းလာသော စာရေးကိရိယာ များကိုသွားရောက်လှူဒါန်းခဲ့ကြောင်း၊ သိန္နီမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကကျောင်းသားကျောင်းသူများအား အာဟာရဖြည့်စွက်စာဖြစ်သော ထမင်းကြော် ဖြင့်ကျွေးမွေး အလှူဒါနပြုခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ
ရန်ကုန် စက်တင်ဘာ ၂၃
ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကို မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပါတီဗဟိုကော်မတီဝင် ဦးစိုင်းလုံကျော်၊ ဦးခင်မောင်မြင့်၊ ပြည်နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီအတွင်းရေးမှူး ဦးခွန် သိန်းမောင်၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းဆိုင်နွမ်း၊ ဘဏ္ဍာရေးမှူး ဒေါ်ဝါဝါထွေး၊ တောင်ကြီးခရိုင်ဥက္ကဋ္ဌ ဦးစောထွန်းခိုင်၊ ခရိုင်ကော်မတီဝင် ဦးမျိုးဆန်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌနှင့်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု များမှ အမျိုးသမီးပါတီဝင်များ စုစုပေါင်းအင်အား ၂ဝဝ ခန့် တက်ရောက်ကြောင်း သိရသည်။





