စဥ့်ကိုင် ပြည်ခိုင်ဖြိုးပါတီမှ ရွှေစေတီဘုရားပွဲတော် ပဒေသာပင်အတွက် ကျပ်နှစ်သိန်းငါးသောင်းကျော်လှူဒါန်းပူဇော်

 

၁၉.၁၂.၂၀၁၈) ရက်နေ့  (၁၅း၀၀) အချိန် စဥ့်ကိုင်မြို့  မြို့ မရပ် ရွှေစေတီဘုရားပွဲတော်ပဒေသာပင်အတွက် မြို့ နယ်ပြည်ခိုင်ဖြိုးပါတီမိသားစုမှ ဝတ္ထုငွေ တစ်သိန်းကျပ် လှူဒါန်းပစ္စည်းများ တန်ဖိုး တစ်သိန်းငါးသောင်းကျပ် စုစုပေါင်း ကျပ်နှစ်သိန်းငါးသောင်းကျော် လှူဒါန်းပူဇော်မှုတို့ အား မြို့ ပေါ်ရပ်ကွက်အတွင်း အကြည်ညိုခံလှည့်လည်ပြီး
(၂၀.၁၂.၂၀၁၈) နံနက် (၈း၀၀) အချိန် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှဝေမည်ဖြစ်ပါသည်။

Read more

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး အမှတ်စဉ်(၄)နှင့်(၂၀၁၈) ဗဟိုအမျိုးသမီးညီလာခံအစည်းအဝေးမှ အတွေ့အကြုံရှင်းလင်းခြင်း

 

လွိုင်ကော်၊ ဒီဇင်ဘာ ၂၀

ယနေ့ ၂၀-၁၂-၂၀၁၈ ရက်နေ့ နံနက်(၁၀း၀၀)နာရီမှ နေ့လည် (၁း၀၀) နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးနှင့်(၂၀၁၈) ဗဟိုအမျိုးသမီးညီလာခံအစည်းအဝေးမှ အတွေ့အကြုံရှင်းလင်းခြင်းကို ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အပေါ်ထပ် အစည်းအဝေးခန်း တွင် ကျင်းပပြုလုပ်ပါသည်။

Read more

ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌမှ မြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

အရာတော် ၊ ဒီဇင်ဘာ – ၁၉

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အရာတော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးခန်းမ၌ နေ့  (၂) နာရီတွင် ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း နှင့် မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်သည်။

Read more

မြောက်ဥက္က္တလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်စီစစ်ခြင်း ကွင်းဆင်းဆောင်ရွက်

 

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

မြောက်ဥက္က္တလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တိုင်း/ခရိုင် လုပ်ငန်းလမ်းညွန်မှုနှင့်အညီ မြို့နယ်ပါတီကော်တီဝင်နယ်မြေခွဲတာဝန်ခံ ဦးအေးမင်းဇော်မှ ကြီးကြပ်၍ အမှတ် (၁) ရပ်ကွက်ပါတီဥက္ကဌ ဦးတင်ဝင်းလှိုင်နှင့် ပါတီကော်မတီများမှ ယမန်နေ့နေလည် ၁ နာရီခွဲမှစတင်၍ သုမိတ္တာ ၁ လမ်း သုမိတ္တာ ၂ လမ်း သုမိတ္တာ ၃ လမ်း ခေတ္တာလမ်းသဇင်လမ်းရှိပါတီဝင်အိမ်များသို့သွားရောက် ပါတီဝင်များနှင့်တွေ့ဆုံ၍ ပါတီဝင်စီစစ်ခြင်း/အင်အားတိုးဆောင်ရွက်ခြင်းအား ယမန်နေ့ညနေ ၆ နာရီအထိပြုလုပ်ခဲ့ကြောင်း သိရပါသည်။

Read more

ပခုက္ကူခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး

 

ပခုက္ကူ၊၊ ဒီဇင်​ဘာ ၁၉

မ​ကွေးတိုင်း​ဒေသကြီး ပခုက္ကူခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးသို့ ဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေး၊ မ​ကွေးတိုင်း​ဒေသကြီးပါတီဥက္ကဌ​ဒေါက်​တာ​မောင်​​မောင်​​ဌေး၊ တိုင်း​​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦးဆန်းညွန်​​အောင်​၊ တိုင်း​ဒေသကြီး ပါတီ​ကော်​မတီဝင်​ ဦး​စောဝင်း​မောင်​တို့ တက်​​ရောက်​ခဲ့ကြပါသည်​ ။


Read more

ပါတီဗဟိုအလုပ်အမှုဆောင် ဘုတလင်မြို့နယ် ပါတီကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

ဘုတလင် ဒီဇင်ဘာ ၁၉

ဘုတလင်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ယမန်နေ့မွန်းလွဲ ၁နာရီခွဲတွင်ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဒေါက်တာမြင့်သိန်းနှင့် မြို့နယ်ကော်မတီဝင်များတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ တိုင်းပါတီကော်မတီဝင်မုံရွာခရိုင် တာဝန်ခံများဖြစ်ကြသည့်ဒေါက်တာဝင်းမြင့်အောင်၊ ဒေါ်ညွန့်ညွန့်ဌေး၊ မုံရွာခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်တိုး၊ ခရိုင်ကော်မတီဝင် ဘုတလင် မြို့နယ် တာဝန်ခံဦးစိန်ဝင်းလှိုင်၊ ဘုတလင်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် မြို့နယ် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

