မြန်အောင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ် ကျေးရွာချင်းဆက်လမ်းခင်းခြင်းအတွက် လုပ်အားဒါနနှင့် အလှူငွေ လှူဒါန်း

 

မြန်အောင် စက်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် အမျိုးသမီးညီလာခံအား ကြိုဆို ထောက်ခံသောအားဖြင့် ယမန်နေ့တွင် မကျီးကုန်းကျေးရွာ မကျီးကုန်း မြောက်ရပ် ကံ့ကော်မြိုင်ကျောင်းတိုက်တွင် ဆရာတော်များအား ဝါဆို သင်္ကန်းနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်များနှင့်အတူ မြို့နယ်ပါတီဥက္ကဋ္ဌဦးနေဝင်းဇော်ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီဝင်များက မကျီးကုန်း-ငှက်ကြီးကွင်း ကျေးရွာချင်းဆက်လမ်းအား သွားလာ ရေးပိုမိုကောင်းမွန်စေရန်အတွက် မြေခင်းပြုပြင်ခြင်းအတွက် လုပ်အားဒါန ပြုခဲ့ကြသည်။

Read more

ပန်းဘဲတန်းမြို့နယ်တွင် ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်း မြို့နယ် ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲ အခမ်းအနား ကို မြို့နယ်ရုံး၌ ယမန်နေ့နံနက် ၉နာရီက ကျင်းပခဲ့သည်။

Read more

နျူကလီးယား ဒုံးကျည်များကို ကာကွယ်ရန် ရဟတ်ယာဉ် အသစ်များ အမေရိကန် လေတပ် မှာယူ

နျူကလီးယား ဒုံးကျည်များကို ကာကွယ် စောင့်ရှောက်ရန်အတွက် အမေရိကန် လေတပ်က ရဟတ်ယာဉ် အသစ်များ အစားထိုး ဝယ်ယူသွားမည်ဟု သိရသည်။

လေတပ်သည် Boeing ကုမ္ပဏီထံမှ MH-139 အမျိုးအစား ရဟတ်ယာဉ်သစ် ၈၄ စီး ဝယ်ယူရန်အတွက် ဒေါ်လာ ၂.၃၈ ဘီလီယံ အသုံးပြုသွားမည်ဟု ဆိုသည်။ အမေရိကန်ပိုင် နျူကလီးယား ဒုံးကျည်များကို ကာကွယ်သည့် အစီအမံအတွက် လတ်တလောတွင် ဗီယက်နမ် စစ်ပွဲခေတ် ကတည်းက အသုံးပြုခဲ့သည့် UH-1N Huey ရဟတ်ယာဉ်များကို သုံးစွဲလျက် ရှိသည်။

Read more

တိုးချန်ပီယံရှစ်ဂေါက်ရိုက်ပြိုင်ပွဲတွင် တိုက်ဂါးဝုဒ်ဗိုလ်စွဲပြီး ငါးနှစ်အတွင်း ပထမဆုံးအောင်ပွဲရ

ရာသီအပိတ် တိုး ချန်ပီယံရှစ် ဂေါက်ရိုက်ပြိုင်ပွဲတွင် အမရေိကန်ဂေါက်သီးအကျော် အမော် တိုက်ဂါးဝုဒ် (၄၂) နှစ် သည် တစ်နိုင်ငံတည်းသားပြိုင် ဘက် ဘီလီဟော့စ်ရှယ်လ်ထက် ရိုက်ချက် နှစ်ချက် လျှော့ရိုက်ကာ ဗိုလ်စွဲခဲ့ပြီး ငါးနှစ်အတွင်း ပြိုင်ပွဲ အရပ်ရပ်၌ ပထမဆုံးအောင်ပွဲရရှိ ခဲ့သည်။

Read more

မြန်မာ့ လက်ရွေးစင်အသင်းနှင့် ဘိုလီးဗီးယား လက်ရွေးစင်အသင်းတို့ ရန်ကုန်မြို့တွင် ခြေစမ်းမည်

၂၀၁၈ ဆူဇူကီးဖလား ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် နိုင်ငံတကာ ခြေစမ်းပွဲစဉ် တစ်ပွဲအဖြစ် တောင်အမေရိက နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘိုလီးဗီးယား လက်ရွေးစင်အသင်းနှင့် ရန်ကုန်မြို့တွင် ကစားမည် ဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ဘိုလီဗီးယား ဘောလုံး အဖွဲ့ချုပ်တို့ ခြေစမ်းပွဲ ဖြစ်မြောက်ရေး အတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)၊ တောင်အမေရိက ဘောလုံး အဖွဲ့ချုပ် (CONMEBOL)၊ အာရှ ဘောလုံး အဖွဲ့ချုပ် (AFC) တို့နှင့် အပြန်အလှန် ဆက်သွယ် ဆောင်ရွက်လျက် ရှိပြီး မကြာမီ သတင်း အချက်အလက်များအား ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

