ရုန်းကန်နေရတဲ့ မိုနာကိုအသင်း နည်းပြ ဂျာဒင်ကို ထုတ်ပယ်

ပြီးခဲ့သည့်ရာသီက လီဂူးဝမ်းဒုတိယ ရရှိခဲ့သော မိုနာကိုအသင်းသည် ယခုနှစ်ရာသီအစရ လဒ်များ ဆိုးရွားနေပြီ အဆင့် (၁၈) နေရာသို့ ရောက်ရှိနေသဖြင့်    မိုနာကိုနည်းပြလီယိုနာဒို ဂျာဒင်ကို ထုတ်ပယ်ခဲ့သည်။

ရာသီအစပထမဆုံးပွဲတွင် နန့်စ်အသင်းကို အဝေးကွင်း၌ ၃-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ရှစ်ပွဲဆက်တိုက်    နိုင်ပွဲမရှိသော မိုနာကိုသည် ချန်ပီယံလိဂ် အုပ်စု ပွဲ နှစ်ပွဲစလုံးလည်း ရှုံးနိမ့်ထားသည်။

Read more

ဘိုကလေးပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲ အခမ်းအနားပြုလုပ်

 

ဘိုကလေး အောက်တိုဘာ ၁၁

ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ဗဟိုအမျိုး သမီးညီလာခံအကြို ဘိုကလေး မြို့နယ် အမျိုးသမီးနှီးနှောဖလှယ် ပွဲအခမ်းအနားကို ယမန့်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

Read more

ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး စစ်ကိုင်းတိုင်း​ဒေသကြီး တမူးမြို့ရှိ စေတီ​တော်​မြတ်​များနှင့် ဆရာတော်သံဃာတော်များအား ဖူး​မျှော်​ကြည်​ညို

 

တမူး၊ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ ရောက်ရှိနေသော ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အဖွဲ့သည်​ အောက်တိုဘာလ ၁၁ ရက် နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် တမူးခရိုင်​၊ တမူးမြို့နယ်​ရှိ ​ကျွန်း​တော​ရေရှင်​ ဘုန်း​တော်​ကြီးသင်​ ပညာ​ရေး​ကျောင်းမှ ​ကျောင်းထိုင်​ဆရာ​တော်​ ဘဒ္ဒန္တ စန္ဒာဝရ အားလည်းကောင်း၊ ​ဂဏပါ​မောက္ခ​ကျောင်းတိုက်​ ဦးစီးပဓာနနာယက အဂ္ဂ မဟာဂန္ထဝါစကပဏ္ဏိတဘွဲ့တံဆိပ်​​တော်​ရ နိုင်​ငံ​တော်​သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဏိတ သက်​​တော်​ရှည်​ဆရာ​တော်​ ဘဒ္ဒန္တပညိန္ဒ အားလည်းကောင်း၊ မြို့မ​ကျောင်းတိုက်​တွင်​ တိုက်​အုပ်​ဆရာ​တော်​ဘဒ္ဒန္တမာနိတသီရိ အမှူးရှိ​သော သံဃာ​တော်​အရှင်​သူမြတ်​ အားလည်းကောင်း၊ က​လေးမြို့နယ်​ထေရဝါဒသာသနာပြုဗဟိုဌာနချုပ် သာသန​ဝေပုလ္လ​အေးပါ​စေ​ကျောင်းဆရာ​တော်​ အဂ္ဂမဟာ သဒ္ဓမ္မ​ဇောတိကဓဇ ဘဒ္ဒန္တ ဇဝန တို့အား ဖူး​မျှော်​ကြည်​ညိုပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

Read more

ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေး စစ်ကိုင်းတိုင်း​ဒေသကြီး ကလေးမြို့ရှိ မဟာသာကပဋိမာ ​ရေဆန်​ကျွန်းမြတ်​ ဗုဒ္ဓရုပ်​ပွား​တော်​မြတ်​အား ဖူးမျှော်ကြည်ညို

 

ကလေး၊ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ ရောက်ရှိနေသော ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အဖွဲ့သည်​ အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီအချိန်တွင် ကလေးခရိုင်​၊ ကလေးမြို့ရှိ မဟာသာကပဋိမာ ​ရေဆန်​ကျွန်းမြတ်​ ဗုဒ္ဓရုပ်​ပွား​တော်​မြတ်​အား ဖူး​မျှော်​ကြည်​ညိုပြီး အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့သည်။

Read more

စီရော်နယ်ဒိုကြောင့် သတင်းစာကိုတရားစွဲမယ့် ရီးရဲလ်

စီရော်နယ်ဒိုရဲ့ မုဒိမ်းမှုနဲ့ပတ်သက်တဲ့ ဖော်ပြချက်ကိုမကျေနပ်တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ပေါ်တူဂီ သတင်းစာ Correio da Manha ကို တရားဥပဒေအရ ရင်ဆိုင်သွားဖွယ်ရှိတယ်လို့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

