ဗဟိုအမျိုးသမီးညီလာခံအကြို ချောင်းဦးမြို့နယ်​ အမျိုးသမီးနှီး​နှောဖလှယ်​ပွဲသို့ ပါတီဗဟိုအလုပ်​အမှု​ဆောင်​၊ စစ်​ကိုင်းတိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ​ဒေါက်​တာမြင့်​သိန်း တက်​​ရောက်​အား​ပေး

 

စက်​တင်​ဘာ(၂၉)၊ ချောင်းဦး

မုံရွာခရိုင်​၊ ချောင်းဦးမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံးတွင်​ ဗဟိုအမျိုးသမီးညီလာခံအကြို ချောင်းဦးမြို့နယ်​အမျိုးသမီး နှီး​နှောဖလှယ်​ပွဲ အခမ်းအနားကို (၂၉.၉.၂၀၁၈)​နေ့ နံနက်​၉း၃၀နာရီက ကျင်းပပြုလုပ်​ရာ ပါတီဗဟိုအလုပ်​အမှု​ဆောင်​၊ စစ်​ကိုင်းတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်​တာမြင့်​သိန်း တက်​ရောက်​အား​ပေးချီးမြှင့်​ခဲ့ပါသည်​။

Read more

အမျိုးသမီးရေးရာညီလာခံအား ကြိုဆိုသည့်အနေဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 

ပြည်မြို့နယ်ပြည်ခိုင်ဖြိုးအမျိုးသမီးရေးရာ တာဝန်ခံဒေါ်ခင်ဆွေလဲ့ ဦးဆောင်၍ အမျိုးသမီးရေးရာ ညီလာခံအားကြိုဆို ဂုဏ်ပြုသေားအားဖြင့် ပြည်မြို့နယ် ရွှေတံခါးအပိုင်း ၄ ရှိ စုက္ခရုကျောင်းဆရာတော်အား ဝါဆိုသင်္ကန်းကပ်လှူခြင်း ဘုန်းကြီးကျောင်းဝန်းကျင်နှင့် စေတီဝန်းကျင်အား သန့်ရှင်းရေးများပြုလုပ်ခဲ့ပါသည်။


Read more

ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေး ကို ခေါ်ယူဖို့ မန်စီးတီးပစ်မှတ်ထား

မန်စီးတီးအသင်းဟာ ဇန်န၀ါရီအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေးကို ခေါ်ယူဖို့ ပစ်မှတ်ထား နေတယ်လို့ သိရပါတယ်။

မန်စီးတီးနည်းပြဂွါဒီယိုလာက ပြင်သစ်ဆယ်ကျော်သက်တိုက်စစ်မှူးဟာ အသင်းကို ချန်ပီယံလိဂ်အောင်မြင်မှု ရယူစေမယ်လို့ ယုံကြည်နေပြီး ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀၀)နဲ့ ကမ်းလှမ်းဖို့ဆန္ဒရှိနေပါတယ်။

ဒီပြောင်းရွှေ့ကြေးဟာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကိုနေမာ ပြောင်းရွှေ့ရာမှာ စံချိန်တင်ထားတဲ့ ပေါင်(၁၉၈) သန်းကို ကျော်ဖြတ်နိုင်မှာပါ။ မန်စီးတီးအနေနဲ့ ဘာပေးကို တစ်နှစ်လစာ ပေါင်သန်း(၂၀) ပေးချေရဖို့ ရှိပါတယ်။

Read more

အာရှဖိတ်ခေါ် စနူကာချန်ပီယံ မြန်မာဆွတ်ခူး

မလေးရှားနိုင်ငံတွင် စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် Asia Invita-tional Snooker Championship 2018 အာရှဖိတ်ခေါ်စနူကာပြိုင်ပွဲတွင် မြန်မာနိုင်ငံမှကိုထက်က ချန်ပီယံဆုကို ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့သည်။

Read more

အဓိက ကစားသမားအချို့မပါဘဲနဲ့ ရုရှားကို သွားရောက်တဲ့ ရီးရဲလ်

ချန်ပီယံလိဂ်အုပ်စု ဒုတိယပွဲစဉ်အဖြစ် CSKA မော်စကိုနဲ့ အဝေးကွင်းသွားကစားဖို့အတွက် လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းဟာ ရုရှားနိုင်ငံကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ နည်းပြလိုပက်တီဂူရဲ့ ၂၀ ဦးပါ ရီးရဲလ်ကစားသမားစာရင်းမှာ အဓိကကစားသမားတွေဖြစ်ကြတဲ့ တိုက်စစ်မှုး ဂါရတ်ဘေးလ်နဲ့ အသင်းခေါင်းဆောင်ရာမို့စ်တို့ ပါဝင်လာခြင်းမရှိပါဘူး။ နှစ်ယောက်စလုံးမှာ အက်သလက်တီကိုနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ မက်ဒရစ်ဒါဘီပွဲစဉ်မှာ ဒဏ်ရာပြဿာနာကိုယ်စီနဲ့ ကြုံတွေ့ခဲ့ကြ ရပါတယ်။ ဂါရတ်ဘေးလ်ဆိုရင် ပေါင်ဒဏ်ရာရသွားခဲ့လို့ အဲဒီပွဲရဲ့ပထမပိုင်းအပြီးမှာပဲ လူစားလဲခြင်း ခံခဲ့ရပါတယ်။

