စပါးအသင်း၏ အရေးကြီးပွဲစဉ်ကို ဆွန်ဟောင်မင် လွဲချော်ဖွယ်ရှိ

စပါးကွင်းလယ်ကစားသမား ဆွန်ဟောင်မင် သည် နိုင်ငံ့ လက်ရွေးစင်အသင်းအတွက် ကစားပေးရဖွယ် ရှိနေသောကြောင်း မိခင်ကလပ်၏ အရေးကြီးပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေသည်။

လာမည့်လအတွင်း၌ ကျင်းပမည့် အာရှဖလားဘောလုံးပြိုင်ပွဲအတွက် ထုတ်ပြန်ခဲ့သော တောင်ကိုးရီးယား လက်ရွေးစင်အသင်း၏ လူစာရင်းအတွင်း၌ ဆွန်ဟောင်မင် အား ထည့်သွင်း ထားခြင်းကြောင့် ၄င်းသည် စပါး၏ အရေးကြီးပွဲစဉ်ဖြစ်သော ချဲလ်ဆီးနှင့် ယှဉ်ပြိုင်ကစားရမည့် အင်္ဂလန်လိဂ်ဖလား အကြိုဗိုလ်လုပွဲစဉ်ကို လွဲချော်မည်ဖြစ်သည်။

Read more

မန်ချက်စတာမှာရှိတဲ့ နေအိမ်ကို အရှုံးခံပြီးရောင်းချတော့မယ့် ရော်နယ်ဒို

ဂျုဗင်​တက်​စ်​အသင်း တိုက်​စစ်​မှူး ​ရော်​နယ်​ဒို ဟာ မန်​ယူအသင်းမှာကစားခဲ့စဉ်​တုန်းက ​နေထိုင်​ခဲ့တဲ့ မန်​ချက်​စတာ က ​နေအိမ်​ကို အပြီးတိုင်​​ရောင်းချ​တော့မယ်​လို့ သိရပါတယ်။ ​ရော်​နယ်​ဒို ဟာ အဲ့ဒီအိမ်​ကို ​ပေါင်​ ၃.၈၅ သန်းနဲ့ ၂၀၀၆ ခုနှစ်​က ၀ယ်​ယူထားခဲ့တာဖြစ်​ပြီး အခုအခါမှာ​တော့ ​ပေါင်​ ၃.၂၅ သန်းရပါ က ​ရောင်းချသွားမယ်​လို့ သူ့ရဲ့အကျိုး​ဆောင်​​တွေကတစ်​ဆင့်​ ကြားသိရပါတယ်​။

Read more

ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ဘယ်လ်ဂျီယံ ထိပ်ဆုံး၌ရပ်တည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ထုတ်ပြန်သော ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် ဘယ်လ်ဂျီယံက ကမ္ဘာ့ ချန်ပီယံ ပြင်သစ်ကို ကျော်ဖြတ်ကာ နံပါတ် (၁) ရရှိခဲ့သည်။

ရုရှားကမ္ဘာ့ဖလား ပြိုင်ပွဲ ဆီမီးဖိုင်နယ်၌ ပြင်သစ်ကိုရှုံးနိမ့် ခဲ့သော ဘယ်လ်ဂျီယံက တစ်မှတ်အသာ (၁၇၂၇-၁၇၂၆) ဖြင့် ထိပ်သီးနေရာရရှိခဲ့သည်ဟု ဖီဖာကပြောသည်။

Read more

ကာကွယ်ရေးဝန်ကြီး Jim Mattis နုတ်ထွက်ဖို့ရှိ

Trump က ကြာသပတေးနေ့မှာ ပြောပါတယ်။ ဆီးရီးယားမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေအားလုံး ပြန်လည် ရုပ်သိမ်းမယ့်ကိစ္စနဲ့ ကမ္ဘာ့ အရေးအရာတွေမှာ သမ္မတ Trump တဦးထဲသဘောနဲ့ လုပ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ သမ္မတနဲ့ အခြေအတင် ဖြစ်ခဲ့ပြီးတဲ့နောက် မရိန်းတပ်ဖွဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်တဲ့ ၀န်ကြီး Mattis အခုလို ရာထူးကနေ နုတ်ထွက်ဖို့ ဖြစ်လာခဲ့တာပါ။

Read more

လော့စ်အန်ဂျလိစ်မြို့၌ ပထမဆုံးဥမင်လမ်း ဖွင့်လှစ်

လော့စ်အန်ဂျလိစ်ဒေသတစ်ဝန်း အဆိုပြုထားသော မြေအောက်ပို့ဆောင်ရေးကွန်ရက်၏ စမ်းသပ်ဥမင်လမ်းအတွက် Boring ကုမ္ပဏီက ပြုလုပ်သော ဖွင့်ပွဲအခမ်းအနား၌ Tesla ကုမ္ပဏီတည်ထောင်သူ အဲလွန်မာ့စ် စကားပြောနေစဉ် (Robyn Beck / Pool via REUTERS)

 

Read more

ကန်- တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှု လျှော့ချမည်

ကန်- တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှု (၂၀၁၅)

 

မြောက်ကိုရီးယားရဲ့ နျူကလီယားလက်နက် ဖျက်သိမ်းရေးအတွက် သံတမန်ရေး တိုးမြှင့်ဆောင်ရွက်မှု အစိတ်အပိုင်းတခုအဖြစ်လာမယ့်နှစ်မှာ တောင်ကိုရီးယားနဲ့ အမေရိကန်ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကြီးကြီးကျယ်ကျယ် မလုပ်ပဲ အငယ်စားပဲ လုပ်လိုတဲ့ ဆန္ဒရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။