စီရော်နယ်ဒိုဟာ ၂၀၀၉ ခုနှစ်က လက်စ်ဗီးဂတ်စ်နိုက်ကလပ်တစ်ခုမှာတွေ့ခဲ့တဲ့ မာယော်ဂါဆိုတဲ့အမျိုးသမီးကို သူ့ရဲ့အခန်းထဲခေါ်ကာ အလိုမတူဘဲ လိင်စော်ကားမှုကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။ အဲဒီအတွက် စီရော်နယ်ဒိုက ရှေ့နေအဖွဲ့ကိုငှားရမ်းကာ ပြန်လည်ဖြေရှင်းနေပြီဖြစ်ပြီး သူ့ရှေ့နေရဲ့ပြောကြားချက်ထဲမှာတော့ ၂၀၀၉ ခုနှစ်က မုဒိမ်းမှုကျူးလွန်ခဲ့ခြင်းမရှိတာကို အတိအလင်းငြင်းဆန်ခဲ့ပါတယ်။

Read more

ရေဘေးသင့် မာလိုကာကျွန်း ပျက်စီးမှုများကို တင်းနစ်အကျော်အမော် နာဒယ် ပါဝင်ရှင်းလင်း

စပိန်နိုင်ငံ မာလိုကာကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ ရေလွှမ်းမိုးမှု နောက်ဆက်တွဲ ပျက်စီးဆုံးရှုံးခဲ့တာတွေကို ရှင်းလင်းနေပြီး စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်လည်း ပါဝင်ကူညီခဲ့ပါတယ်။

မာလိုကာဟာာ နာဒယ်ရဲ့ မွေးရပ်မြေဖြစ်ပြီးတော့ သူ့နာမည်နဲ့ ဖွင့်လှစ်ထားတဲ့ အကယ်ဒမီမှာ ပျက်စီးဆုံးရှုံးခဲ့တာ တွေကို လုပ်အားပေးကူညီပေးခဲ့ပါတယ်။

ကမ္ဘာ့နံပါတ် ၁ ကစားသမား ရာဖေးလ်နာဒယ်ဟာ လက်ရှိမှာတော့ လက်စွမ်းပိုင်း ကျဆင်းနေတာကြောင့် ထိပ်ဆုံးနေရာကို ခြိမ်းခြောက်ခံနေရသူလည်း ဖြစ်ပါတယ်။

Read more

ခရီးတာအရှည်လျားဆုံး လေကြောင်းခရီးစဉ် စင်ကာပူလေကြောင်းဌာန စတင်ပြီ

စင်ကာပူ အောက်တိုဘာ ၁၁

ကမ္ဘာပေါ်တွင် ခရီးတာအရှည်လျားဆုံးပျံသန်းသည့် လေကြောင်းခရီးစဉ်အဖြစ် စင်ကာပူ-နယူးယောက် လေကြောင်း ခရီးစဉ်ကို အောက်တိုဘာ ၁၁ ရက်တွင် စတင်လိုက်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်း ထုတ်ပြန်သည်။

Read more

ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးများနှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်

 

ဖေါင်းပြင်၊ အောက်တိုဘာ ၁၁

Read more

Soyuz အာကာသယာဉ် လွှတ်တင်ပြီးမကြာခင် အရေးပေါ်ပြန်ဆင်း

အမေရိကန်နဲ့ ရုရှား အာကာသယာဉ်မှူး ၂ ဦး လိုက်ပါသွားပြီး နိုင်ငံတကာ အာကာသစခန်းကို သွားရောက်မယ့် Soyuz အာကာသယာဉ်ဟာ မြေပြင်ကနေ ဒီကနေ့ လွှတ်တင်ပြီး သိပ်မကြာခင်မှာပဲ အရေးပေါ် ပြန်လည် ဆင်းသက်ခဲ့ရပါတယ်။
ဆိုဗီယက်ယူနီယံ လက်ထက်ကတည်းက တည်ဆောက်ထားတဲ့ Kazakhstan နိုင်ငံ၊ Baikonur မြို့က အာကာသစခန်းကနေ လွှတ်တင်လိုက်ပြီးနောက် အာကာသယာဉ်ရဲ့ တွန်းအားပေးစနစ်မှာ စက်ချို့ယွင်းမှု ကြုံခဲ့ရတာဖြစ်ကြောင်း အမေရိကန် အာကာသသိပ္ပံအေဂျင်စီ (NASA) ကပြောပါတယ်။

Read more

နယ်စပ်ဖြတ် ခိုလှုံခွင့်တောင်းသူတွေအပေါ် အမေရိကန် လူ့အခွင့်အရေးချိုးဖောက်

အမေရိကန်တောင်ပိုင်းက နယ်စပ်ဒေသမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူတွေအပေါ် အမေရိကန် အစိုးရက လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ရှိနေတယ်လို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် – လူ့အခွင့်ရေး အဖွဲ့ကြီးက ဝေဖန်လိုက်ပါတယ်။

Read more