Read more

ကျောက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဆိုင်းဘုတ်တင် မြို့နယ်ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ ရေးရာအလိုက်အစည်းအဝေးများကျင်းပ

 

ကျောက်ကြီး ဒီဇင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေး ပါတီ ဆိုင်းဘုတ်များအား ယမန်နေ့ နံနက် ၇ နာရီ တွင် သိမ်တန်းရပ်ကွက်မြို့နယ်ကော်မတီ ဝင် ဦးတင်စိုးနေအိမ်တွင်လည်းကောင်း၊ နံနက်၉နာရီခွဲတွင် တောင်ငူတန်းရပ်ကွက် ပါတီဥက္ကဋ္ဌ ဒေါ်သဲသဲမာ နေအိမ်တွင် လည်းကောင်း၊ နံနက် ၁ဝ နာရီခွဲတွင် ကပ်ကျေးရပ်ကွက်ပါတီဥက္ကဋ္ဌ ဒေါ်နုနုစိန် နေအိမ်တို့တွင် ရပ်/ကျေးပါတီဆိုင်းဘုတ် များအား အသီးသီးတင်ခဲ့ကြပြီး မြို့နယ် ပါတီဥက္ကဋ္ဌ ဦးလှဘုန်းနှင့် ကော်မတီဝင် များက ရေးရာအလိုက် အစည်းအဝေးများ ကျင်းပခဲ့ကြပြီး အဆိုပါ ဆိုင်းဘုတ်တင် အခမ်းအနားကို မွန်းတည့် ၁၂ နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သိရ သည်။

Read more

လားရှိုးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်ကတ်များပေးအပ်

 

လားရှိုး ဒီဇင်ဘာ ၁၉

လားရှိုးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်ကတ်များ ပေးအပ်ပွဲအခမ်းအနားကို ဟိုပိတ်ကျေးရွာ ရပ်/ကျေးပါတီကော်မတီဝင်နေအိမ်၌ ယနေ့ကျင်းပခဲ့ရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဒေါက်တာလဆိုင်းက ဂုဏ်ပြုစကား ပြောကြားပြီး လားရှိုးမြို့နယ် ပါတီဥက္ကဋ္ဌဦးအုန်းငွေက မြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဟိုပိတ်ကျေးရွာအတွက် ပါတီဝင်အသိအမှတ်ပြုကတ်ပြား၂ဝဝကို ဥက္ကဋ္ဌဦးအုန်းငွေကပေးအပ်ရာ ကျေးရွာလူထု ကိုယ်စား ကျေးရွာပါတီကော်မတီဝင် ဦးရန်စီးနိမ်ကလက်ခံရယူခဲ့ကာ ပါတီဝင်ကြေး များပေးအပ်ခဲ့ပြီး အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

Read more

ကချင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

မြစ်ကြီးနား ဒီဇင်ဘာ ၁၉

ကချင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် အပတ်စဉ် ပြည်နယ်ပါတီကော်မတီဝင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြပြီး အစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရာဝမ်းဂျုံ နှင့် ပြည်နယ်ပါတီကော်မတီဝင်များ၊ ပြည်နယ်အရန်ပါတီကော် မတီဝင်များတက်ရောက်ခဲ့ကြကာ ဗဟိုဥက္ကဋ္ဌကြီးနှင့် တိုင်းဒေသ ကြီး/ပြည်နယ်ပါတီ ဥက္ကဋ္ဌ၊ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး (CEC)ကညွှန်ကြားခဲ့သောအချက်များနှင့် ရေးရာဌာနများအလိုက် ဆောင်ရွက်ခဲ့ကြမှုများ ဆွေးနွေးသုံးသပ်ခဲ့ကြသည်။

Read more

ကွန်ပျူတာ အကြည့်များသူတွေအတွက် အစားအစာနဲ့ ဗီတာမင်

ခုခေတ်မှာ လူမူကွန်ရက်ကလည်း အရမ်းကို တွင်ကျယ်လာပြီး စီးပွားရေး တော်တော်များများရဲ့ အချက်အလက်တွေကိုလည်း စာရွက်တွေထက် ကွန်ပျူတာ မှတ်ဥာဏ်တွေနဲ့ ပိုပြီး သိမ်းဆည်းထားလေ့ ရှိကြပါတယ်။ ဒီအခါမှာတော့ လူအများစုဟာ စာရွက်တွေ ကြည့်ရမယ့်အစား ကွန်ပျူတာတွေ ပိုပြီးတော့ ကြည့်လာရပါပြီ။ ကွန်ပျူတာက ထွက်တဲ့ အလင်းရောင်တွေဟာ ရေရှည်မှာ မျက်စိကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် တော်တော်များများလည်း မျက်မှန်တပ်ရတာတွေ ရှိကြပါတယ်။ ဒီလိုမျိုး ဖြစ်တာတွေ လျှော့နည်းလာစေဖို့အတွက် ဆေးကုသမှုတွေလည်း ပြုလုပ်နိုင်သလို အစားအစာတွေနဲ့ ဗီတာမင်တွေကနေလည်း ရရှိနိုင်ပါတယ်။

Read more