တာမွေမဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် အဖွဲ့ဝင်များရပ်ကွက်သုံးရပ်ကွက်သို့သွားကာလိုက်လံဟောပြော

 

ရန်ကုန် အောက်တိုဘာ ၁၄

တာမွေမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးမျိုးဝင်းကျော်နှင့် အဖွဲ့ဝင်များ ယမန်နေ့ ညနေပိုင်းက ရပ်ကွက်သုံးရပ်ကွက်သို့ သွားကာ လိုက်လံဟောပြောခဲ့သည်။

”ဒီနေ့ ညနေပိုင်းက တာမွေ မြို့နယ်မှာရှိတဲ့တာမွေကြီး(က-ခ) ရပ်ကွက်၊ တာမွေကြီး(ခ)ရပ်ကွက်၊ နတ်ချောင်းရပ်ကွက် သုံးရပ်ကွက် ကို သွားရောက်ပြီး ညနေ ၅ နာရီမှ ည ၉နာရီအထိ လိုက်လံဟောပြော ခဲ့ပါတယ်”ဟု ဦးမျိုးဝင်းကျော်က ပြောသည်။

Read more

သပိတ်ကျင်းမဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်စိုးနှင့် မြို့နယ်ပါတီမှပါတီဝင်များ အုန်းဇုန်းကျေးရွာ ကျောက်ဖြာကျေးရွာနှင့် မြေနီတောင်ကျေးရွာတို့မှ မဲဆန္ဒရှင်ပြည်သူများအားDoor to Door တွေ့ဆုံ

 

သပိတ်ကျင်း အောက်တိုဘာ ၁၄

မန္တလေးတိုင်းဒေသကြီးပြင်ဦး လွင် ခရိုင် သပိတ်ကျင်းမဲဆန္ဒနယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်စိုး နှင့် မြို့နယ်ပါတီမှ ပါတီဝင်များ သည် ယမန်နေ့ နံနက်ပိုင်းက ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင် ရေးအတွက် မြို့နယ်အတွင်းရှိ အုန်း ဇုန်းကျေးရွာ၊ ကျောက်ဖြာကျေး ရွာနှင့် မြေနီတောင်ကျေးရွာတို့သို့ သွားရောက်ပြီး မဲဆန္ဒရှင်ပြည်သူ များအား Door to Door တွေ့ဆုံ ဆောင်ရွက်ခဲ့သည်။

Read more

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းကျားကွက်သစ်ရှိမဲဆန္ဒရှင်ပြည်သူများအားဂါရဝပြုတွေ့ဆုံ

 

ရန်ကုန် အောက်တိုဘာ ၁၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်သည် ယမန်နေ့ ညနေ ၄ နာရီက တာမွေမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးမျိုးဝင်းကျော် တာမွေမြို့နယ် ကျားကွက်သစ် မဲဆန္ဒရှင်ပြည်သူများအား ဂါရဝပြု လိုက်လံနှုတ်ခွန်းဆက် မိတ်ဆက် စကားပြောကြားရာသို့ အားပေး ကူညီဆောင်ရွက်ခဲ့သည်။

Read more

သပိတ်ကျင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲဆိုင်ရာဥပဒေအသိပညာပေးသင်တန်းဖွင့်ပွဲကျင်းပ

 

သပိတ်ကျင်း အောက်တိုဘာ ၁၄

သပိတ်ကျင်းမြို့နယ်ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ဖွင့်လှစ်သော ဒုတိယအကြိမ် မြောက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်ပါတီရုံးခန်းမ တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြင်ဦးလွင် ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်း ကြည်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် အခမ်းအနား အား အစီအစဉ်များအတိုင်း ဆက် လက်ကျင်းပခဲ့သည်။

Read more

ရခိုင်က ဒုက္ခသည်ရွာတရွာကို ကုလ ကိုယ်စားလှယ် ရွေးချယ် သွားရောက်

ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ဟာ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကျောက်တော်မြို့နယ် နိဒင် မွတ်စလင် ကျေးရွာကို ရွေးချယ် သွားရောက်ခဲ့ပါတယ်။ စစ်တွေမြို့ရဲ့ မြောက်ဘက် မိုင် ၆၀ အကွာမှာ ရှိတဲ့ နိဒင် မွတ်စလင် ကျေးရွာဟာ ၂၀၁၂ ခုနှစ် က ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခအပြီး၊ ကျောက်တော်မြို့က မွတ်စလင်တွေကို ဒုက္ခသည်စခန်း ဖွင့်လှစ် ပေးခဲ့ပြီး မကြာသေးမီက ရွာအဖြစ် သတ်မှတ် ပေးခဲ့တဲ့ ကျေးရွာ ဖြစ်ပါတယ်။

