အီရန္ႏွင့္ MoU သေဘာတူညီခ်က္ႏွင့္ ေဟာ္မုဇ္ေရလက္ ၾကားအေရး ေဆြးေႏြးရန္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို ႐ူဘီယို အေရွ႕အလယ္ပိုင္း ၃ ႏိုင္ငံသို႔ သြားေရာက္မည္

အီရန္ႏွင့္ MoU သေဘာတူညီခ်က္ႏွင့္ ေဟာ္မုဇ္ေရလက္ ၾကားအေရး ေဆြးေႏြးရန္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို ႐ူဘီယို အေရွ႕အလယ္ပိုင္း ၃ ႏိုင္ငံသို႔ သြားေရာက္မည္
======================
ဇြန္ ၂၃
အေမရိကန္ျပည္ေထာင္စုႏွင့္ အီရန္ႏိုင္ငံတို႔အၾကား ခ်ဳပ္ဆိုထားသည့္ ပူးတြဲနားလည္မႈစာခြၽန္လႊာ (MoU) ဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ ကမာၻ႔အေရးပါဆုံး ေရနံသယ္ယူပို႔ေဆာင္ေရးလမ္း ေၾကာင္းျဖစ္ေသာ ေဟာ္မုဇ္ေရလက္ၾကား (Strait of Hormuz) ၏ အနာဂတ္အေျခအေနတို႔ကို ေဆြးေႏြးရန္အတြက္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို ႐ူဘီယို (Marco Rubio) သည္ ယခုသီတင္းပတ္အတြင္း အေရွ႕အလယ္ပိုင္းေဒသသို႔ သြားေရာက္မည္ျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္လိုက္သည္။
ႏိုင္ငံျခားေရးဝန္ႀကီး မာကို ႐ူဘီယိုသည္ ဇြန္လ ၂၃ ရက္မွ ၂၅ ရက္အထိ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု(UAE)၊ ကူဝိတ္ႏွင့္ ဘာရိန္းႏိုင္ငံတို႔သို႔ သြားေရာက္လည္ပတ္မည္ ျဖစ္သည္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ ၎ခရီးစဥ္အတြင္း အီရန္ႏွင့္ ရရွိထားသည့္ ရက္ေပါင္း ၆၀ ၾကာ တင္းမာမႈမ်ားဆိုင္းငံ့ေရး ေဆြးေႏြးပြဲမူေဘာင္မ်ား၊ ေဟာ္မုဇ္ေရလက္ၾကားအတြင္း အျပည့္အဝ လြတ္လပ္ၿပီး ေဘးကင္းလုံၿခဳံေသာ သေဘၤာသြားလာမႈ ရရွိေစေရးႏွင့္ ေဒသတြင္းေရရွည္တည္ၿငိမ္ေရးတို႔ကို အဓိကထား ေဆြးေႏြးမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ဘာရိန္းႏိုင္ငံ၌ ေဆာ္ဒီအာေရးဗီးယား၊ ကာတာႏွင့္ အိုမန္တို႔ ပါဝင္သည့္ ပင္လယ္ေကြ႕ပူးေပါင္းေဆာင္႐ြက္ေရးေကာင္ စီ (GCC) အဖြဲ႕ဝင္ႏိုင္ငံမ်ားႏွင့္လည္း ေတြ႕ဆုံကာ ေဒသတြင္းလုံၿခဳံေရး မိတ္ဖက္ျဖစ္မႈမ်ားကို ျပန္လည္ညႇိႏႈိင္းမည္ျဖစ္သည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလေႏွာင္းပိုင္းက အေမရိကန္-အစၥ ေရးတို႔ႏွင့္ အီရန္အၾကား စစ္ေရးအရ တင္းမာမႈမ်ား ျဖစ္ပြားခဲ့စဥ္အတြင္း အီရန္၏ ဒ႐ုန္းႏွင့္ ဒုံးက်ည္မ်ားျဖင့္ တိုက္ခိုက္မႈေၾကာင့္ အေမရိကန္စစ္အေျခစိုက္စခန္းမ်ားရွိရာ ပင္လယ္ေကြ႕အိမ္နီးခ်င္းႏိုင္ငံမ်ား၏ အရပ္ဘက္အေျခ ခံအေဆာက္အအုံမ်ား ထိခိုက္ခဲ့ၿပီး ဝါရွင္တန္၏ လုံၿခဳံေရးအာမခံခ်က္အေပၚ ေမးခြန္းထုတ္စရာမ်ား ျဖစ္ခဲ့သည္။
ဇြန္လ ၁၇ ရက္တြင္ ႏွစ္ဦးႏွစ္ဖက္ ကုန္သြယ္ေရးႏွင့္ ေရနံပိတ္ဆို႔မႈ ယာယီေျဖေလွ်ာ့ေရး MoU လက္မွတ္ေရးထိုးၿပီးေနာက္ပိုင္း ေဟာ္မုဇ္ေရလက္ၾကားတြင္ သေဘၤာသြားလာမႈ ျပန္ လည္ျမင့္တက္လာေသာ္လည္း ၿပီးခဲ့သည့္ သီတင္းပတ္ကုန္က ျဖတ္သန္းသည့္ သေဘၤာအစင္းေရ ၇၁ စင္းသာရွိသျဖင့္ စစ္ပြဲမတိုင္မီက ေန႔စဥ္ပ်မ္းမွ် အစင္းေရ ၁၀၀ ေက်ာ္ သြားလာမႈႏႈန္းေအာက္တြင္သာ ရွိေနေသးသည္။
အဆိုပါ ရက္ေပါင္း ၆၀ ကာလအတြင္း အီရန္အေနျဖင့္ ေရ လက္ၾကားျဖတ္သန္းခ ေကာက္ခံျခင္းမျပဳရန္ MoU တြင္ သေဘာတူထားေသာ္လည္း ကာလကုန္ဆုံးပါက ျဖတ္ သန္းခမ်ား ျပန္လည္ေကာက္ခံရန္ အီရန္အရာရွိမ်ားက စီစဥ္ေနသည့္ အတြက္ မာကို ႐ူဘီယို၏ ယခုခရီးစဥ္သည္ ပင္လယ္ေကြ႕မဟာ မိတ္မ်ားႏွင့္အတူ အီရန္အေပၚ ေရလမ္းေၾကာင္းလြတ္လပ္ခြင့္အတြက္ ဖိအားေပးညႇိႏႈိင္းမည့္ အေရးပါေသာ သံတမန္ေရး ေျခလွမ္းတစ္ရပ္ ျဖစ္လာႏိုင္ေၾကာင္း သုေတသီမ်ားက သုံးသပ္ထားၾကသည္။
