ပါတီဗဟိုအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ မှော်ဘီပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ

 

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ပါတီဗဟိုအတွင်းရေးမှုးဒေါက်တာစန်းစန်းနွယ်ဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီတာဝန်ခံဦးခင်ရီရန်ကုန်တိုင်းပါတီဥက္ကဌဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီရပ်ကျေးပါတီကော်မတီဝင်များနှင့်တွေ့ဆုံပွဲအခမ်းအနားကိုဒီဇင်ဘာလ(၂၁)ရက်နံနက်(၉:၃၀)နာရီကမှော်ဘီမြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင်ကျင်းပသည်။
အဆိုပါတွေ့ဆုံပွဲသို့ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှုးဒေါက်တာကျော်စိုးနှင့်တိုင်းကော်မတီဝင်များရန်ကုန်မြောက်ပိုင်းခရိုင်ပါတီဥက္ကဌဦးတင်ယုနှင့်ကော်မတီဝင်များမြို့နယ်ပါတီဥက္ကဌနှင့်မြို့နယ်ပါတီကော်မတီဝင်များရပ်ကျေးပါတီဥက္ကဌနှင့်ကော်မတီဝင်များတက်ရောက်ကြသည်။
အစီအစဉ်အရမှော်ဘီမြို့နယ်ပါတီဥက္ကဌနှင့်မြို့နယ်ပါတီကော်မတီဝင်များရပ်ကျေးပါတီဥက္ကဌနှင့်ကော်မတီဝင်များမှမိတ်ဆက်စကားပြောကြားသည်။
ထို့နောက်ပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းပါတီဥက္ကဌဦးခင်မောင်စိုးမှအမှာစကားပြောကြားရာတွင်ပြည်ခိုင်ဖြိုးပါတီသည်အသင်းဘဝကတည်းကစပြီးအမျိုးသားရေးနှင့်လုံခြုံရေးကိစ္စများတွင်စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြပြီးယခုအခါပါတီအဖြစ်ဖြင့်ပြည်သူ့အကျိုးကိုဆက်လက်သယ်ပိုးဆောင်ရွက်လျှက်ရှိနေဆဲဖြစ်ကြောင်းပါတီသည်ယခုအခါပြိုင်ဘက်ပါတီအဖြစ်ရပ်တည်နေရသော်လည်းပြည်သူ့အကျိုးကိုဆက်လက်သယ်ပိုးဆောင်ရွက်ရင်း၂၀၂၀ ပါတီအောင်နိုင်ရေးအတွက်ခွန်အားအပြည့်ဖြင့်ဆောင်ရွက်ကြစေခြင်ကြောင်းပါတီဝင်များစည်းလုံးညီညွတ်ဖို့လိုအပ်ကြောင်းထို့ပြင်ယနေ့ခေတ်အခြေအနေများကိုပြည်သူများသိရှိဖို့လိုအပ်ကြောင်းပြည်သူလူထုထံအရောက်သွားကြဖို့လိုအပ်ကြောင်းပြောကြားသည်။
ဆက်လက်၍ပါတီဗဟိုအတွင်းရေးမှုးဒေါက်တာဒေါ်စန်းစန်းနွယ်မှပါတီစည်းရုံးရေးကျစ်လျစ်ခိုင်မာရေးနှင့်အမျိုးသမီးပါတီဝင်များပါဝင်ဆောင်ရွက်မှုများကိုဆွေးနွေးပြောကြားသည်။
ထို့နောက်ပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီတာဝန်ခံဦးခင်ရီမှပါတီစည်းရုံးရေးလုပ်ငန်းစဉ်များနှင့်၂၀၂၀ပါတီအောင်နိုင်ရေးလုပ်ငန်းစဉ်များကိုပြောကြားရာတွင်ယနေ့တက်ရောက်လာသည့်ရပ်ကျေးပါတီကော်မတီဝင်များနှင့်မြို့နယ်တိုင်းခရိုင်ဗဟိုအဆင့်အထိရိုးသားစွာမှန်မှန်ကန်ကန်ဆက်သွယ်ဆောင်ရွက်ကြဖို့လိုကြောင်းပါတီဝင်တိုင်းသည်ပါတီအောင်နိုင်ရေးကိုတန်းတူဆောင်ရွက်ခဲ့ကြသူများဖြစ်ကြောင်းထို့ကြောင့်ပါတီဝင်များစည်းလုံးညီညွတ်စွာဖြင့်ပါတီအောင်နိုင်ရေးလုပ်ငန်းများဆောင်ရွက်ကြစေခြင်ကြောင်းပြောကြားပြီးရှေ့လုပ်ရမည့်လုပ်ငန်းစဉ်များကိုပြောကြားသည်။
ဆက်လက်၍တက်ရောက်လာသည့်ပါတီဝင်များကိုယ်စားမှော်ဘီမြို့နယ်ပါတီဥက္ကဌဦးလှဦးမှရွေးကောက်ပွဲသုံးသပ်ချက်များကိုတင်ပြသည်။
ထို့နောက်တွေ့ဆုံပွဲအခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

