ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင် အာရှနိုင်ငံများ၏ နိုင်ငံရေးပါတီများ နိုင်ငံတကာညီလာခံ ( ICAPP) သို့ တက်ရောက်

 

မော်စကို၊ အောက်တိုဘာ ၂၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင် ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ မော်စကိုမြို့တွင် ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီမှ အောက်တိုဘာလ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်သော အာရှနိုင်ငံများ၏ နိုင်ငံရေးပါတီများ နိုင်ငံတကာညီလာခံ ICAPP (International Conference of Asian Political Parties) အစည်းအဝေးသို့ တက်ရောက် ဆွေးနွေးခဲ့သည်။

Read more

အင်ဒိုတွင် ခရီးသည်တင် လေယာဉ်တစ်စီး ပင်လယ်ထဲပျက်ကျ

အင်ဒိုနီးရှား နိုင်ငံတွင် ခရီးသည်တင် လေယာဉ်တစ်စီး ပင်လယ်ထဲ ပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်များက အတည်ပြု ကြေညာခဲ့သည်။

Lion Air လေကြောင်းလိုင်း၏ Boeing 737 အမျိုးအစား လေယာဉ်သည် အောက်တိုဘာ ၂၉ ရက်က ဂျကာတာမြို့တော်မှ ပျံတက်ပြီး မကြာမီ လေကြောင်းထိန်းသိမ်းရေး မျှော်စင်နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ လူပေါင်း ၁၈၈ ဦး စီးနင်း လိုက်ပါသွားသည့် လေယာဉ်သည် ပင်လယ်ထဲ ပျက်ကျ သွားခြင်းဟု တာဝန်ရှိသူများက ဝန်ခံခဲ့သည်။

Read more

အောင်လအန်ဆန် MMA လိုက်ဟဲဗီးဝိတ်ချန်ပီယံကာကွယ်ပွဲ ဂျပန်နိုင်ငံတွင် ယှဉ်ပြိုင်မည်

လာမည့်နှစ် မတ်လတွင် ဂျပန်နိုင်ငံ၌ ယှဉ်ပြိုင်မည့် MMA (One Championship) လိုက် ဟဲဗီးဝိတ် ချန်ပီယံ ကာကွယ်ပွဲတွင် မည်သည့် ရလဒ်ထွက်ပေါ်သည် ဖြစ်စေ ချန်ပီယံခါးပတ်ကို လွှဲပေးမည်ဟု  အောင်လအန်ဆန်က ပြောသည်။ 

Read more

ကင်းပါဝါကွင်းအပြင်ဘက် ရဟတ်ယာဉ်ပျက်ကျမှုတွင် အသင်းပိုင်ရှင် ဗီချိုင်းသေဆုံးခဲ့ကြောင်း လက်စတာ အတည်ပြု

စနေနေ့က လက်စတာနဲ့ ၀က်စ်ဟမ်းတို့(၁)ဂိုးစီ သရေကျတဲ့ပွဲအပြီး တစ်နာရီအကြာ ကင်းပါဝါကွင်းအပြင်ဘက် ရဟတ်ယာဉ်ပျက်ကျမှုမှာ အသင်းပိုင်ရှင် ဗီချိုင်းသေဆုံးခဲ့တယ်လို့ လက်စတာ အသင်း က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

စနေနေ့က ရဟတ်ယာဉ်ပျက်ကျမှုမှာ ဗီချိုင်းအပါအ၀င် သူ့ရဲ့ဝန်ထမ်း(၂)ဦး၊ လေယာဉ်မှူးနဲ့ အခြားသူတစ်ဦးတို့ သေဆုံးခဲ့ရပါတယ်။ လက်စတာရှိုင်းယားရဲအဖွဲ့က သေဆုံးသူတွေဟာ လက်စတာအသင်းပိုင်ရှင်ဗီချိုင်း၊ သူ့ရဲ့ ၀န်ထမ်း(၂)ဦးဖြစ်တဲ့ ဆက်နာမိုင်နဲ့ ပန်ပါရီ၊ လေယာဉ်မှူးအဲရစ်နဲ့ သူ့ရဲ့ပါတနာလီချိုဝစ်ဇ်တို့ဖြစ်တယ်လို့ ဆိုပါတယ်။ လက်စတာအသင်းက ဗီချိုင်းမိသားစု၊ ရဟတ်ယာဉ်ပေါ် ပါသွားတဲ့မိသားစုတွေနဲ့အတူ ပြောမထွက်နိုင်အောင် ဆိုးရွားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Read more

စစ်မှုထမ်းကင်းလွတ်ခွင့်ရစေရန် မှတ်တမ်းအတုများ တင်သွင်းခဲ့ဟု တောင်ကိုရီးယားလက်ရွေးစင်ဝန်ခံ

