တရုတ်၊ မလေးရှား၊ ထိုင်း သုံးနိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မည်

တရုတ်၊ မလေးရှားနဲ့ ထိုင်း သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုတခုကို ဒီလနှောင်းပိုင်းကျရင် မလေးရှားနိုင်ငံမှာ လုပ်မယ့်အကြောင်း တရုတ်ကာကွယ်ရေးဌာနက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။

မလေးရှားနိုင်ငံ ပြည်နယ်နှစ်ခုနဲ့ ကမ်းလွန်ဒေသတွေမှာ အောက်တိုဘာလ ၂၀ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ၁၀ ရက်ကြာ လုပ်မယ့် စစ်ရေးလေ့ကျင့်မှုကို “ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရင်းနှီးမှု ၂၀၁၈” စစ်ရေးလေ့ကျင့်မှုလို့ အမည်ပေးထားပါတယ်။ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က တပ်ဖွဲ့ဝင်စုစုပေါင်း ၆၉၂ ဦး ဒီစစ်ရေးလေ့ကျင့်ခန်းမှာ ပါဝင်မယ်လို့ တရုတ်ကာကွယ်ရေး ဌာနရဲ့ တနင်္ဂနွေနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Read more

မလေးရှား ကြားဖြတ်ရွေးကောက်ပွဲမှာ ဒုတိယ၀န်ကြီးချုပ်ဟောင်း အန်ဝါ အောင်ပွဲခံ

ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၅

မလေးရှား ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အရင် ဒုတိယ၀န်ကြီးချုပ်ဟာ အောက်တိုဘာ ၁၄ ရက်က အောင်ပွဲခံပွဲ ကျင်းပခဲ့ပါတယ်။

ဒီလို ရွေးကောက်ပွဲ အနိုင်ရတာအတွက် အန်ဝါအီဘာဟမ်အနေနဲ့ ပါလီမန်မှာ နေရာတစ်နေရာ ကျိန်းသေ ရရှိပြီလည်း ဖြစ်ကာ လာမယ့်အစိုးရအကြီးအကဲအဖြစ်လည်း လမ်းကြောင်း ပွင့်တော့တာပဲ ဖြစ်ပါတယ်။

Read more

စပိန်သည် အင်္ဂလန်ထက်အဆင့်မြင့်ဟု ဟယ်ရီကိန်း ပြော၊ အင်္ဂလန်ကို အနိုင်ယူဦးမည်ဟု ရာမို့စ် ကြွေးကြော်

တနင်္လာ (ယနေ့)ညဥ့်သန်းခေါင်ကျော်တွင် ဆဗီးမြို့၌ ရင်ဆိုင်မည့် စပိန်အသင်းသည် မိမိတို့ထက်အဆင့်မြင့်သော အသင်းဖြစ်သည်ဟု အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းက ပြောကြားစဉ် စပိန်နောက်ခံလူ ရာမို့စ်က အင်္ဂလန်ကို အနိုင်ယူရပါက များစွာ သဘောကျနှစ်ခြိုက်မိသည် ဟု ပြောသည်။

 ဘောလုံးပေးပို့မှု အထူးကောင်းမွန်သော စပိန်အသင်းသည် အင်္ဂလန်ထက် သာသည်ဟု ကိန်းက ပြောသော်လည်း မိမိတို့သည် ကစားသမားတစ်ဦးချင်းအလိုက် စွမ်းဆောင်ရည်ကောင်းပြီး ယင်းအားသာချက်ဖြင့် စပိန်ကို ရင်ဆိုင်မည်ဟု ၎င်းကပြောသည်။

Read more

ဘာလင်တွင် လူမျိုးခွဲခြားဆက်ဆံရေးဝါဒကို ဆန့်ကျင်သည့် ဆန္ဒပြမှုများပြုလုပ်

ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် လက်ယာစွန်း လွှမ်းမိုးမှု ကန့်ကွက်သည့် ဆန္ဒပြပွဲအတွင်း လူထောင်ချီ ပါဝင်နေစဉ် (Markus Schreiber/AP)

 

လူမျိုးခွဲခြားဆက်ဆံရေးဝါဒကို ဆန့်ကျင်ရန်အတွက် ဆန္ဒပြလူအုပ်ကြီးသည် ဘာလင်သို့ အောက်တိုဘာ ၁၃ ရက်က ချီတက်လာခဲ့ကြောင်း သိရသည်။ အဆိုပါဆန္ဒပြမှု၌ အနည်းဆုံး လူ ၁၅ဝဝဝဝ ခန့် ချီတက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အလွန်တရာ မအေးလွန်းသော ရာသီဥတုအောက်တွင် ချီတက်ဆန္ဒပြသူများသည် ဘရန်ဒန်ဘာ့ဂ်ျဂိတ်၌ မစုရုံးခင် မြို့ထဲတွင် ချီတက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read more

အမေရိကန်အရေးယူရင် လက်တုံ့ပြန်မယ်လို့ ဆော်ဒီပြော

ဆော်ဒီသတင်းထောက် Jamal Khashoggi ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေဗျကို ဒဏ်ခတ် အရေးယူဖို့ အမေရိကန်သမ္မတ Donald Trump ကခြိမ်းခြောက်နေပေမယ့် တကယ်လို့ အမေရိကန်က အရေးယူ ဒဏ်ခတ်မှုတွေ ချမယ်ဆိုရင် စီးပွားရေးဆိုင်ရာ ကြီးမားတဲ့ လက်တုန့်ပြန်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစကြောင်း ဆော်ဒီအာရေဗျက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