Read more

မန်နေဂျာ မော်ရင်ညိုအား ထုတ်ပယ်ရေးနှင့်ပတ်သက်၍ မန်ယူကစားသမားများနှင့် တာဝန်ရှိသူများ ဆွေးနွေးခဲ့

မန်ယူအသင်း ကစားသမားများနှင့် အသင်းတာဝန်ရှိသူများသည် မန်နေဂျာ မော်ရင်ညိုအား ထုတ်ပယ်ရေးနှင့် ပတ်သက်၍ ပွင့်လင်းစွာ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။

စက်တင်ဘာလ ၂၉ ရက်တွင် မန်ယူအသင်းက အဝေးကွင်း၌ ၀က်စ်ဟမ်းအသင်းအား ၃-၁ ဖြင့် အရေးနိမ့်ခဲ့ သော ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် မန်ယူအသင်းသားများနှင့် တာဝန်ရှိသူများသည် လန်ဒန်မှ မန်ချက်စတာသို့ ရထားခရီးဖြင့် ပြန်လာစဉ်အတွင်း ယခုကဲ့သို့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Read more

ကုလသမဂ္ဂကို ဖျက်ဆီးဖြိုခွဲနေတာနဲ့ ပတ်သက်ပြီး ထရမ့်ကို မာကဲလ် သတိပေး

ဘာလင်၊ အောက်တိုဘာ ၁

ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က ကုလသမဂ္ဂကို ဖျက်ဆီးဖြိုခွဲနေတာနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို သတိပေးလိုက်ပါတယ်။

“ကုလသမဂ္ဂမှာ ဖွံ့ဖြိုးတိုးတက်မှု တစ်စုံတစ်ရာမရှိဘဲ ဖျက်ဆီးခံနေရတာဟာ တကယ့်အန္တရာယ်ပဲလို့ ကျွန်မ ယုံကြည်ပါတယ်။”လို့ ဘာဗာရီးယားပြည်နယ် ဒေသတွင်းရွေးကောက်ပွဲမဲဆွယ်မှုမှာ မာကဲလ်က ပြောခဲ့ပါတယ်။

ဒီအပြင်လည်း နိုင်ငံစုံဝါဒကပဲ ကမ္ဘာ့ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်လို့ မာကဲလ်က ဖြည့်စွက်ပြောပါတယ်။

Read more

အင်ဒိုနီးရှားမှာ ငလျင်နဲ့ ဆူနာမီကြောင့် သေဆုံးသူ ၈ဝဝ ကျော်ပြီ

အင်ဒိုနီးရှားနိုင်ငံမှာ လှုပ်ခဲ့တဲ့ ငလျင်နဲ့ ပေါ်ပေါက်လာတဲ့ ဆူနာမီရေလှိုင်းကြောင့် တနင်္ဂနွေနေ့ကအထိ သေဆုံးသူ ၈၃၂ ဦးရှိသွားပြီလို့ သိရပါတယ်။

သဘာဝဘေးဒဏ် အပြင်းအထန်ခံစားခဲ့ရတဲ့ ဆူလာဝေဆီကျွန်းပေါ်က ပါလုမြို့မှာ ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦတွေထဲ ပိတ်မိနေသူတွေ အများအပြားရှိနေဆဲလို့ ခန့်မှန်းရပါတယ်။

Read more

အရေးယူပိတ်ဆို့မှုများ မဖြေလျှော့ပါက နျူလက်နက်စွန့်လွှတ်မည်မဟုတ်ဟု မြောက်ကိုရီးယားပြောကြား

စက်တင်ဘာ ၂၉ ရက်က ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် (၇၃)ကြိမ်မြောက် အထွေထွေညီလာခံ၌ မိန့်ခွန်းပြောနေသော မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟို (Mary Altaffer/AP)

အမေရိကန်၏ အရေးယူပိတ်ဆို့မှုများ ပြုံယမ်းအစိုးရအပေါ် ဆက်လက်ချမှတ်ထားသရွေ့ နျူလက်နက် စွန့်လွှတ်မည် မဟုတ်ကြောင်း နယူးယောက်မြို့၌ ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ရီယောင်ဟို က ပြောသည်။

Read more

မက်ဆီဒိုးနီးယား နာမည်ပြောင်းရေး ထောက်ခံမဲများသော်လည်း မဲပေးသူဦးရေ မသေချာသေး

မက်ဆီဒိုးနီးယားနိုင်ငံရဲ့အမည်ကို ပြောင်းလဲမလားဆိုတာအတွက် လူထုဆန္ဒခံယူပွဲတခုကို တနင်္ဂနွေနေ့က လုပ်တာမှာ မဲပေးသူ အရေအတွက် နည်းပါတယ်။ ဒီလူထုဆန္ဒခံယူပွဲဟာ မြောက်အတ္တလန်တိတ်စာချုပ် NATO အဖွဲ့နဲ့ ဥရောပသမဂ္ဂ EU တို့ထဲကို မက်ဆီဒိုးနီးယားနိုင်ငံ ဝင်ရောက်ဖို့ လမ်းပွင့်သွားစေနိုင်တာပါ။

မဲပေးခွင့်ရှိသူ သုံးပုံတပုံလောက်ပဲ မဲလာပေးတယ်လို့ ရွေးကောက်ပွဲတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ အဲဒီမဲပေးသူတွေထဲ က ၉၀% ကျော်က နိုင်ငံအမည်ကို မြောက်ပိုင်း မက်ဆီဒိုးနီးယား အဖြစ် ပြောင်းလဲဖို့ ထောက်ခံမဲပေးကြပါတယ်။

Read more