ထိန်ဝင်း(YGN)


Read more

စည်းကမ်းပိုင်းဆိုင်ရာ ကိစ္စတွေကြောင့် နိုင်ဂိုလန်ကို အင်တာမီလန် အရေးယူ

အင်တာမီလန်အသင်းဟာ စည်းကမ်းပိုင်းဆိုင်ရာ ကိစ္စတွေကြောင့် ကွင်းလယ်လူနိုင်ဂိုလန်ကို အရေးယူခဲ့ပါတယ်။

အဆိုပါ ဘယ်ဂျီယံကွင်းလယ်ကစားသမားဟောင်းဟာ လေ့ကျင့်ရေးအစီအစဉ်ကို နောက်ကျခဲ့တာကြောင့် အခုလို အရေးယူခံခဲ့ရတာပါ။ အခုလိုနိုင်ဂိုလန် လေ့ကျင့်ရေးအစီအစဉ်နောက်ကျတာ ဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။

အသက်(၃၀)အရွယ်နိုင်ဂိုလန်ဟာ ငွေကြေးများစွာပေးဆောင်ဖို့လည်း ဒဏ်ရိုက်ခံခဲ့ရပါသေးတယ်။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ရိုးမားကနေ အင်တာမီလန်ကို နိုင်ဂိုလန် ရောက်ရှိလာခဲ့တာပါ။ သူဟာ အင်တာမီလန်အသင်းအတွက် (၁၅)ပွဲမှာ (၃)ဂိုးသွင်းယူပေးထားပါတယ်။

Read more

နည်းပြဂတ်တူဆိုနေရာတွင် အာစင်ဝင်းဂါး ခန့်အပ်ရန် အေစီမီလန်အသင်းနီးစပ်လာ

ယခုရာသီ စီးရီးအေတွင် ခြေစွမ်းပိုင်း မတည်ငြိမ်ဖြစ်နေသော အေစီမီလန်က လက်ရှိနည်း ပြဂတ်တူဆိုကို ထုတ်ပယ်ကာ အာဆင်နယ် နည်းပြဟောင်း အာစင်ဝင်းဂါးကို အစားထိုးခန့်အပ်ရန် နီးစပ်နေပြီဖြစ်ကြောင်း အီတလီသတင်းဌာန Tuttomer-catoweb က ဖော်ပြသည်။

စနေနေ့က ဖီအိုရင်တီးနား ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ နံပါတ် (၅) နေရာသို့ ရောက်သွားပြီးနောက် ဂတ်တူဆိုက အေစီမီလန် အသင်း အကျပ်အတည်းဆိုက်နေပြီဟု ပြောကြားသည်။

Read more

ရီးရဲလ်မက်ဒရစ်အသင်း ဖီဖာကလပ် ကမ္ဘာ့ဖလားကို လေးကြိမ်မြောက်စံချိန်တင် ဆွတ်ခူး

ယူအေအီးနိုင်ငံ အဘူဒါဘီမြို့တွင် ကစားသော ဖီဖာကလပ် ကမ္ဘာ့ဖလားဗိုလ်လုပွဲ၌ ရီးရဲလ်မက်ဒရစ်က အယ်လ်အိမ်း ကို ၄-၁ ဂိုးဖြင့် သက်သောင့်သက် သာအနိုင်ယူပြီး ယင်းဖလားကို လေးကြိမ်မြောက် စံချိန်တင် ရရှိခဲ့သည်။
ယင်းပွဲတွင် အဖွင့်ဂိုးသွင်းခဲ့သူ ကမ္ဘာ့အကေင်းဆုံးဘောလုံးသမားဆုရှင် မိုဒရစ်အနေဖြင့် ရီးရဲလ်မက်ဒရစ်နှင့်အတူ ဆုဖလား (၁၅) ကြိမ်ရရှိခဲ့သော်လည်း ဗိုလ်လုပွဲတစ်ပွဲ၌ ဂိုးသွင်းနိုင်ခြင်းသည် ပထမဆုံးဖြစ်သည်။

Read more

MMA ကစားသမား ဖိုးသော် ထိုင်းနိုင်ငံတွင် နှစ်လခန့် လေ့ကျင့်မည်

မတ်လတွင် ယှဉ်ပြိုင်မည့် MMA (One Championship) ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံသို့ နှစ်လခန့် သွားရောက် လေ့ကျင့်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံကိုယ်စားပြု MMA ကစားသမား ဖိုးသော်က ပြောသည်။

၂၀၁၉ ဇန်နဝါရီအတွင်း ထိုင်းနိုင်ငံ ဖူးခက်မြို့သို့ သွားရောက်ကာ ပြိုင်ပွဲမတိုင်မီ ကာလအထိ တိုက်ဂါးမွေထိုင်း MMA သင်တန်း၌ နိုင်ငံတကာနည်းပြများနှင့် လေ့ကျင့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Read more