Read more

စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုတစ်လုံး အိန္ဒိယလွှတ်တင်

နယူးဒေလီ ဒီဇင်ဘာ ၂၀

အိန္ဒိယနိုင်ငံသည် စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုတစ်လုံးကို ဒီဇင်ဘာ ၁၉ ရက်က လွှတ်တင်ခဲ့ကြောင်း၊ ယင်းဂြိုဟ်တု လွှတ်တင်မှုမှာ နိုင်ငံ၏လေကြောင်းကာကွယ်ရေးစနစ်အား အဆင့်မြှင့်တင်ရန် ဦးတည်ကြိုးပမ်းသည့် ဆောင်ရွက်မှု ဖြစ်ကြောင်း အင်န်အိတ်ခ်ျကေသတင်းတွင် ဖော်ပြသည်။

အဆိုပါဂြိုဟ်တုကို အိန္ဒိယနိုင်ငံတောင်ပိုင်း အင်ဒရာပရာဒေ့ရှ် ပြည်ရှိ ဆရီဟာရီကိုတာအာကာသ ယာဉ်လွှတ် တင်ရေးစခန်းမှ ဒုံးယာဉ် တစ်စင်းဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၏ ဗီယက်နမ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်

 

၁၉-၁၂-၂၀၁၈

ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ၁၈-၁၂-၂၀၁၈ ရက်နေ့ (၀၈၃၀)နာရီတွင် ဟိုချီမင်းပြတိုက်သို့ သွားရောက်လေ့လာခြင်း၊ (၁၀၁၀)နာရီတွင် ဗီယက်နမ်ကွန်မြူနစ်ပါတီဌာနချုပ်သို့သွားရောက်၍ ဗီယက်နမ်ကွန်မြူနစ်ပါတီမှ နိုင်ငံတကာဆက်ဆံရေး ဗဟိုကော်မရှင်ဥက္ကဋ္ဌ H.E.Mr.Hoang Binh Quan ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နှစ်ပါတီ အကျိုးတူလုပ်ငန်းများဆွေးနွေးခဲ့ကြပြီး (၁၂၀၀)နာရီတွင် H.E.Mr.Hoang Binh Quan တည်ခင်းသည့် နေ့လည်စာအား အတူတကွ သုံးဆောင်ခဲ့ကြပါသည်။

Read more

ရန်​ကုန်​တိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီတိုင်း​ကော်​မတီဝင်​ ဦးခင်​​မောင်​တင့်​မှပါတီဝင်​များနှင့်​​တွေ့ဆုံ၍ ပါတီဝင်​အင်​အားစီစစ်​ခြင်းနှင့်​ကွင်းဆင်း​ဆောင်​ရွက်​ခြင်းများ​ဆောင်​ရွက်

 

ရွှေပြည်သာ ၊ ဒီဇင်​ဘာ၊ ၂၀၊

ရန်​ကုန်​တိုင်း​ဒေသကြီး ၊​မြောက်​ပိုင်းခရိုင်​နယ်​​မြေတာဝန်​ခံတိုင်း​ကော်​မတီဝင်​ဦးခင်​​မောင်​တင့်​သည်​​ရွှေပြည်​သာမြို့နယ်​၊အမှတ်​၅ရပ်​ကွက်​သို့ယ​နေ့နံနက်​၉နာရီ မှစပြီး ပါတီဝင်​များထံသို့ ကွင်းဆင်း​တွေ့ဆုံခဲ့ပြီး ပါတီဝင်​အင်​အားစီစစ်​ခြင်းလုပ်​ငန်းများအား အဖွဲ့(၂) ဖွဲ့ခွဲ၍ ​ဆောင်​ရွက်​​စေခဲ့ပါသည်​။

အဆိုပါ ပါတီဝင်​အင်​အားစီစစ်​ခြင်းအား မြို့နယ်​ပါတီဥက္ကဋ္ဌ ဦးလင်း​အောင်​​အောင်​မှဦး​ဆောင်​၍ ဘဏ္ဍာ​ရေးမှူး ​​ဒေါက်​တာဦး​လေး​မောင်​၊ မြို့နယ်​ပါတီ​ကော်​မတီဝင်​များဖြစ်​ကြ​သော ဦးရဲဝင်း​အောင်​နှင့့်​ဒေါ်ချမ်းမြ​အေးတို့မှအမှတ်​(၅) ရပ်​ကွက်​ပါတီဥက္ကဌဋ္ဌ ဦးလှထွန်းနိုင်​နှင့်​ရပ်​ကွက်​ပါတီအတွင်း​ရေးမှူးဦးလှထွန်းတို့နှင့်​အတူတအိမ်​တက်​တအိမ်​ဆင်း Door To Door စနစ်​ဖြင့်​ အမှတ်​(၅) ရပ်​ကွက်​ရှိ ပါတီဝင်​အင်​အားများအားစီစစ်​​ဆောင်​ရွက်​ခဲ့ကြ​ကြောင်းသိရှိရပါသည်​။

Read more

ကယားပြည်နယ်ပြည်ခိုင်ဖြိုးပါတီ မိသားစု ခရစ်စ္စမတ်ပွဲတော် ကျင်းပခြင်း

 

ကယားပြည်နယ် – ဒီဇင်ဘာ ၂၀

ယ နေ့ ၂၀-၁၂-၂၀၁၈ ရက်နေ့ နေ့လည်(၁၀း၀၀)နာရီမှ နေ့လည်(၁း၃၀) နာရီ အချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အောက်ထပ် ခန်းမတွင်ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ မိသားစု ခရစ်စ္စမတ်ပွဲတော် ကျင်းပပြုလုပ်ပါသည်။

Read more