စစ်မှုထမ်းကင်းလွတ်ခွင့် ရစေရန် လူမှုရေးလုပ်ငန်းဆိုင်ရာ မှတ်တမ်းအတုများတင်သွင်းခဲ့ ကြောင်း ၀န်ခံပြီးနောက် နောက်ခံ လူဂျန်ဟွန်ဆိုးသည် လာမည့်လတွင် ကစားမည့်နိုင်ငံတကာပွဲ စဉ်များမှ နုတ်ထွက်ခဲ့သည်ဟု တောင်ကိုရီးယား ဘောလုံးအဖွဲ့ ချုပ်(KFA)က ပြောသည်။

အသက်(၁၈)နှစ်မှ (၂၈)နှစ် အကြားရှိ ကျန်းမာသန်စွမ်းသူ တောင်ကိုရီးယားအမျိုးသားတိုင်း ၂၁ လမဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်သော်လည်း အိုလံပစ်နှင့် အာရှအားကစားပြိုင်ပွဲရွှေတံဆိပ် ဆုရှင်များကို စစ်မှုထမ်း ကင်းလွတ်ခွင့်ပေးထားသည်။

Read more

Race One မော်တော်ဆိုင်ကယ်စီးပြိုင်ပွဲတွင် ဂျွန်နသန်ရေး ချန်ပီယံဆု ရရှိ

ကာတာနိုင်ငံ  လိုဆန်အီမြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့က ကျင်းပတဲ့ Race One မော်တော်ဆိုင်ကယ်စီး ပြိုင်ပွဲမှာ ဂျွန်နသန်ရေးက ဒေါက်ပိုလန်ရဲ့ ၁၉၉၁ ခုနှစ် စံချိန်နဲ့ ယှဉ်ပြိုင်ပြီး ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။

ဗြိတိန်နိုင်ငံသား အသက် ၃၁ နှစ်  ဂျွန်နသန်ရေးဟာ အခုအောင်ပွဲနဲ့ဆိုရင် ၁၁ ကြိမ်မြောက် ဆက်တိုက်နိုင်ပွဲ ဆက်တာလည်း ဖြစ်ပါတယ်။

Read more

လက်ယာစွန်းဝါဒီ ဘော်ဆိုနာရိုက ဘရာဇီးရွေးကောက်ပွဲမှာ သမ္မတအဖြစ် ရွေးကောက်ခံရ

ဆော်ပေါလို၊ အောက်တိုဘာ ၂၉

လက်ယာစွန်းဝါဒီဖြစ်ပြီး စစ်သားဟောင်းတစ်ဦးလည်း ဖြစ်တဲ့ ဂျယားဘော်ဆိုနာရိုဟာ အောက်တိုဘာ ၂၈ ရက်က ဘရာဇီးနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိသွားပါတယ်။

လက်တင်အမေရိကရဲ့ အကြီးဆုံးနိုင်ငံဖြစ်တဲ့ ဘရာဇီးမှာ လက်ဝဲ၀ါဒီကိုယ်စားလှယ်လောင်း ဖာနန်ဒိုဟက်ဒက် အပေါ် ဘော်ဆိုနာရိုရဲ့ အောင်မြင်မှုဟာ နိုင်ငံကို လက်ယာဝါဒနဲ့ အုပ်ချုပ်သွားဖို့ကို ဦးတည်စေတော့တာပဲ ဖြစ်ပါတယ်။

Read more

၂၀၁၉ ရွေးကောက်ပွဲမတိုင်မီ ထိုင်းအတိုက်အခံပါတီက ခေါင်းဆောင်သစ်များ ရွေးချယ်တင်မြှောက်

၂၀၁၉ တွင် ကျင်းပရန် မျှော်မှန်းထားသည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ အဓိက အတိုက်အခံပါတီ Puea Thai Party က တနင်္ဂနွေနေ့တွင် ဘန်ကောက်မြို့ရှိ ရုံးချုပ်၌ ရာချီသော ပါတီအဖွဲ့ဝင် များကို ဖိတ်ခေါ်၍ ပါတီခေါင်းဆောင်သစ်များ ရွေးချယ်တင်မြှောက်ခဲ့သည်။

၂၀၁၄ မေလတွင် Puea Thai Party ပါတီ ဦးဆောင်သော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်အစိုးရကို ဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းကတည်းက ထိုင်းနိုင်ငံ ၌ နိုင်ငံရေးလှုပ်ရှားမှုများကို တား မြစ်ထားသည်။

Read more

အိန္ဒိယရုပ်သံအစီအစဉ်များ ပါကစ္စတန်ပိတ်ပင်

ပါကစ္စတန်နိုင်ငံက ရုပ်သံလိုင်းတွေမှာ အိန္ဒိယရုပ်မြင်သံကြားအစီအစဉ်တွေကို ထုတ်လွှင့် မှု တားမြစ်တဲ့ အမိန့်တရပ်ကို ပါကစ္စတန် တရားရုံးချုပ်က စနေနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အရင်က အောက်တရားရုံးက ချမှတ်ထားတဲ့အမိန့်ကိုပဲ တရားရုံးချုပ်က ထပ်မံအတည်ပြု လိုက်တာဖြစ်တယ်လို့ ပါကစ္စတန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

Read more

မိုင်းရယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

 

မိုင်းရယ်၊ အောက်တိုဘာ ၁၉

Read more