Read more

ဖော်မြူလာသရီး ကားမောင်းပြိုင်ပွဲတွင် မိုက်ကယ်ရှူးမေကာ၏ သား အနိုင်ရဗိုလ်စွဲ

ဂျာမနီ ဂန္ထဝင်ပြိင်ကား မောင်းသမား မိုက်ကယ်ရှူးမေကာ၏သား မစ်ခ်ရှူးမေကာသည် ပြိုင်ပွဲပြီးဆုံးရန် တစ်ပွဲ လိုသေးသော်လည်း ဖော်မြူလာသရီး ဥရောပဆုဖလားကို ဆွတ်ခူးခဲ့သည်။

အသက် (၁၉) နှစ်အရွယ် မစ်ခ်ရှူးမေကာသည် မိခင်ဂျာမနီနိုင်ငံ ဟော့်ကန်ဟိမ်းမြို့၌ ကျင်းပသော ဖော်မြူလာ သရီးကား မောင်းပြိုင်ပွဲတွင် ဒုတိယနေရာမှ ပန်းဝင်ခဲ့သည်။

Read more

လွှတ်တော်ကျပ်သိန်းတစ်ထောင်ဆိုင်ရာ အစည်းအဝေးနှင့် ပါတီစည်းရုံးရေးလုပ်ငန်းရပ်များ ချမှတ်ခြင်း

 

၂၀၁၈-ခုနှစ် ၊ အောက်တိုဘာလ (၁၂) ရက်နေ့ ၊ နံနက် (၁၀း၃၀) နာရီအချိန် ၊ မိုင်းပျဉ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးခန်းမ၌ အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ၊ ပါတီ၏ ရှေ့လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပါသည်။ ထို့နောက် ပြည်နယ်ပါတီကော်မတီဝင် ဒေါ်နန်းဝိုးစိန်က မိမိတို့ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ရုံးက ဖော်ဆောင်ရွက်ခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖတ်ကြားတင်ပြပါသည်။ ဆက်လက်၍ ခရိုင်ပါတီကော်မတီဝင် ဦးချာဟူနှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းလောင်း တို့က သက်ဆိုင်ရာအုပ်စုအလိုက် ဟောပြောရမည့် အချိန်များကို မေးမြန်း၍ တာဝန်များကို ခွဲဝေသတ်မှတ်ပေးပါသည်။ အစည်းအဝေးသို့ ပြည်နယ်/ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ ၊ ရပ်/ကျေးဥက္ကဋ္ဌ နှင့် စည်းရုံးရေးမှူးများ ၊ စုစုပေါင်းအင်အား (၆၄) ဦး တက်ရောက်ပါသည်။ အစည်းအဝေးကို မွန်းလွဲ(၁၂း၃၀)နာရီအချိန်တွင် ရုတ်သိမ်းပါသည်။

Read more

မင်းတုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြိုနှီး​နှောဖလှယ်​ပွဲ ကျင်းပပြုလုပ်

 

မင်းတုန်း၊ ​အောက်​တိုဘာ၊ ၁၂

Read more

ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲဆိုင်ရာဥပဒေ အသိပညာပေးသင်တန်း ( ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြင်ဦးလွင်မြို့နယ်မှ ရွေးကောက်ပွဲဆိုင်ရာဥပဒေ အသိပညာပေးသင်တန်း (ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားအား (၁၂.၁၀.၂၀၁၈) ရက်နေ့ နံနက် (၉:၃၀) နာရီ အချိန်က ပြင်ဦးလွင်ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းပါတီကော်မတီဝင်များ၊ ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဌ ဦးဝင်းကြည်နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ဦးလင်းဇော်မင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ သင်တန်းသား/သူများ စုစုပေါင်း အင်အား (၂၁၅) ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ပြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည် ။

Read more

ပွင့်ဖြူမြို့နယ် အမျိုးသမီးရေးရာ နှီးနှောဖလှယ်ပွဲကျင်းပ

 

ပွင့်ဖြူ၊ အာက်တိုဘာ ၁၂

ပါတီဌာနချုပ်တွင် ကျင်းပပြုလုပ်မည့် ဗဟိုအမျိုးသမီးရေးရာ ညီလာခံ အကြို၊ အမျိုးသမီးရေးရာ နှီးနှောဖလှယ်ပွဲကို မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ မင်းဘူးခရိုင်ကော်မတီဝင် ဦးစန်းယုနိုင်၊ မြို့နယ်ပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များက တက်ရောက်အားပေးခဲ့ကြသည်။
တက်ရောက်လာသူ ပါတီဝင် အမျိုးသမီးလူငယ်များ တက်ရောက်ခဲ့ကြပြီး၊ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေါင်းစဉ်အလိုက် အစုအဖွဲ့များခွဲပြီး တက်ကြွပျော်ရွှင်စွာ ဆွေးနွေး ခဲ့ကြပါသည်။

Read more