Read more

၂၀၁၈ ခုနှစ် တစ်နှစ်တာ ဖီဖာအကောင်းဆုံး ဆုများ

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့က ဆယ်စုနှစ်တစ်ခုကြာ စိုးမိုးထားမှုကို ဒီနှစ်မှာတော့ လူကာမိုဒရစ်က အဆုံးသတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ကြီးမှူးကျင်းပတဲ့ The Best FIFA Football Awards ဆု ချီးမြှင့်ပွဲ အခမ်းအနားကို တနင်္လာနေ့က လန်ဒန်မြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

Read more

တောင်ကိုရီးယားက အီရန်မှရေနံတင်သွင်းမှုကို ရပ်ဆိုင်း

တောင်ကိုရီးယားရှိ ကွန်တိန်နာအတင်အချဆိပ်ကမ်းတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

 

တောင်ကိုရီးယားနိုင်ငံက အီရန်နိုင်ငံမှရေနံတင်သွင်းမှုကို လုံးဝ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း  အီရန် ရေနံဝန်ကြီးဌာနက စက်တင်ဘာ ၂၃ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ ၄င်းမှာ အမေရိကန်က နိုဝင်ဘာလတွင် အီရန်၏ရေနံတင်ပို့မှုကို ပြန်လည်ပိတ်ဆို့မည်ဟု ခြိမ်းခြောက် ပြောဆိုပြီးနောက် အီရန်၏ရေနံတင်သွင်းမှုကို သုညအထိလျှော့ချခဲ့သည့် ပထမဆုံး နိုင်ငံဖြစ်လာသည်။

Read more

ဟောင်ကောင်အမျိုးသားပါတီ ဖျက်သိမ်းခံရ

(ဟောင်ကောင်အမျိုးသားပါတီ HKNP ခေါင်းဆောင် Andy Chan ကို တွေ့ရစဉ်)

တရုတ်အစိုးရအနေနဲ့ သူ့ရဲ့ အချုပ်အခြာအာဏာကို စိန်ခေါ်လာတာမှန်သမျှ ချေမှုန်းနေချိန်အတွင်း၊ ဟောင်ကောင်မှာ လုံးဝလွပ်လပ်ရေးကို ဦးတည်လှုပ်ရှားနေတဲ့ နိုင်ငံရေးပါတီတစ်ခုကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှု နဲ့ မနေ့က ဖျက်သိမ်းလိုက်ပါတယ်။

Read more

လေယာဉ်ပစ်ချခံရပြီးနောက် ဆီးရီးယားမှာ လေကြောင်းရန်ကာစနစ်ကို ရုရှ မြှင့်တင်

မော်စကို၊ စက်တင်ဘာ ၂၅

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရုရှစစ်လေယာဉ်တစ်စင်းကို ဆီးရီးယားက မှားယွင်းပစ်ချမိပြီးနောက်မှာ ဆီးရီးယားမှာ ရှိနေတဲ့ ရုရှစစ်တပ်ကို အကာအကွယ်ပေးနိုင်ရေးအတွက် လုံခြုံရးနည်းစဉ်သစ်တွေ တိုးမြှင့်ထားပြီးလို့ ရုရှက စက်တင်ဘာ ၂၄ ရက်မှာ ကြေညာပါတယ်။

ဒီအပြင်လည်း ဆီးရီးယားစစ်တပ်ကို S-300 လေကြောင်းရန်ကာ စနစ်သစ်နဲ့ အနီးနားက စစ်လေယာဉ်တွေရဲ့ ရေဒါထုတ်လွှင့်ချက်တွေကို တန်ပြန်လွှင့်ပြီး ဖျက်တဲ့ စနစ်တွေကို ထောက်ပံ့ပေးတာအပါအ၀င် လုံခြုံရေးအတွက် တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

Read more

တိုင်းပြည်အတွက် လုပ်အားချင်း သစ္စာတရားခြင်းပြိုင်မည်ဟု သပိတ်​ကျင်းမြို့နယ်​(၆)မိုင်​​ကျေးရွာတွင်​ ကျင်းပသည့် လူထုတွေ့ဆုံပွဲ အခမ်းအနားတွင် ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦသန်း​ဌေးပြော

 

သပိတ်​ကျင်း၊ စက်​တင်​ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး သပိတ်​ကျင်းမြို့နယ်​၊(၆)မိုင်​​ကျေးရွာ၊(၆)မိုင်​ကွင်းတွင်​ ယ​နေ့ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ကျင်းပ​သော ၂၀၁၈ခုနှစ်​ကြားဖြတ်​​ရွေး​ ကောက်​ပွဲ ​အောင်​နိုင်​​ရေး လူထုတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး တက်​​ရောက်​အမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

Read more