Read more

ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲ အတွက် အကြိုညှိနှိုင်းပွဲ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်ဆို့နေတဲ့ အရေးတွေကို အဖြေရှာဖို့ အစိုးရ၊ တပ်မတော်နဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား ထိပ်သီးဆွေးနွေးပွဲ အတွက် အကြို ဆွေးနွေးပွဲ ကို အောက်တိုဘာလ ၁၃ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

Read more

ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

 

သံဖြူဇရပ် အောက်တိုဘာ ၁၄

သံဖြူဇရပ်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အမျိုးသမီးညီလာခံအကြို နှီးနှော ဖလှယ်ပွဲကို ယမန်နေ့နံနက် ၁ဝ နာရီ ကကျင်းပရာ ရှေးဦးစွာ နိုင်ငံတော် အလံအား အလေးပြု၍ နိုင်ငံတော် သီချင်း သံပြိုင်သီဆိုကာ အခမ်း အနားဖွင့်လှစ်ခဲ့သည်။ ဗဟိုအလုပ် အမှုဆောင်မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းက
တက်ရောက် အဖွင့်အမှာစကားပြောကြားခြင်း၊ မွန်ပြည်နယ်အမျိုးသမီး ရေးရာတာဝန်ခံဒေါ်မေသူဝင်းကဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ် ပွဲနှင့်သက်ဆိုင်သည့်အချက်အလက်များကိုရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျုံပျော်မြို့နယ် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကျင်း

 

ကျုံပျော် အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီးပုသိမ် ခရိုင် ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီသည် အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားကို အထောင်တိုက်နယ် သစ်မသိကျေးရွာအုပ်စု အောင်ပန်း ကွင်းကျေးရွာတွင် ယမန်နေ့မွန်းလွဲ ၁ နာရီကကျင်းပခဲ့ရာ ကျေးရွာအုပ်စု မှ ပါတီဝင်သစ် ၂ဝ၄ ဦး ပါတီသို့ ဝင်ခွင့်ပြုရန်အတွက် ပါတီဝင်အဆို ပြုလွှာများ ပေးအပ်ခဲ့သည်။

Read more

ဘော်နာကိုရစ်ကို အနိုင်ယူပြီး ဂျိုကိုဗစ် ရှန်ဟိုင်းမာစတာဖလား ဆွတ်ခူး၊ ကမ္ဘာ့အဆင့် (၂) ဖြစ်လာ

ဆားဘီးယားတင်းနစ် ချန်ပီယံ ဂျိုကိုဗစ်သည် ပြိုင်ပွဲဝင် အဆင့် (၁၃) သတ်မှတ်ခံရသော ခရိုအေးရှားမှ ဘော်နာကိုရစ်ကို အပြတ်အသတ်နိုင်ကာ ၎င်း၏ စတုတ္ထမြောက် ရှန်ဟိုင်းမာစတာ ဖလားကို ဆွတ်ခူးခဲ့သည်။

စနေနေ့က ဆီမီးတွင် ရော် ဂျာဖက်ဒဲရာကို မထင်မှတ်ဘဲ အ နိုင်ရကာ မာစတာတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ ပထမဆုံး တက် ရောက်နိုင်ခဲ့သော ကိုရစ်(၂၁)နှစ်သည် ဂျိုကိုဗစ်ကို ၆-၃၊ ၆-၄ ဖြင့် အပြတ်အသတ်ရှုံးနိမ့်ခဲ့သည်။

Read more

သုံးနိုင်ငံလက်ဝှေ့ပြိုင်ပွဲတွင် မြန်မာလက်ဝှေ့ကျော်များ အောင်ပွဲခံ

ရန်ကုန်မြို့တွင် ကျင်းပသည့် မြန်မာ – ထိုင်း – ဥဇ ဘက်ကစ္စတန် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ၌ မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးက ထိုင်းလက်ဝှေ့ ကျော်ဖွားဆိုလကို တတိယအချီ ၌ အလဲထိုးဖြင့်အနိုင်ရခဲ့သည်။

အောက်တိုဘာ ၁၄ ရက်က သိမ်ဖြူအားကစားရုံတွင် ကျင်းပသည့် အဆိုပါ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ အဓိကတွဲဆိုင်း၌ စိုးလင်း ဦးနှင့် ဖွားဆိုလတို့ အကြိတ်အနယ်ထိုးသတ်ခဲ့သည်။

Read more