ၿဗိတိန္တြင္ ရွားရွားပါးပါး အနီေရာင္အဆင့္ အပူခ်ိန္သတိေပးခ်က္ထုတ္ျပန္

ၿဗိတိန္တြင္ ရွားရွားပါးပါး အနီေရာင္အဆင့္ အပူခ်ိန္သတိေပးခ်က္ထုတ္ျပန္
==========================
ၿဗိတိန္ႏိုင္ငံတြင္ သမိုင္းတစ္ေလွ်ာက္စံခ်ိန္တင္ အလြန္အမင္းပူျပင္းမည့္ အေျခအေနျဖစ္ေပၚႏိုင္ေျခ အလြန္မ်ားျပားသျဖင့္ ၿဗိတိန္အမ်ိဳးသားမိုးေလဝသဌာနက ဇြန္လ၂၄ ရက္ႏွင့္ ၂၅ ရက္တို႔အတြက္ ရွားရွားပါးပါး အနီေရာင္အဆင့္ အပူခ်ိန္သတိေပးခ်က္ကို ဇြန္လ ၂၂ ရက္တြင္ထုတ္ျပန္သည္။
အပူခ်ိန္မ်ားသည္ ဇြန္လ ၂၂ ရက္တြင္ လ်င္ျမန္စြာျမင့္တက္လာၿပီး အဂၤလန္ႏိုင္ငံေတာင္ပိုင္း၌ ၃၄ ဒီဂရီစင္တီဂရိတ္အထိ ရွိလာႏိုင္ကာ အခ်ိဳ႕ေနရာမ်ားတြင္ မိုးသက္မုန္တိုင္းမ်ား ႐ြာသြန္းႏိုင္သည္။ ဇြန္လ ၂၃ ရက္တြင္ အပူခ်ိန္ပိုမိုျပင္းထန္လာႏိုင္ကာ အဂၤလန္ေတာင္ပိုင္း၌ အပူခ်ိန္ ၃၇ ဒီဂရီစင္တီဂရိတ္ႏွင့္ ေဝလအေရွ႕ေတာင္ပိုင္း၌၃၅ ဒီဂရီစင္တီဂရိတ္အထိ အျမင့္ဆုံးရွိလာႏိုင္သည္။ အပူလႈိင္း၏ အျမင့္ဆုံးကာလျဖစ္ေသာ ဇြန္လ ၂၄ ရက္ႏွင့္ ၂၅ ရက္တို႔တြင္ အပူခ်ိန္မွာ အနည္းဆုံး ၃၉ ဒီဂရီစင္တီဂရိတ္ႏွင့္အထက္ျမင့္တက္ႏိုင္ေၾကာင္း မိုးေလဝသဌာနကထုတ္ျပန္ထားသည္။
ၿဗိတိန္ႏိုင္ငံ၏ ဇြန္လအတြက္ အျမင့္ဆုံးစံခ်ိန္တင္အပူခ်ိန္မွာ ၃၅ ဒသမ ၆ ဒီဂရီစင္တီဂရိတ္ျဖစ္ၿပီး ယခုအခါ အဆိုပါစံခ်ိန္ ကိုခ်ိဳးဖ်က္ႏိုင္မည့္ အလားအလာရွိေနျခင္းျဖစ္သည္။ အနီေရာင္အဆင့္သတိေပးခ်က္ကို အျပင္းထန္ဆုံးအေျခအေနအတြက္သာ သတ္မွတ္ထားျခင္းျဖစ္ၿပီး ယခုအပူလႈိင္းေၾကာင့္ က်န္းမာေရးထိခိုက္မႈမ်ား ျပင္းထန္စြာျဖစ္ပြားႏိုင္ေၾကာင္း သိရသည္။
Ref: Xinhua
ဗြိတိန်တွင် ရှားရှားပါးပါး အနီရောင်အဆင့် အပူချိန်သတိပေးချက်ထုတ်ပြန်
==========================
ဗြိတိန်နိုင်ငံတွင် သမိုင်းတစ်လျှောက်စံချိန်တင် အလွန်အမင်းပူပြင်းမည့် အခြေအနေဖြစ်ပေါ်နိုင်ခြေ အလွန်များပြားသဖြင့် ဗြိတိန်အမျိုးသားမိုးလေဝသဌာနက ဇွန်လ၂၄ ရက်နှင့် ၂၅ ရက်တို့အတွက် ရှားရှားပါးပါး အနီရောင်အဆင့် အပူချိန်သတိပေးချက်ကို ဇွန်လ ၂၂ ရက်တွင်ထုတ်ပြန်သည်။
အပူချိန်များသည် ဇွန်လ ၂၂ ရက်တွင် လျင်မြန်စွာမြင့်တက်လာပြီး အင်္ဂလန်နိုင်ငံတောင်ပိုင်း၌ ၃၄ ဒီဂရီစင်တီဂရိတ်အထိ ရှိလာနိုင်ကာ အချို့နေရာများတွင် မိုးသက်မုန်တိုင်းများ ရွာသွန်းနိုင်သည်။ ဇွန်လ ၂၃ ရက်တွင် အပူချိန်ပိုမိုပြင်းထန်လာနိုင်ကာ အင်္ဂလန်တောင်ပိုင်း၌ အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်နှင့် ဝေလအရှေ့တောင်ပိုင်း၌၃၅ ဒီဂရီစင်တီဂရိတ်အထိ အမြင့်ဆုံးရှိလာနိုင်သည်။ အပူလှိုင်း၏ အမြင့်ဆုံးကာလဖြစ်သော ဇွန်လ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် အပူချိန်မှာ အနည်းဆုံး ၃၉ ဒီဂရီစင်တီဂရိတ်နှင့်အထက်မြင့်တက်နိုင်ကြောင်း မိုးလေဝသဌာနကထုတ်ပြန်ထားသည်။
ဗြိတိန်နိုင်ငံ၏ ဇွန်လအတွက် အမြင့်ဆုံးစံချိန်တင်အပူချိန်မှာ ၃၅ ဒသမ ၆ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ယခုအခါ အဆိုပါစံချိန် ကိုချိုးဖျက်နိုင်မည့် အလားအလာရှိနေခြင်းဖြစ်သည်။ အနီရောင်အဆင့်သတိပေးချက်ကို အပြင်းထန်ဆုံးအခြေအနေအတွက်သာ သတ်မှတ်ထားခြင်းဖြစ်ပြီး ယခုအပူလှိုင်းကြောင့် ကျန်းမာရေးထိခိုက်မှုများ ပြင်းထန်စွာဖြစ်ပွားနိုင်ကြောင်း သိရသည်။
Ref: Xinhua