ကန် ယာယီကာကွယ်ရေးဝန်ကြီးအသစ် သမ္မတ Trump ခန့်အပ်

သမ္မတ Trump နှင့် ကန် ယာယီကာကွယ်ရေးဝန်ကြီးအသစ် Patrick Shanahan (၂၀၁၈ ဧပြီလ)

ရာထူးက အနားယူသွားတဲ့ ကာကွယ်ရေးဝန်ကြီး Jim Mattis နေရာမှာ လက်ထောက် ကာကွယ်ရေးဝန်ကြီး Patrick Shanahan ကို ဇန်န၀ါရီလ ၁ ရက်နေ့ကစပြီး ယာယီ အစားထိုး ခန့်အပ်သွားမယ်လို့ သမ္မတ Donald Trump က တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။ ၀န်ကြီး Mattis ကတော့ ရာထူးက အနားယူတော့မယ့် အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကြေညာခဲ့တာပါ။

Read more

အီရန်နိုင်ငံတွင် လာဘ်ထိုးမှုဖြင့် စီးပွားရေးသမား တယောက်ကို သေဒဏ်ချမှတ်

အီရန်နိုင်ငံအတွင်း စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုတွေကို တိုက်ဖျက်ရေး အမြန်စစ်ဆေးတဲ့ တရားရုံးက စီးပွားရေးသမား တယောက်ကို ဒီဇင်ဘာ ၂၂ ရက်က သေဒဏ် စီရင်လိုက်ပါတယ်။

ဟာမီဒရေဇာ ဘာကေရီ ဒါမာနီကို လာဘ်ထိုးမှု လိမ်လည်မှုတွေ အပါအဝင်  “အဂတိလိုက်စားမှုတွေကို ဖြန့်ဖြူးမှု” နဲ့ စွဲချက်တွေအတွက် အစ္စလာမစ် ဥပဒေတွေအရ စီရင်ချက် ချလိုက်တာလို့ အစိုးရရုပ်သံက ပြောပါတယ်။

Read more

ထရန့်၏ နယ်စပ်နံရံနှင့် ပတ်သက်သော အငြင်းပွားမှုအတွင်း အစိုးရအဖွဲ့ တစ်စိတ်တစ်ပိုင်း ပိတ်သိမ်း

အမေရိကန်−မက္ကဆီကို နယ်စပ်တံတိုင်းကာရံနေသော လုပ်သားများကို တွေ့ရစဉ် (Carlos Garcia Rawlins / REUTERS)

 

မက္ကဆီကိုနယ်စပ် တစ်လျှောက် နံရံတစ်ခုတည် ဆောက်ရေး လွှတ်တော်က ကန် ဒေါ်လာ ငါးဘီလီယံ ခွင့်ပြုပေးရန် သမ္မတဒေါ်နယ်ထရန့်၏ တောင်းဆိုမှုနှင့်ပတ်သက်သည့် ပြင်းထန်သော အငြင်းပွားမှုတစ်ရပ်အတွင်း အမေရိကန် အစိုးရအဖွဲ့ သည် စနေနေ့ နံနက်က တစ်စိတ် တစ်ပိုင်း ပိတ်သိမ်းခဲ့သည်။

Read more

ဗုဒ္ဓဂါယာမှာ ပိဋက ၃ ပုံ ညီလာခံ ကျင်းပ

ဘုန်းတော်ကြီး ဒလိုင်း လားမားက အဖွင့်မိန့်ခွန်းပြောကြား

ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့တဲ့ ပိဋက ၃ ပုံဆိုင်ရာ ညီလာခံကို တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်း လားမားက အိန္ဒိယနိုင်ငံ၊ Bihar ပြည်နယ်မှာရှိတဲ့ ဗုဒ္ဓဂါယာမှာ ဒီဇင်ဘာ ၂၂ ရက်၊ စနေနေ့ ဖွင့်လှစ် ပေးလိုက်ပါတယ်။

Read more

မော်ရင်ဟို အား ပြန်လည်ခေါ်ယူရန် ရီးရဲလ်စဉ်းစား

ရီးရဲလ်မက်ဒရစ်အသင်းသည် မန်ယူအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရသော မော်ရင်ဟို အား တစ်ကျော့ပြန် ခေါ်ယူရန် စဉ်းစားလျက်ရှိကြောင်း စပိန်နေ့စဉ်ထုတ်သင်းစာများက ဖော်ပြသည်။

မော်ရင်ဟို သည် ရီးရဲလ်မက်ဒရစ်အသင်းအား သုံးနှစ်ကြာ ကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။ ရီးရဲလ်မက်ဒရစ် အသင်းဥက္ကဌ ဦးဆောင်သည့်ဘုတ်အဖွဲ့သည် လက်ရှိအချိန်၌ ယာယီနည်းပြအဖြစ် တာဝန်ယူနေသော ဆိုလာရီ၏ နေရာတွင် မော်ရင်ဟို အား တစ်နှစ်လုပ်ခလစာ ပေါင် ၁၈ သန်းဖြင့် ပြန်လည်ခေါ်ယူရန် စီနေကြောင်း သတင်စားများ ထွက်ပေါ်လျက်ရှိသည်။ 

Read more