အီရန်နှင့် MoU သဘောတူညီချက်နှင့် ဟော်မုဇ်ရေလက် ကြားအရေး ဆွေးနွေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို အရှေ့အလယ်ပိုင်း ၃ နိုင်ငံသို့ သွားရောက်မည်
======================
ဇွန် ၂၃
အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ချုပ်ဆိုထားသည့် ပူးတွဲနားလည်မှုစာချွန်လွှာ (MoU) ဆိုင်ရာ ကိစ္စရပ်များနှင့် ကမ္ဘာ့အရေးပါဆုံး ရေနံသယ်ယူပို့ဆောင်ရေးလမ်း ကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ၏ အနာဂတ်အခြေအနေတို့ကို ဆွေးနွေးရန်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) သည် ယခုသီတင်းပတ်အတွင်း အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အထိ အာရပ်စော်ဘွားများပြည်ထောင်စု(UAE)၊ ကူဝိတ်နှင့် ဘာရိန်းနိုင်ငံတို့သို့ သွားရောက်လည်ပတ်မည် ဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၎င်းခရီးစဉ်အတွင်း အီရန်နှင့် ရရှိထားသည့် ရက်ပေါင်း ၆၀ ကြာ တင်းမာမှုများဆိုင်းငံ့ရေး ဆွေးနွေးပွဲမူဘောင်များ၊ ဟော်မုဇ်ရေလက်ကြားအတွင်း အပြည့်အဝ လွတ်လပ်ပြီး ဘေးကင်းလုံခြုံသော သင်္ဘောသွားလာမှု ရရှိစေရေးနှင့် ဒေသတွင်းရေရှည်တည်ငြိမ်ရေးတို့ကို အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဘာရိန်းနိုင်ငံ၌ ဆော်ဒီအာရေးဗီးယား၊ ကာတာနှင့် အိုမန်တို့ ပါဝင်သည့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင် စီ (GCC) အဖွဲ့ဝင်နိုင်ငံများနှင့်လည်း တွေ့ဆုံကာ ဒေသတွင်းလုံခြုံရေး မိတ်ဖက်ဖြစ်မှုများကို ပြန်လည်ညှိနှိုင်းမည်ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလနှောင်းပိုင်းက အမေရိကန်-အစ္စ ရေးတို့နှင့် အီရန်အကြား စစ်ရေးအရ တင်းမာမှုများ ဖြစ်ပွားခဲ့စဉ်အတွင်း အီရန်၏ ဒရုန်းနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်အခြေစိုက်စခန်းများရှိရာ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများ၏ အရပ်ဘက်အခြေ ခံအဆောက်အအုံများ ထိခိုက်ခဲ့ပြီး ဝါရှင်တန်၏ လုံခြုံရေးအာမခံချက်အပေါ် မေးခွန်းထုတ်စရာများ ဖြစ်ခဲ့သည်။
ဇွန်လ ၁၇ ရက်တွင် နှစ်ဦးနှစ်ဖက် ကုန်သွယ်ရေးနှင့် ရေနံပိတ်ဆို့မှု ယာယီဖြေလျှော့ရေး MoU လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောသွားလာမှု ပြန် လည်မြင့်တက်လာသော်လည်း ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဖြတ်သန်းသည့် သင်္ဘောအစင်းရေ ၇၁ စင်းသာရှိသဖြင့် စစ်ပွဲမတိုင်မီက နေ့စဉ်ပျမ်းမျှ အစင်းရေ ၁၀၀ ကျော် သွားလာမှုနှုန်းအောက်တွင်သာ ရှိနေသေးသည်။
အဆိုပါ ရက်ပေါင်း ၆၀ ကာလအတွင်း အီရန်အနေဖြင့် ရေ လက်ကြားဖြတ်သန်းခ ကောက်ခံခြင်းမပြုရန် MoU တွင် သဘောတူထားသော်လည်း ကာလကုန်ဆုံးပါက ဖြတ် သန်းခများ ပြန်လည်ကောက်ခံရန် အီရန်အရာရှိများက စီစဉ်နေသည့် အတွက် မာကို ရူဘီယို၏ ယခုခရီးစဉ်သည် ပင်လယ်ကွေ့မဟာ မိတ်များနှင့်အတူ အီရန်အပေါ် ရေလမ်းကြောင်းလွတ်လပ်ခွင့်အတွက် ဖိအားပေးညှိနှိုင်းမည့် အရေးပါသော သံတမန်ရေး ခြေလှမ်းတစ်ရပ် ဖြစ်လာနိုင်ကြောင်း သုတေသီများက သုံးသပ်ထားကြသည်။




